လူချမ်းသာမဟုတ်လို့ လူတိုင်းကို မကူညီနိုင်တဲ့ အပေါ် နားလည်ပေးဖို့ ယုန်လေး တောင်းဆို

Image:Fb/Yone Lay

ယုန်လေး ကတော့ အဆိုတော်၊ဒါရိုက်တာ၊မင်းသား တစ်ယောက် အဖြစ်နဲ့ ပရိသတ်ကြားမှာ ရပ်တည်နေသူပါ။ဖိုက် င် ချ တဲ့ အကြမ်းအရမ်း ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ဇာတ်ကားတွေကို အမျိုးသား ပရိသတ်တွေ အများ ကြီး လက်ခံ အားပေး ကြတာကို တွေ့ရပါတယ်။လူငယ်တစ်ယောက် ဖြစ်ပေမယ့် အဆင် မ ပြေ တဲ့ လူကို တွေ့ ရင် လက် မ နှေးပဲ ကူညီတတ်သူ တစ်ယောက်မို့ လည်း ပရိသတ်တွေ က ယုန် လေးကို လေးစား ချစ်ခင် နေ ကြပါတယ်။ ဒီလို အလှူတွေ လုပ်ဖြစ်နေတယ်ဆိုပေမယ့်လည်း သူကိုယ်တိုင်လည်း လူချမ်းသာ တစ်ယောက် မဟုတ်လို့ လူ တိုင်းကို မကူညီနိုင်တာ နားလည် ပေးဖို့ ယုန် လေးက အခုလို တောင်းဆိုလာပါတယ်။

Image:Fb/Yone Lay

ယုန်လေးရဲ့ ကူညီတတ်တဲ့ စိတ်ကို ပရိသတ်တွေ က တွေ့ မြင်နေတာကြောင့် Cb ကို လာပြီး အကူအညီ လိုအပ် န သူ တွေ ကို ကူပေးဖို့ လာပို့ ပေးခဲ့ ကြပါတယ်။အဲ့ဒီ အတွက် ယုန် လေး ကိုယ်တိုင်က ကျေးဇူး တင်ပေမယ့်လည်း ကိုဗစ် ဖြစ်ပြီးတည်းက သူကိုယ်တိုင်လည်း ၀င် ငွေ မရှိတာ ကြာပါပြီလို့  ပွင့်ပွင့်လင်းလင်း ထုတ် ပြော လာပါတယ်။ဒါ ပေမယ့် ပုံထဲမှာပါတဲ့ ဆိုက်ကားဆရာကြီးက ရန်ကုန်မှာဆိုရင်တော့ နေရပ်လိပ်စာ ပေးပါ သွားလှူ ပေးပါမယ်လို့ လည်း ပြော ခဲ့ပါတယ်။

READ
ပညာရေးဘက်မှာလည်း အံ့အားသင့်စရာ ထူးချွန်ကြတဲ့ ဟောလိဝုဒ်စတားများ
Image:Fb/Yone Lay

“Cb မှာ လိုအပ်တဲ့ လူတွေ ကိုကူပေးဖို့ အများကြီး လာပို့ကျပါတယ် . Link တွေလည်း ပို့ကျပါတယ် . အဲ့အတွက် လည်း ကျွန်တော့်ကိုကူညီတတ်တဲ့ လူလို့ ယုံကြည်လို့ ပို့တဲ့ ညီအစ်ကိုမောင်နှစ်မ အားလုံးကိုလည်း ကျေးဇူးပါ . ကျွန်တော်လည်း ဒါကြီးဖြစ်ထဲက ဝင်ငွေမရှိတာပါ . ကူတာတွေကတော့ ဒီတိုင်းကူဖြစ်တာပေါ့ .အခု ကျွန်တော် ကိုယ်တိုင် ဒါလေးပဲကျန်ပါတော့တယ်လို့ ဒါပေမယ့် အဲ့ ဆိုက်ကားနင်းတဲ့ အစ်ကိုကြီး ရန်ကုန်မှာ ဆိုရင်တော့ နေရပ်လိပ်စာ . ဆိုက်ကားဂိတ် ပြောပါ တတ်နိုင်သလောက်ပေါ့ .

Image:Fb/Yone Lay
Image:Fb/Yone Lay

ဒါလေး ပြီးရင်တော့ ကျွန်တော်ချက်ချင်း ထပြီး မကူညီနိုင်တဲ့ အခါမျိုးမှာ မသိချင်ယောင်ဆောင်တယ်ထင်မှာဆိုးလို့ပါ .ပြီးတော့ ကျွန်တော်ဘာကောင်မှ လည်းမဟုတ်ဘူး လူချမ်းသာ တစ်ယောက် မဟုတ်တဲ့ အတွက် လူတိုင်းတော့ မကူညီနိုင်တာ ကိုနားလည်စေချင် ပါတယ် ခင်များ .အားလုံး အရာရာအဆင်ပြေကျပါစေ ခင်များ …” ဆိုပြီး တင်ထားပါတယ်။ယုန် လေး နဲ့ သူငယ်ချင်းတစ်စုဟာ ကိုဗစ် ကာလာမှာ ခက်ခဲ နေသူတွေ ကိုတက်နိုင်သ လောက်ကူညီ ပေးနေသလို  မကြာသေးမီတုန်းက လည်း အိမ်အကူညီမ လေးကို (၃၃)သိန်း သွားရောက် ကူညီ လှူဒါန်းပေးခဲ့ပါတယ်။

Image:Fb/Yone Lay

 

READ
အရမ်းကြိုက်ရတဲ့ မင်းသားနဲ့အတူ ဓါတ်ပုံရိုက်ခဲ့တဲ့ မျိုးကိုကိုစန်း

Source:Fb/Yone Lay

SHARE