MV နဲ့ ပတ်သက်ပြီး ယုန်လေးအပါအ၀င် အနုပညာရှင်တစ်ချို့ ပြန်တောင်းပန်

Image:Fb/Yone Lay

အဆိုတော် ယုန်လေးက တော့ သူ့ရဲ့ MV နဲ့ ပတ်သက်ပြီး ပြန် တောင်းပန်ခဲ့ပါတယ်။ယုန်လေးဖန်တီးထားတဲ့ ငါတို့ အားလုံးရဲ့မြေ … (စည်းလုံးသင့်ပြီ မြန်မာပြည်) ဆိုတဲ့ သီချင်းက တော့ အွန်လိုင်းပေါ်မှာ ရောက်ရင် ရောက်ချင်းပဲ ချက် ချင်း နာမည်ကြီးခဲ့ပါတယ်။ကောင်းတဲ့ နာမည်ကြီးတာမျိုးတော့ မဟုတ် ပဲ ဝေဖန်မှုတွေ ဖြစ်ပေါ် ခဲ့တာပါ။ဝေဖန် သံ တွေ အများကြီး ထွက်ပေါ် ခဲ့တဲ့ ဒီ MV နဲ့ ပတ်သက်ပြီး ယုန်လေးက တော့ ပရိသတ်တွေ ကို ပြန် တောင်း ခဲ့ပါတယ်။

Image:Fb/Yone Lay

“ကျွန်တော် ဒီသီချင်းလေး ကို အများကြီး အပင်ပန်းခံ စိတ်နှစ်ပြီး လုပ်ခဲ့တာတွေက အခုလို ဖြစ်သွားတာ အရမ်းစိတ် ထိခိုက်ပါတယ်ဗျာ .အနုပညာကို အနုပညာလိုပဲ မြင်ပေးပါဆိုတဲ့ စကားကိုမပြောတော့ပါဘူး . တကယ် ရူးသွတ် ထား တာပါ .ကျွန်တော့် မှာစည်းလုံးစေချင်တဲ့ ရည်ရွယ်ချက်ကလွဲပြီးကျန်တာ ဘာမှ မရှိပါဘူး .ဒီနေ့ ဒီသီချင်းလေး ကြောင့် စိတ်အနှောင့်ယှက် ဖြစ်သွားသူတစ်ယောက်စီ တိုင်း .ကျွန်တော် နဲ့ ခင်တဲ့ အနုပညာရှင်တစ်ချို့ရော ကျွန်တော့် ထက် ငယ်တဲ့ အနုပညာရှင်တွေရောကြီးတဲ့ အနုပညာရှင်တွေရောတခြား နယ်ပယ် အသီးသီးမှ လူအယောက်စီတိုင်း စိတ် အနှောင့်ယှက်ဖြစ်သွားရင်တကယ် တောင်းပန်ပါတယ် ခင်များ….”

ဒီ သီချင်းလေး စရေးတာ 💢 12 .9 . 2018 💢💥ပြည့်ပြည့်စုံစုံ Rap တွေ . Bridge .💥Group အတွက် CHO တွေကတော့ ဒီ ၂လ အတွင်း…

Posted by Yone Lay on Monday, August 3, 2020

ကျွန်တော် ဒီသီချင်းလေး ကို အများကြီး အပင်ပန်းခံ စိတ်နှစ်ပြီး လုပ်ခဲ့တာတွေက အခုလို ဖြစ်သွားတာ …

Posted by Yone Lay on Tuesday, August 4, 2020

.ဘာဖြစ်ဖြစ် ကျွန်တော့်မှာ ပဲ တာဝန်ရှိပါတယ်ခင်များ ပါဝင်တဲ့ သူများနဲ့ လုံးဝ မဆိုင်ပါဘူး .အကုန်လုံး မေတ္တာဖြစ် ကူညီကျတာပါ .သူတို့နဲ့ လုံးဝ မဆိုင်ပါဘူး ခင်များ .ဆဲချင်တဲ့ သူများ ကျေနပ်အောင် ဆဲကျပါ .Comment ဖွင့် ထားပါတယ် . အရင်တုန်းက တော့ စိတ် အခန့်မသင့်ရင် Block တယ် .အခုကတော့ ကျွန်တော် မBlock ပါဘူး .လွတ်လာစွာ ကြိုက်သလို ပြောဆိုလိုရပါတယ်ခင်များ .ကျွန်တော် စိတ်ရင်းနဲ့ ရပ်တည်ချက်ကိုတော့ မြင်စေချင် ပါတယ်ခင်များ .အားလုံး ကို ထပ်ပြီး တောင်းပန်ပါတယ် 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏…” ဆိုပြီး ယုန်လေးရဲ့ FB မှာ တင်ထား ပါတယ်။

Image:Fb/Yone Lay

ယုန်လေး အပြင် ဒီ MV မှာ ပါဝင်ခဲ့တဲ့ ညီနန္ဒ နဲ့ သားညီ တို့ ကလည်း ပြန် တောင်းပန်ခဲ့ပါတယ်။

READ
Eminemရဲ့ ကိုယ်ပေါ်က Tattoo တွေရဲ့ အဓိပ္ပာယ်များ
Image:Fb/Nyi Nanda
Image:Fb/Thar Nyi

Source:Fb/Yone Lay/Nyi Nanda/Thar Nyi

SHARE