အိမ်ထောင်ရေး သုခတိုးပွားစေမယ့် ယောဂလေ့ကျင့်ခန်းများ

ယောဂလေ့ကျင့်ခန်းဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာရုံတင်မကပါဘူး၊ ဘဝရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်တက်စေပါတယ်။ ဒါတင်မကသေးဘဲ အိမ်ထောင်ရေးသုခကိုလည်း တိုးပွားစေနိုင်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ယောက်ျားကောင်း၊ ဇနီးကောင်းတွေ ဖြစ်စေပါတယ်။ ဒါပေမယ့် ဒီကောင်းကျိုးတွေ ခံစားရဖို့အတွက် အိမ်ထောင်ရေး သုခတိုးပွားစေမယ့် ယောဂလေ့ကျင့်ခန်းတွေကို Shwemom ရဲ့ အိမ်ထောင်သည်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) Plank

Yoga

Plank လုပ်နည်းဟာ ဒိုက်ထိုးတဲ့ လေ့ကျင့်ခန်းနဲ့ ဆင်တူပေမယ့် ဒီနည်းမှာတော့ တံတောင်ဆစ်၊ ခါး၊ တင်ပါးနဲ့၊ ခြေထောာက်အဖျားတွေကို ဆုံချက်သဘောမျိုး ဟန်ချက်ညီစွာထားပြီး လုပ်တဲ့နည်းဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ဆယ်ကြိမ်မှ အကြိမ်(၃၀)ခန့်အထိ နားနားနေနေ လုပ်ပေးခြင်းဖြင့် ထူးခြားတဲ့ အိမ်ထောင်ရေးစွမ်းဆောင်ရည်ကို ရရှိမှာပါ။

(၂) Upward Dog

Yoga

Upward Dog လုပ်နည်းက ရိုးရှင်းပေမယ့် လုပ်ရတာနည်းနည်းတော့ လက်ဝင်တယ်ဆိုရမှာပါ။ အရင်ဆုံးခန္ဓာကိုယ်ကို V မှောက်လျက်ပုံစံ ကြမ်းပြင်ဆီ ကွေးချလိုက်ပါ။ ဆုံချက်က ခါးနဲ့ လက်ဖဝါးတွေ၊ ချေဖြားတွေ ဖြစ်ပါတယ်။ ယင်းနောက် ခါးကို ရှေ့သို့ကော့လိုက်ပြီး၊ ဦးခေါင်းဟာ လက်မောင်းတွေနဲ့ တစ်ပြေးတည်းဖြစ်နေရပါမယ်။

ထိုအနေအထားကနေ V မှောက်လျှက်ပုံစံဖြစ်အောင် ခါးကို အားပြုပြီး ဖြည်းဖြည်း ပြန်ထတဲ့ ယောဂဖြစ်ပါတယ်။ လက်ကိုကြမ်းပြင်မှာ ထောက်လျက်အနေအထားနဲ့ လက်ကုန်ဆန့်ပြီး၊ ကျောနဲ့လက်မောင်းတွေဟာ တစ်ပြေးတည်းဖြစ်နေရပါမယ်။

(၃) Butterfly

Yoga

Butterfly ယောဂကလည်း လွယ်ကူပါတယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်လျှက်အနေအထားနဲ့ ခြေထောက်နှစ်ဘက်ကို ကွေးပြီး၊ ခြေဖျားချင်းကပ်ထားပါ။ ပေါင်နှစ်ချောင်းဟာ လိပ်ပြာတောင်ပံခတ်တဲ့ပုံစံမျိုးအနေအထားဖြစ်နေရမှာဖြစ်ပြီး၊ လက်တွေက ခြေဖျားတွေကို မတင်းမလျှော့လေးကိုင်ထားပါ။ မိနစ်ပိုင်းလောက် ကြာကြာထိုင်ပြီး၊ ခဏနားလိုက်၊ ပြန်လုပ်လိုက်နဲ့ ဆယ်ကြိမ်ခန့် ပြုလုပ်ပေးပါ။

(၄) Chill Out

Yoga

Chill Out ယောဂလုပ်နည်းကတော့ အမျိုးမျိုးရှိပါတယ်။ ဒူးကွေးပေါ်မှာ အလျားမှောက်လျက် ယောဂလုပ်နည်းလေးက ပိုပြီးရိုးရှင်းပါတယ်။ လူကို ဒူးဆစ်တုပ်ထိုင်လျှက်အနေအထားကနေ လက်နှစ်ဖက်ကို ခြေဖျားတွေဆီရောက်သည်အထိ ဆန့်ထုတ်လိုက်ပါ။ နဖူးက ကြမ်းပြင်ကို ထိစပ်နေရမှာဖြစ်ပြီး ဒီပုံစံအတိုင်း (၃)မိနစ်လောက် ငြိမ်သက်နေလိုက်ပါ။ ဒီနည်းဟာ အမျိုးသမီးတွေအတွက် အသုံးဝင်ပြီး တင်ပါးလျောခြင်း၊ ကျောအောင့်ခြင်းကို ပြေပျောက်စေပြီး၊ တင်ပါးကြောအတွင်း သွေးစီဆင်းမှုကို မှန်ကန်စေပါတယ်။

မဒီလေး (Shwemom)

SHARE