BLACKPINK solo album နဲ့ပတ်သက်ပြီး သတင်းသစ် ထုတ်ပြန်လိုက်တဲ့ YG Entertainment

ig/@blackpinkcofficial

BLACKPINK အဖွဲ့ဝင်တွေရဲ့ solo project အစီအစဉ်နဲ့ပတ်သက်တဲ့သတင်းကို YG Entertainment ကနေပြီး သတင်းသစ်ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ June 1 ရက်နေ့ ဒီကနေ့မှာတော့ YG Entertainment က သူတို့ရဲ့ official blog မှာခုလို ကြေညာထားခဲ့တာပါ “ROSE ရဲ့ solo album က ပြီးသွားခဲ့ပြီဖြစ်ပြီး အခုဆိုရင် ထွက်ဖို့အဆင်သင့်ဖြစ်နေပါပြီ LISA ကတော့ သူ့ရဲ့ solo song အတွက် အသံသွင်းမှု ပြီးစီးသွားပြီဖြစ်ပြီးတော့ JISOO ကတော့ လက်ရှိမှာ ပြင်ဆင်မှုတွေနဲ့ အလုပ်ရှုပ်နေပါတယ်” ဆိုပြီး ပြောကြားထားပါတယ်။

BLACKPINK အဖွဲ့ဝင် သုံးယောက်ရဲ့ solo song တွေကို လာမယ့် September မှာ စတင်ထွက်ရှိလာမှာဖြစ်ပြီးတော့ အဲ့နောက်မှာတော့ BLACKPINK ရဲ့ ပထမဆုံး solo album တစ်ခွေလုံး ထွက်ရှိလာမှာပဲ ဖြစ်ပါတယ်။

READ
Lee Joon Ki နဲ့ Jeon Hye Bin တို့ လမ်းခွဲ…

 

 

View this post on Instagram

 

Blackpink in your area 💕 #blackpink #jisoo #jennie #rosé #lisa

A post shared by BLΛƆKPIИK 블랙핑크 🇰🇷 (@blackpinkcofficial) on

နောက်ပြီး BLACKPINK ရဲ့အခွေနဲ့ပတ်သက်ပြီး ကြန့်ကြာမှုတွေ ရှိခဲ့တဲ့အပေါ်လည်း နားလည်ပေးဖို့ကို ပြောကြားထားပြီးတော့ ပရိတ်သတ်တွေရဲ့ ထောက်ခံအားပေးမှုနဲ့ ချစ်ခင်ပေးမှုတွေကိုလည်း ကျေးဇူးတင်ကြောင်း YG Entertainment ရဲ့ ကြောညာချက်မှာ ပြောကြားထားပါသေးတယ်။ နောက်ဆုံးမှာတော့ ပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေတဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ solo album လေး ထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်နော်။

READ
ချစ်သူ Joe Alwyn ဆီက မွေးနေ့လက်ဆောင်ရခဲ့တဲ့ Taylor Swift

Khin

SHARE