Esther Winner ဖြစ်မယ်ဆိုတာကို အစောကြီးတည်းက ကြိုခန့်မှန်းခဲ့တဲ့ ယုန်လေး

Image:Fb/Myanmar Idol/Esther/Yone Lay

Myanmar Idol Season 4 Grand Final ပွဲကြီးကိုတော့ အောင်မြင်စွာကျင်းပပြီးစီးသွားခဲ့ပါပြီ။Myanmar Idol Season 4 Grand Final  ကို တက်လှမ်းခွင့်ရသွားသူတွေ ကတေ့  Benjamin ၊ အေးမြဖြူ နဲ့ Esther ပါ။နော က်ဆုံး ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေအားလုံးက သူ့ထက်ငါအပြိုင်အဆိုင် သီချင်းကောင်းတွေ နဲ့ သီဆို ယှဉ်ပြိုင်ခဲ့ ပါတယ်။ပရိသတ်တွေ အတွက် Winner ဘယ်သူဆိုတာကို တကယ့်ကို ခန့်မှန်းရ ခက်စေတဲ့ ပွဲကောင်းလေးဖြစ်ခဲ့ပါ တယ်။ Winner ကိုတော့ တကမ္ဘာလုံးက ပေးတဲ့ မဲ ပေးရွေးချယ်မှု နဲ့ ဆုံးဖြတ်ခဲ့ပါတယ်။

Image:Fb/Myanmar Idol
Image:Fb/Myanmar Idol

Winner ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားခဲ့သူ ကတော့ ချင်းတိုင်းရင်းသူလေး Esther Dawt Chin Sung ပါ။Ester ကတော့ လူရွေးပွဲမှာတင်ပဲ ပရိသတ် စိတ်ဝင်စားမှုကို ရခဲ့သူပါ။သူမရဲ့ လူရွေးပွဲ ဗီဒီယိုဖိုင်ကို  အဆို တော်တွေကပါ သူတို့ရဲ့ Fb မှာ  ရှယ်ပြီး သူမကို ချီးကျုးခဲ့ကြပါတယ်။အဲ့ဒီ အချိန်တည်းက Myanmar Idol ရဲ့ ပထမဆုံး အမျိုးသမီး Winner ဖြစ်လာမယ့် သူလေးဆိုပြီး ထင်ကြေးပေးခံခဲ့ရသူပါ။အဲ့ဒီလို ထင်ကြေး ပေးခဲ့ သူတွေ ထဲမှာ အဆိုတော် ယုန်လေးလည်း ပါဝင်ပါတယ်။ယုန်လေးက တော့  စက်တင်ဘာ လ တည်းက Esther  က Myanmar Idol ရဲ့ Winner ဖြစ်လာမယ်လို့ ကြိုခန့် မှန်းခဲ့ဖူးပါတယ်။သူ့ရဲ့ ခန့်မှန်းချက်ကို ရာနှုန်းပြည့်ကို မှန် ကန်ခဲ့ပါတယ်။

READ
"ရိုက်ဖူးသမျှထဲမှာ အကြမ်းဆုံးဘဲ.." လို့ ဆိုလာတဲ့ နေခြည်ဦး
Image:Fb/Yone Lay
Image:Fb/Yone Lay

ပြိုင်ပွဲတစ်လျောက်မှာ Bottom သုံးကြိမ်လောက်လည်း ထိုင်ခဲ့ရပါတယ်။သူမသီဆိုသွားတဲ့ အဖြူရောင် (Winner Song ) သီချင်းလေးကလည်း ပရိသတ်တွေတော်တော် လေးကို အကြိုက်တွေ့ခဲ့ပါတယ်။သူမနဲ့ အရမ်း လိုက်ဖက်တဲ့ သီချင်းလေးလို့ အားလုံးက မှတ်ချက်ပေးခဲ့ပါတယ်။

Image:Fb/Myanmar Idol
Image:Fb/Esther

Season 1 မှာတော့ စောလား ထော်ဝါးက winner ဖြစ်ခဲ့ပါတယ်။Season 2 မှာဆိုရင် သားငယ်နဲ့ ဘီလီလမ င်းအေးတို့  နောက်ဆုံး ဖိုင်နယ်ကို တက်ရောက်ခဲ့ကာ သားငယ်က Season 2 ရဲ့ Winner ဖြစ်ခဲ့ပါတယ်။Season 3 မှာဆိုရင်တော့ ဖြိုးမြ တ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့  နောက်ဆုံး ဖိုင်နယ် ကို တက်ရောက်ခဲ့ပါတယ်။ဒါပေမယ့် ချမ်းမြေ့မောင်ချိုက ကျန်း မာရေးေ ကြာင့် ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။ Season 3 ရဲ့ Winner က  ဖြိုးမြတ်အောင်ပါ။ဘယ်တုန်းကမှ အမျိုး သမီး Winner မရခဲ့ဖူးတဲ့ Myanmar Idol ရဲ့ အစဉ်အလာကိုတော့ Esther က ရိုက်ချိုးပြခဲ့ပြီး Myanmar Idol ရဲ့ ပထမဆုံး အမျိုးသမီး Winner ဖြစ်လာခဲ့ပါတယ်။

READ
လူမင်းတို့ အိမ်သစ်တက်ပွဲမှာတွေ့ရတဲ့ အူဝဲနဲ့ မခိုင်လေး
Image:Fb/Esther

Source:Myanmar Idol/Esther

SHARE