Lady Gaga နဲ့ BLACKPINK Collab လုပ်မယ်ဆိုတဲ့ သတင်းအပေါ် YG တုံ့ပြန်

Image: IG/BLACKPINK & Lady Gaga

BLACKPINK က တော့ ကိုရီးယားရဲ့ နာမည်ကြီး K Pop အဖွဲ့ တစ်ဖွဲ့ပါ။ကမ္ဘာတစ်ဝန်းမှာပါ Fan တွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။အွန်လိုင်းပေါ်မှာတော့ BLACKPINK  နဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ထွက်နေပါတယ်။Lady Gaga နဲ့ BLACKPINK  Collab လုပ် မယ် ဆိုတဲ့ သတင်းပါ။ Lady Gaga ရဲ့ မကြာခင် ထွက်ရှိတော့မယ့် Chr omatica မှာ BLACKPINK  Collab သီချင်းတစ်ပုဒ် ပါဝင် သွားမယ်ဆိုပြီး သတင်းထွက်နေ ပါတယ်။

Image:IG/Lady Gaga

ဒါပေမယ့် ဒီသတင်းက ကောလာဟလ သာဖြစ်ပြီး အတိအကျ တော့ မဟုတ်ပါဘူး။အပြင်မှာ ပျံ့ နေတဲ့ Lady Ga ga နဲ့ BLACKPINK  Collab  လုပ်မယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမှန်ဟုတ်မ၊မဟုတ်ဆိုတာကို YG က အခုလို တုံ့ပြန်ခဲ့ပါတယ်။”BLACKPINK   ကတော့ လက် တလောမှာ Project တွေ အများကြီး လုပ် နေပါတယ်။ဒီသတင်းနဲ့ ပတ်သက်ပြီးအတိအကျ ပြောဖို့ ကတော့ ခက်ပါတယ်။ဒါကြောင့် တရားဝင် ကြေညာချက်ကို စောင့်ပေးကြပါ..” ဆိုပြီး ပြောခဲ့ပါတယ်။

READ
'Coffee Prince' တည်းက Gong Yoo ကို သဘောကျခဲ့တာပါဆိုတဲ့ Kim Goeun
Image: IG/BLACKPINK
Image: IG/Lady Gaga

Lady Gaga ရဲ့ ပြီးခဲ့တဲ့ အယ်ဘမ်မှာ executive producer အဖြစ် လုပ် ပေးခဲ့တဲ့ BloodPop က Instagram မှာ BLACKPINK  အဖွဲ့ ၀င် တွေ ကို လာ ပြီး Follow လုပ် ခဲ့ရာကနေ ဒီသတင်းထွက်ခဲ့တာပါ။Chromatica  ကတော့ Lady Gaga ရဲ့ (၆) ခု မြောက်အယ်ဘမ် ပါ။(၂၀၂၀) ဧပြီ (၁၀) ရက်နေ့ကျရင် ထွက်ရှိမှာပါ။

 

View this post on Instagram

 

“STUPID LOVE” THE NEW SINGLE & MUSIC VIDEO  OUT NOW  #StupidLove #ShotOniPhone

A post shared by Lady Gaga (@ladygaga) on

Source:Koreaboo/wiki

SHARE