Rap ကျားကြီး နဲ့ MCကယားလေးတို့ကို ရန်ကုန်တက်လာဖို့ကမ်းလှမ်းလိုက်တဲ့ ယုန်လေး

Gita Biza facebook/yonelay facebook

ဖေစ်ဘုတ်ပေါ်မှာ “မိုးရာသီအလွမ်း” သီချင်းနဲ့ နာမည်ကြီးနေတဲ့ ဝါသနာရှင်အဆိုသမားနှစ်ယောက်ဖြစ်တဲ့ Rap ကျားကြီး နဲ့ MCကယားလေးတို့ကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိနေတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ကိုယ်ပိုင်သံစဉ်နဲ့ ရေးသားပြီး “မိုးရာသီအလွမ်း”  ကို သီဆိုပြီး သီချင်းဗီဒီယိုလေးတစ်ခုပါ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

yone lay facebook

အဆိုတော်၊ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ယုန်လေးကတော့ ဒီကနေ့မှာ Rap ကျားကြီး နဲ့ MCကယားလေး တို့နှစ်ယောက်ရဲ့  “မိုးရာသီအလွမ်း” သီချင်းကို ပြန်လည်ပြီးတော့ ဆန်းသစ်ထားတာကို ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ယုန်လေးကတော့ Rap ကျားကြီး နဲ့ MCကယားလေး  တို့နှစ်ယောက် ရန်ကုန်ကို တက်လာခဲ့မယ်ဆိုရင် ခရီးစရိတ်အစအဆုံး တာဝန်ယူပေးပြီး သီချင်းဗီဒီယိုကောင်းကောင်းလေး ရိုက်ပေးပါမယ်လို့ ကမ်းလှမ်းပြောဆိုထားတာဖြစ်ပါတယ်။

Gita Biza facebook
Gita Biza facebook

ယုန်လေးကတော့” ညီလေးတို့ ရန်ကုန်လာမယ်ဆို အစဆုံးတာဝန်ယူပါတယ် . ဒီတစ်ပုဒ်အတွက် ရိုက်ကူးရေးရော . သီခငေ်းပါအချောပြန်တီးပေးပါမယ် ။Welcome ပါ . ” လို့ရေးထားတာဖြစ်ပါတယ်။

အချိန်ရတုန်း Rap ကျားကြီး နဲ့ MC ကယားလေးတို့အတွက် .Music ကလည်း အကြမ်းလေး .အကုန်အကြမ်းပါ သူတို့ဆိုဖို့အတွက်ပါ။ ညီလေးတို့ ရန်ကုန်လာမယ်ဆို အစဆုံးတာဝန်ယူပါတယ် . ဒီတစ်ပုဒ်အတွက် ရိုက်ကူးရေးရော . သီခငေ်းပါအချောပြန်တီးပေးပါမယ် ။Welcome ပါ . ဒီ ညီလေးတွေနဲ့ Friend ဖြစ်တဲ့လူတွေ သူတို့မြင်အောင်ပြပေးပါ ။ကူညီချင်တာပါ ဆရာကြီးလုပ်ချင်းမဟုတ်ပါ။အားလုံး Peace 😍

Posted by Yone Lay on Monday, 16 September 2019

Source: Yone Lay

SHARE