နေဝင်ချိန်ရောက်လုနီး ခွေးမလေးကို ကြင်နာစွာစောင့်ရှောက်နေတဲ့ သခင်မ

ခွေးချစ်သူ ဂျေမီဟော့တ်ဟာ သူမရဲ့ အ၀ါရောင်ခွေးလေးဂျုံးနီမှာ အသက်ရှင်နေထိုင်ဖို့ အချိန်သိပ်မကျန်တော့တာကို သိရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဂျုံးနီဟာ အသက်(၁၆)နှစ်ပြည့် မွေးနေ့ကိုကျင်းပခဲ့ပါတယ်။ ခွေးတစ်ကောင်အတွက်တော့ ဒီအရွယ်ဟာ အသက်ရှည်ပြီး တော်တော်အသက်ကြီးနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

Jamie Holt
Jamie Holt

ဟော့တ်က ပြီးခဲ့တဲ့(၁၁)နှစ်အတွင်း ဂျုံးနီကို အိမ်မှာပဲချက်ပြုတ်ကျွေးမွေးခဲ့တာဖြစ်ပြီး ဒီအချက်ကြောင့် ဂျုံးနီဟာ အသက်ရှည်တာဖြစ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ ခွေးမလေးဟာ ဟော့တ်ဆီကို(၆)ပတ်သားအရွယ်ကတည်းက ရောက်လာခဲ့တာပါ။ ပြီးခဲ့တဲ့(၁၆)နှစ်ခွဲလုံးလုံး ဂျုံးနီဟာ ဟော့တ်နဲ့အတူတူရှိနေခဲ့ပြီး သူမက ဂျုံးနီကို ကလေးလေးလိုသဘောထားပြီး မွေးမြူခဲ့တာဖြစ်ပါတယ်။

Jamie Holt

ဟော့တ်ဟာ သူမအသက်(၁၄)နှစ်ကတည်းက သေသွားခဲ့တဲ့ အမေနာမည်နဲ့ ခွေးမလေးကို အမည်ပေးထားခဲ့တာပါ။ ဂျုံးနီကသူမကို အမေကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ရတယ်ဆိုတာကို သင်ပေးတဲ့အကြောင်း ဟော့တ်ကဆိုပါတယ်။

Jamie Holt
Jamie Holt

အခုဆိုရင်တော့ အိုလာပြီဖြစ်တဲ့ဂျုံးနီဟာ ကျန်းမာရေးသိပ်မကောင်းတော့ပါဘူး။ အရေပြား ယားယံတာတွေ၊ အဆုပ်ယောင်တာနဲ့ ငမ်းဆွဲသလိုတွေ ဖြစ်လာနေပါပြီ။ လမ်းလည်း ကောင်းကောင်းမလျှောက်နိုင်တော့တာကြောင့် ဟော့တ်က ခွေးမလေးကို မကြာခဏဆိုသလို ခြံပြင်ကို ခေါ်ထုတ်လာလေ့ရှိပါတယ်။

Jamie Holt
Jamie Holt

နောက်ဆုံးအချိန်ရောက်တော့မယ့် ဂျုံးနီိကို သက်တောင့်သက်သာပဲ အသက်ထွက်စေလိုကြောင်း ဟော့တ်ကဆိုပါတယ်။ ခြံထဲနေသာတဲ့နေရာမှာ ဂျုံးနီကို ခွေးအိပ်ရာလေးနဲ့ နေပူဆာလှုံခိုင်းလေ့ရှိပြီး ကုတ်အင်္ကျီလးပါ ၀တ်ပေးထားလေ့ရှိပါတယ်။

Jamie Holt
Jamie Holt

ဂျုံးနီက နေရောင်အောက်မှာလှဲပြီး မျက်လုံးတစ်ဝက်တစ်ပျက်ဖွင့်ပြီး လေရှူရတာကို နှစ်သက်ကြောင်း ဟော့တ်ကဆိုပါတယ်။ သခင်ဖြစ်သူ ဟော့တ်က သူမနဲ့နှစ်ပေါင်းအတော်ကြာအောင် သံယောဇဉ်တွယ် နေထိုင်လာပြီး သားသမီးလိုဖြစ်နေတဲ့ ဂျုံးနီကို ဝေဒနာပြင်းပြင်းထန်ထန် မခံစားရပဲ ငြိမ်းငြိမ်းချမ်းချမ်းထွက်ခွာသွားနိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။

လင်းလင်း (ShweMom)

SHARE