ချစ်စရာအကောင်းဆုံး သတို့သမီးလေးအဖြစ် တွေ့ရတဲ့ ယဉ်လတ်

ဖိုက်တင်မင်းသမီးတစ်ယောက်အဖြစ် လူသိများတဲ့ သရုပ်ဆောင်၊မင်းသမီးတစ်ယောက်ဖြစ်တဲ့ ယဉ်လတ်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူလေးတစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားတွေကို မနားတမ်းရိုက်ကူးနေရတဲ့ ယဉ်လတ်ကတော့ ဖေစ်ဘုတ်ပေါ်ကနေလည်း ပရိသတ်တွေနဲ့ အချိန်ပေးပြီး ဆက်သွယ်လေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ယဉ်လတ်ကတော့ ဒီကနေ့မှာလည်း ဓါတ်ပုံ အသစ်တွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားပါသေးတယ်။ မင်္ဂလာသတို့သမီး ဝတ်စုံလေးနဲ့ လှနေတဲ့ ယဉ်လတ်ကတော့ သူမရဲ့ ထူးခြားတဲ့နေ့လေးဆိုပြီးတော့ တင်ပေးထားတာဖြစ်ပါတယ်။

ယဉ်လတ်ကို အားပေးကြတဲ့ ပရိသတ်တွေအတွက်ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ယဉ်လတ်ရဲ့ ဓါတ်ပုံလေးတွေကို သဘောကျရဲ့လား ပရိသတ်ကြီးရေ။

Source: Yin Let

SHARE