David Beckhamကို ပြန်မတောင်းပန်တာကြောင့် ဝေဖန်ခံနေရတဲ့ YG Entertainment

koreaboo

BLACKPINKအဖွဲ့ကတော့ ပစ္စည်းပရိုမိုးရှင်းပွဲကို တက်ရောက်ရာမှာ နောက်ကျခဲ့တာကြောင့် David Beckham ကသူတို့ကို အကြာကြီးစောင့်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေကတော့ အင်တာနက်ပေါ်မှာ ပျံနှံ့နေပြီဖြစ်ပါတယ်။ အဲဒီပရိုမိုးရှင်းပွဲမှာတော့ David Beckham က ဓါတ်ပုံရိုက်ခံပြီး အင်တာဗျူးပြီးတဲ့အချိန်မှာ BLACKPINK နဲ့တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ BLACKPINK က ပွဲကို မိနစ် ၂၀ ကျော် နောက်ကျပြီး ရောက်လာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

twitter/koreaboo
 အဒါကြောင့် David Beckham နဲ့ BLACKPINK တို့ကို ကြည့်ဖို့ လာရောင်စောင့်ဆိုင်းကြတဲ့ ပရိသတ်တွေက ပွဲကနေ အုပ်စုလိုက်ပြန်သွားခဲ့ကြပါတယ်။ ဒီအကြောင်းအရာကတော့ ချက်ချင်းဆိုသလို ပရိသတ်တွေကြား ပျံနှံ့သွားခဲ့ပြီး BLACKPINK ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment ကတော့ ဘာမှပြန်လည်တုံ့ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့
BLACKPINK ရဲ့ ပရိသတ်တွေကတော့ BLACKPINKအဖွဲ့ဝင်လေးယောက်လုံး ပွဲကို အချိန်မှီရောက်နေခဲ့တဲ့ အကြောင်းကို ဓါတ်ပုံသက်သေတွေနဲ့တကွ  ဖေါ်ပြခဲ့ပါတယ်။

 

READ
လိင်ပိုင်းဆိုင်ရာစော်ကားမှု တိုက်ဖျက်ရေးအဖွဲ့ကို ($1.4 M) လှူလိုက်တဲ့ Emma Watson
twitter/koreaboo

ပွဲစီစဉ်သူကလည်း ပရိုမိုးရှင်းပွဲရဲ့ အဓိကအကြောင်းအရင်းက မြုပ်သွားခဲ့ပြီး လူတွေက BLACKPINK နောက်ကျရောက်လား၊စောရောက်လားပဲ စိတ်ဝင်စားနေကြလို့ စိတ်ပျက်မိတဲ့အကြောင်းကိုပြောခဲ့ပါတယ်။ ပရိသတ်တွေကတော့ YG ဘက်ကနေ ဖြေရှင်းချက်ထုတ်ပေးဖို့စောင့်မျှော်နေကြပါတယ်။

twitter/koreaboo

Source: Koreaboo

SHARE