(၂၀၂၀)မှာ အယ်ဘမ်သစ်ထွက်ရှိမယ့် BLACKPINK

Image:IG/ BLACKPINK

BLACKPINK ကတော့ မသိသူ မရှိတဲ့ နာမည်ကြီး အမျိုးသမီး K Pop အဖွဲ့ပါ။ YG Entertainment က ဖွဲ့ စည်း ပေးလိုက်တာဖြစ်ပြီး Jisoo, Jennie, Rosé,  Lisa ဆိုပြီး အဖွဲ့ ၀င် (၄) ယောက်ရှိပါတယ်။လေးယောက်လုံး ကလည်း အဆိုရော ရုပ်ရည်ပိုင်းမှာပါ လုံးဝ အပြစ် ပြောစရာ မရှိအောင် ပြည့်စုံလှပကြသူတွေပါ။သူတို့ အဖွဲ့ ကတော့ (၂၀၁၆) သြဂုတ် (၈)ရက်နေ့မှာ Square One အယ်ဘမ် နဲ့ ပွဲဦးထွက်ခဲ့ကြပါတယ်။လက်ရှိမှာတော့ အရမ်းကို အောင်မြင် နေခဲ့ပါပြီ။ “Kill This Love “ ၊ “Ddu-Du Ddu-Du”  ဆိုတဲ့ သီချင်းတွေဟာ ဆိုရင် ကြည့်ရှုနှုန်း အများဆုံး ဆိုတဲ့  စံချိန် တွေ ကိုပါ ချိုးနိုင်တဲ့ အထိ အောင်မြင်ခဲ့ပါတယ်။

Image:IG/BLACKPINK

 

View this post on Instagram

 

A post shared by LISA (@lalalalisa_m) on

BLACKPINK  ရဲ့ သီချင်းသစ်တွေကို ထပ်ပြီး မျှော်နေကြတဲ့ ပရိသတ်တွေ အတွက်တော့ သတင်းကောင်းရှိပါတယ်။ BLACKPINK ဟာ သီချင်းသစ်တွေ သွင်းနေပြီး (၂၀၂၀) အစောပိုင်းလောက်ကျရင် သီချင်းသစ်တွေနဲ့ ပရိသတ်ရှေ့ကို ပြန်လာတော့မယ်ဆိုတဲ့ သတင်းတွေ ဒီဇင်ဘာ (၂၉) မှာ ထွက်ရှိခဲ့ပါတယ်။သတင်းထွက်ပြီး သိပ်မကြာခင်မှာပဲ YG ဘက်က ကိုယ်စားလှယ်တစ်ယောက်က ပါ ဒီသတင်းမှန်ကန်ကြောင်း အတည်ပြုလိုက်ပါတယ်။

 

View this post on Instagram

 

이 비니 찜 @adidasoriginals

A post shared by J (@jennierubyjane) on

အယ်ဘမ်သစ် အတွက် သီချင်းသစ်တွေ သွင်းနေတယ်ဆိုတဲ့ သတင်းမှန်ကန်ပါတယ်။ဘယ်တော့ထွက်မလဲ ဆိုတဲ့  ရက် အတိအကျ ကိုတော့ ဆွေးနွေးတိုင်ပင်နေတုန်းပါ။အဲ့ဒီ အတွက် ပရိသတ်တွေ အနေနဲ့ နားလည် ပေးကြဖို့ တောင်းဆို ချင်ပါတယ်.. ဆိုပြီး ပြောခဲ့ပါတယ်။

 

View this post on Instagram

 

#CartierParty #JusteunClou 🖤

A post shared by JISOO (@sooyaaa__) on

အခု အသစ်ထွက်မယ့် အယ်ဘမ်ဟာ (၂၀၁၉) ဧပြီတုန်းက “KILL THIS LOVE” ဆိုတဲ့ မီနီအယ်ဘမ် ထွက်ပြီးနောက် ပိုင်း BLACKPINK ရဲ့ ပထမဆုံး အယ်ဘမ် ဖြစ်လာမှာပါ။ အယ်ဘမ်တစ်ခုနဲ့ တစ်ခုကြား  ထွက်ဖို့ အချိန်ကြာ ပေမယ့်လည်း အအောင်မြင်ဆုံး K-Pop group တွေထဲက တစ်ခုပါ။ဆုတွေ အများကြီးရခဲ့၊ဆန်ခါတင်စာရင်းတွေ ၀င်ခဲ့ သလို နိုင်ငံတကာ နဲ့ ပြည်တွင်းမှာလည်း ဖျော်ဖြေရေး  Tour တွေ အများကြီး လုပ်ခဲ့ပါတယ်။လက်ရှိမှာလည်း ဒီဇင်ဘာ ကနေ ဖေဖော်ဝါရီ အထိ ဂျပန်မှာ Tour လုပ် ဖို့ စီစဉ်ထားပါတယ်။

 

View this post on Instagram

 

🌊 @perfectworldmobile.kr 🌊

A post shared by ROSÉ (@roses_are_rosie) on

Source:Koreaboo

SHARE