YG Entertainment ရဲ့ Artist တွေအတွက် ချမှတ်တဲ့ ထူးထူးဆန်းဆန်း စည်းမျဉ်းများ

IG/blackpinkofficial

အောင်မြင်ကျော်ကြာတဲ့ အနုပညာရှင်ဘဝတွေက အရာရာ ပျော်ရွှင်စရာချည်းလို့ ထင်ရပေမယ့်လည်း လက်တွေ့မှာတော့ ကိုယ့်စိတ်အတိုင်း လုပ်ခွင့်မရကြပါဘူး။ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီနေထိုင်ရင်း အောင်မြင်မှုတွေကို ရရှိခဲ့ကြတာပါ။ အောင်မြင်သွားလို့လည်း အေဂျင်စီရဲ့ စည်းမျဉ်းတွေကို လွန်ဆန်လို့တော့ မရကြပါဘူး။

YG Entertainment မှာ ရှိနေတဲ့ အနုပညာရှင်တွေလည်းပဲ ဒီစည်းမျဉ်းတွေကို လိုက်နာကြရပါတယ်။ Koreaboo ကနေ ဖော်ပြထားခဲ့တဲ့ YG Entertainment အောက်မှာ ရှိတဲ့ Winner, Black Pink နဲ့ Big Bang စတဲ့ Idol အဖွဲ့တွေအပြင် အနုပညာရှင်တွေ လိုက်နာရတဲ့ စည်းမျဉ်း ၅ ခုကတော့…

(၁) Plastic Surgery မပြုလုပ်ရ

YG Entertainment ကတော့ သူတို့ရဲ့ အနုပညာရှင်တွေကို မျက်နှာအလှပြင်ခွဲစိတ်မှုတွေကို ပြုလုပ်ခွင့် မပေးထားပါဘူး။ ဒီလို စည်းမျဉ်းကတော့ trainees အဖြစ်ကနေ Artists ဖြစ်တဲ့အထိကို လိုက်နာရတဲ့ စည်းမျဉ်းပဲ ဖြစ်ပါတယ်။ သဘာဝအလှတွေကိုပဲ ဦးစားပေးစေချင်တာ ဖြစ်ပါတယ်။

READ
ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း Billboard Top Ten ဝင် သီချင်းကောင်းများ

https://www.instagram.com/p/BwB6JsjHe-t/

(၂) တက်တူး မထိုးရ

သူတို့ရဲ့ ခွင့်ပြုချက် မရှိဘဲ လုံးဝ လုပ်ခွင့်မပြုတဲ့ အရာတစ်ခုကတော့ တက်တူးထိုးခြင်း ဖြစ်ပါတယ်။

(၃) အရက်၊ ဆေးလိပ် မသောက်သုံးရ

Radio Star ဆိုတဲ့ အစီအစဉ် တစ်ခုမှာ Black Pink အဖွဲ့ ပါဝင်ခဲ့စဉ်က အရက်နဲ့ ဆေးလိပ်သောက်သုံးခြင်းကိုလည်း သူတို့ရဲ့ မလုပ်ရဆိုပြီး ကန့်သတ်တဲ့ စည်းမျဉ်းထဲ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

https://www.instagram.com/p/BiWPnq1guQ-/

(၄) ဒိတ်မလုပ်ရ

Radio Star အစီအစဉ်မှာပဲ Jisoo မျှဝေခဲ့တဲ့ အချက်တစ်ခုကတော့ သူတို့ YG မှာ Trainee တွေကိုတောင် ယောင်္ကျားလေး မိန်းကလေး သက်သက်စီ ခွဲထားကြောင်းနဲ့ ထမင်းစားချိန်တွေတောင်မှ ခွဲထားတယ်လို့ ဆိုပါတယ်။ (ဒါပေမယ့် EXO’s Kai နဲ့ Jennie တို့ ဒိတ်လုပ်ဖူးတဲ့ သတင်းတော့ ထွက်ခဲ့ဖူးပါတယ်။)

READ
M4L ဟက်ကာ အဖွဲ့ရဲ့ သတိပေးခြင်း ခံလိုက်ရတဲ့ Wai Yan Tun Min (Joker)

(၅) ကားမောင်းခွင့် မရှိ

Black Pink အဖွဲ့ဝင်ဖြစ်တဲ့ Rose ကလည်း သူမအတွက် ယာဉ်မောင်းလိုင်စင် ရဖို့တောင် ခွင့်မပြုထားဘူးလို့ ပြောခဲ့ပြီး Winner အဖွဲ့က Mino ကလည်း တကယ်လို့ ကိုယ့်ဘာသာ ကားဝယ်ချင်ရင်တောင် စိတ်ကြိုက်ဝယ်လို့ မရကြောင်းနဲ့ ကုမ္ပဏီဆီက ခွင့်ပြုချက်ကို တောင်းပြီး ခွင့်ပြုမှသာ ဝယ်ခွင့် ရှိတာမျိုး လို့ ပြောခဲ့ပါသေးတယ်။

လွတ်လွတ်လပ်လပ် မရှိတဲ့ စည်းမျဉ်းတွေလို့ မြင်နိုင်ကြပေမယ့် artist တွေကတော့ လက်ခံရင်းနဲ့ သူတို့ရဲ့ အနုပညာအလုပ်လုပ်တွေကို လုပ်နေကြပါတယ်။

Kham

SHARE