ငွေစက္ကူ တစ်ထောင်အသစ် အပေါ် ထောက်ပြ ပြောဆိုခဲ့တဲ့ ယုန်လေး

Image:Fb/Yone Lay

ဒီကနေ့ ဇန်န၀ါရီ (၇)ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံ ပါဝင် တဲ့ ငွေ စက္ကူ တစ်ထောင် အသစ်တွေ ကို ပြည်သူတွေ လက်ထဲ ဖြန့်ဖြူးပေးနေပါပြီ။ငွေ စက္ကူ တစ်ထောင် တန် အသစ်ကို ထုတ်မယ်လို့ ကြေညာ ထားတာ ကတော့ ကြာပါပြီ။ဇန်န၀ါရီ (၄)မှာ ရိုက်နှိပ်ထုတ်ဝေဖို့ လုပ်ထားပေမယ့် (၇)ရက်နေ့ကျမှ ပြည်သူတွေ လက်ထဲကို  ရောက်လာ ခဲ့တာပါ။ဗိုလ် ချုပ်အောင်ဆန်းရဲ့ ပုံပါ ငွေစက္ကူ အသစ်နဲ့ ပတ်သက်ပြီး အဆိုတော် ဒါရိုက်တာ ယုန် လေး ကတော့ သူ့ရဲ့ Fb မှာ သူ့ရဲ့ အမြင်လေးကို အခုလို ထောက်ပြ ပြောဆိုခဲ့ပါတယ်။

Image:Fb/Yone Lay
Image:Fb/Yone Lay

ဗိုလ်ချုပ်ပုံပါ  ငွေ စက္ကူ အသစ်ထုတ်တာ ကောင်းတဲ့ အရာဆိုပေမယ့် တစ်သောင်းတန်နဲ့ တစ်ထောင် တန် အရောင် တူ နေတော့ မှားနိုင်ကြောင်း၊အရောင်လေး ခွဲ ထုတ်လိုက်ရင် ပို ကောင်းမှာပဲ လို့ သူ့ရဲ့ အမြင်ကို အခုလို ထောက် ပြ ရေးသားခဲ့ပါတယ်။

“ငါတို့ နိုင်ငံကြီးလဲ ဘာလုပ်လုပ်ကို အဆုံးထိ အပေါက်လမ်းမတည့်ဘူး 😢။ သတ္တဝါတွေ နေရာ မှာ
ဗိုလ်ချူပ်ပုံပါတဲ့ ပုံထုပ်တာ အရမ်းအဓိပ္ပါယ်ရှိတဲ့ အရာပါ။
တစ်သောင်းတန် နဲ့ မှားနိုင်တာကို မစဉ်းစားနိုင်တာတော့😭
နိုင်ငံ စီးပွားရေး အဆင်မပြေတဲ့ အချိန် အရင်ထက် အကြံဖန် သမားတွေ ပိုများတယ်လေ ကွိုင်တွေလာဦးမှာ ။
အရောင်လေး ခွဲလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ ။
အရင် ၁၀၀၀ တန် ဆိုအစိမ်းရောင်ဆိုတာ အားလုံးသိတယ်။
အစိမ်းရောင် ပဲထုပ်ရင် ဘာဖြစ်မှာမို့လို့လဲ ။🍼🍼🍼🍼🍼🍼🍼🍼…”

Image:Fb/Yone Lay

ဒီ Post အ ပေါ် ဝေဖန် ပြောဆိုလာတဲ့ အတွက်လည်း ယုန်လေးက .”မြင်တဲ့ အတိုင်းလေးတင်မိပါတယ် .
အကန်ပြောမယ်ဆိုတဲ့ လူမျိုးက တစ်မျိုးငါတို့ အစိုးရမထိနဲ့ ဘာလုပ်လုပ်ကောင်းတယ်ဆိုတဲ့ လူမျိုးကတစ်မျိုး . ဒါကိုမြေင်တဲ့ အတိုင်းပြောတာနဲ့ အစိုးရကိုမကောင်းမြင်တာနဲ့ ဘာမှ မဆိုင်ပါဘူး။ကောင်းရင်လည်း ချီးကျူးရမယ် မကောင်းရင်လည်းထောက်ပြရမှာပေါ့ ။ တစ်ဖတ်ပိတ်များရင် နိုင်ငံက ထပ်တိုင်ပတ်မှာပဲ ။

READ
မင်းသားသုံးယောက်နဲ့ အပြိုင်ကြဲထားတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဇာတ်လမ်းတွဲအသစ်
Image:Fb/Yone Lay
Image:Fb/Yone Lay

ကိုယ်လူမျိုးကို တန်ဖိုးထားပြီးသားပါဒါပေမယ့် ကျွန်တော်တို့လူမျိုးတွေ စိတ်ဓာတ်တွေအတွေးခေါ်တွေမြင့်အောင်ကြိုးစားရဦးမှာ။ဒေါ်လာကို ကိုင်တဲ့ နိုင်ငံက လူတွေရဲ့စိတ်ပြီးတော့ $ ကတန်ဖိုးပိုရှိတော့၂၀ တန်အုပ်လိုက်တို့ ၁၀တန် အုပ်လိုက် ၅ ကျပ်တန် အုပ်လိုက်သုံးလေ့ မရှိဘူး ။ဒီမှာ ဒီ နိုင်ငံအနေထားနဲ့ ၁၀၀၀တန် အုပ်လိုက် တော်တော်များများ ကိုင်သုံးကျတယ် .ပြီးတော့ ထင်းနေအောင် ဂဏန်း အမှတ်သားကို ခွဲခြားထားပါတယ် .၁၀၀ တန် နဲ့ဆို အရောင်ပါ အနည်းငယ်ခွဲထားပါတယ် ။အရင် ၁၀၀၀တန်တုန်းကတောင် ဆိုဒ်ခွာထားတဲ့ ၂၀တန်တွေ ညှပ်သုံးနေသေးတာ .
အရင်၁၀၀၀ တန် အရောင်ဆို ဘာဖြစ်မှာမို့လို့လဲ .ဒီအစိမ်းရောင်ဆို ၁၀၀၀တန်မှန်း တန်သိတာပေါ့ ဗိုလ်ချူပ်ပုံနဲ့ ဆိုပိုတန်ဖိုးထားတာပေါ့ ပိုကျက်သရေရှိတာပေါ့ကောင်းစေချင်တာပါ .ပြောင်းလဲမူ့တိုင်းကို လက်ခုပ်တီးပြီး
ဂုဏ်ယူချင်တာ . မြန်မာနိုင်ငံကြီး တိုးတက်လာပြီဆိုပြီထိပ်ဆုံးက ကြွေးကြော်ချင်တာပါ …” ဆိုပြီး နောက်ထပ် Post တစ်ခု ထပ်တင်ခဲ့ပါတယ်။

READ
မွေးနေ့မှာ ခင်ပွန်းဆီက ရိုမန်တစ်ဆန်တဲ့ လက်ဆောင်ရရှိခဲ့လို့ ပျော်နေခဲ့တဲ့ ယွန်းဝတီလွင်မိုး

ဗိုလ်ချုပ်ပုံပါ ။ငွေ စက္ကူ တစ်ထောင် တန် အသစ် တွေကိုတော့ မြန်မာ့စီးပွားရေး ဘဏ်တွေ မှာ  ထုတ်ယူ လဲ လှယ်နိုင် ပါတယ်။

Source:Fb/Yone Lay

 

SHARE