သဘာဝပြောင်းလဲမှုကြောင့် ကားအရွယ်အစားရှိ ဧရာမနကျယ်အုံကြီးတွေ ထူးဆန်းစွာဖြစ်ပေါ်

Alabama Cooperative Extension System

အမေရိကန် အယ်လ်ဘားမားပြည်နယ်တစ်ခွင်မှာ ကားတစ်စီးအရွယ်အစားရှိတဲ့ နကျယ်အုံကြီးတွေ ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်နေကြပါတယ်။ တစ်ချို့နကျယ်အုံတွေကတော့ ဧရာမဗန်းကြီးတစ်ချပ်လောက် အရွယ်အစားဖြစ်ပြီး-

တစ်ချို့ကတော့ Volkswagen Beetle အမျိုးအစား လိပ်ခုံးကားတစ်စီး အရွယ်အစားလောက် ရှိပါတယ်။ နကျယ်အုံတစ်ခုတိုင်းမှာ နကျယ်အကောင်ရေ (၁၅၀၀၀)လောက်အထိ ရှိနိုင်ပြီး၊ သာမန်နကျယ်အုံတွေရဲ့ ပုံစံမျိုးမဟုတ်ပါဘူး။

Alabama Cooperative Extension System

အင်းဆက်နဲ့ ဇီဝဗေဒကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့ Entomologist တွေကတော့ ဆောင်းရာသီဘက်ကို မသိမသာတိမ်းတဲ့ ကူးပြောင်းမှုနဲ့၊ အစားအစာရင်းမြစ် ကြီးမားတဲ့အထောက်အပံ့တွေရဲ့ အကျိုးသက်ရောက်မှုက အခုလို ကြီးမားတဲ့ နကျယ်ကိုလိုနီတွေကို ဖြစ်စေတာလို့ ပြောပါတယ်။

 Alabama Cooperative Extension System အဖွဲ့အစည်းရဲ့အဆိုအရတော့ ဒီနကျယ်အုံတွေဟာ ဘုရင်မနကျယ်ကောင် သေဆုံးခြင်း စတဲ့အပြောင်းအလဲကြောင့် နကျယ်အုံပေါ်မှာ သက်ရောက်မှုအလွန်နည်းပြီး၊ နကျယ်ဘုရင်မတွေ မြောက်များစွာ ပါဝင်နေတာကလည်း ထူးခြားချက်လို့ ပြောပါတယ်။

ACES မှ ပညာရှင်တစ်ဦးဖြစ်တဲ့ Charles Ray ကတော့ ဒီလိုအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ (၂၀၀၆)ခုနှစ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ဆင်တူနေကြောင်း၊ ထိုစဉ်တုန်းကလည်း ဧရာမနကျယ်အုံကြီးတွေ အမြောက်အများ တွေ့ရှိခဲ့ရပြီး၊ နကျယ်အုံ (၉၀)လောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

Alabama Cooperative Extension System

Ray က အယ်လ်ဘားမားမှာ နကျယ်အုံတွေ ဒီထက်ပိုများများ ပေါ်လာဖို့ရှိပြီး၊ လောလောဆယ်တော့ အလွန်ကြီးမားတဲ့ နကျယ်အုံကြီးနှစ်ခု တွေ့ရှိထားပြီးပြီလို့ ပြောပါတယ်။ နောက်ပြီး ဒီလို နကျယ်အုံတွေကို ဖယ်ရှားမယ်ဆိုပါက တကယ်ကျွမ်းကျင်တဲ့ လိုင်စင်ရရှင်းလင်းရေးသမားမျိုးနဲ့သာ လုပ်သင့်ကြောင်း အကြံပေးထားပါတယ်။

လင်းသုတ (Shwemom)

SHARE