B.I နဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာလိုက်တဲ့ YG

iKON အဖွဲ့ဝင် B.I  ရဲ့ တရားမဝင်ဆေး ဝယ်ယူမှုသတင်းထွက်လာတဲ့နောက် သူရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ YG Entertainment က နှစ်ဦးနှစ်ဖက် သဘောတူချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့အကြောင်းကို အသိပေးခဲ့တာဖြစ်ပါတယ်။

from hanbin instagram

 

from hanbin instagram

YG Entertainment ကတော့ ဒီအကြောင်းကို စာထုတ်ပြီးမီဒီယာတွေနဲ့ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ စာချုပ်ဖျက်သိမ်းလိုက်မှာဖြစ်တဲ့အပြင် B.I ဟာ iKON  အဖွဲ့ကနေ နှုတ်ထွက်မယ့်အကြောင်းကိုပါ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

အချိန်တိုအတွင်းမှာပဲ YG Entertainment ရဲ့ ရှယ်ယာဈေးတွေက ကျွမ်းထိုးမှောက်ခုံဖြစ်နေပြီဖြစ်ပါတယ်။ B.I ကတော့ ဒီကိစ္စမဖြစ်ခင်က သူပါဝင်ခဲ့တဲ့ variety shows တွေကနေလည်း သူ့ရဲ့ အခန်းတွေ ဖြတ်ထုတ်ခြင်း ခံရမှာဖြစ်ပါတယ်။

Source: Koreaboo

SHARE