ပုရိသ တွေရဲ့ အသည်းကျော်လေး နဲ့ နှစ်ယောက်တွဲ ပုံတင်လိုက်တဲ့ ယုန်လေး

Image:Fb/Yone Lay & Jessie

ယုန်လေး ကတော့ သူ့ရဲ့ အမျိုးသား ပရိသတ်တွေကို မနာ လို ဖြစ်အောင် လုပ်လိုက်ပါတယ်။ အရမ်းကို  ချော တဲ့ မိန်းမလှ လေးတစ်ယောက် နဲ့ အတူ တွဲရိုက်ထားတဲ့ ပုံတွေကို ဖေဖော်ဝါရီ (၁၇)ရက်နေ့က သူ့ရဲ့ Fb မှာ တင်လိုက်တာပါ။ပုံရဲ့  အောက်မှာ ယုန်လေးရဲ့ သူငယ်ချင်း မိတ်ဆွေ တွေ က Comment တွေ  ရေးပြီး ၀ိုင်း စ နောက် ထားကြပါတယ်။ယုန် လေးနဲ့ အတူ တွဲရိုက်ထားတဲ့ မိန်းမလှ လေးရဲ့ နာမည်ကတော့ Jessie Vard ပါ။

Image:Fb/Yone Lay
Image:Fb/Yone Lay

ယုန်လေးကတော့ Caption မှာ “Yone Lay & Jessie😍😍😍..” ဆိုပြီး ရေး တင်ထားပါတယ်။ယုန်လေး တစ်ယောက် Jessie Vard  နဲ့ အတူ တွဲ ပြီး ဘယ်လို အနုပညာတွေကို ဖန်တီး တော့မှာလဲ ဆိုပြီး အားလုံးဝ ၀ိုင်းသိချင် နေကြပါတယ်။Jessie Vard  ကတော့ ပုရိသတွေ ရဲ့ အသည်းကျော် လေးမို့ ယုန်လေးကို တော့ အမျိုးသားထုက ၀ိုင်းပြီး မနာလို ဖြစ်နေကြတာကိုလည်း  Comment တွေ မှာ တွေ့ရပါတယ်။

Image:Fb/Jessie Vard
Image:Fb/Jessie Vard

Jessie Vard  ကတော့ အမျိုးသားထု တစ်ရပ် လုံးရဲ့ အားပေးဝန်းရံ မှုကို အပြည့် အ၀ ရထားတဲ့ မော်ဒယ် မလေးပါ။ ထိုင်းမှာ နေတဲ့ အိုင်ယာလန် နွယ်ဖွားဖြစ်ပြီး အသက်ကတော့ (၂၁) နှစ် လောက်ပဲ ရှိပါ သေးတယ်။သူမက IG နဲ့ Fb မှာ အမိုက်စားညှို့ အားပြင်း ပုံတွေ တင်ရင်းနဲ့ ပုရိသတွေ ကြားမှာ လူသိများလာခဲ့သူပါ။Facebook မှာဆိုရင် တော့ Follower (2)သန်း ကျော် နဲ့ Instagram မှာဆိုရင်တော့ Follower (819k) အထိ ရှိပါတယ်။

Image:Fb/Jessie Vard
Image:Fb/Jessie Vard

မလုံ့ တလုံ အ၀တ်အစားတွေကို ၀တ်ပြီး လောင်းကစားဝက်ဘ်ဆိုက် တွေကို ကြော်ငြာပေးလို့  ဒုက္ခ ရောက် ခဲ့ဖူးပါတယ်။သူမရဲ့ အ ကြောင်းကိုတော့ သတင်းမှာပါ  ဖော်ပြ ခံခဲ့ရဖူးသူပါ။(၂၀၁၈)ခုနှစ် တုန်းက Jessie Vard  ဟာ တရားမဝင်လောင်ကစားဆိုဒ်တစ်ခုကို ကြော်ငြာဖို့အတွက် မလုံ့တလုံအဝတ်အစားလေးတွေနဲ့ ဓာတ်ပုံရာချီ ရိုက်ခဲ့ဖူးပါတယ်။

READ
ဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နေပေမယ့် ရင်ထဲမှာ ကြေကွဲနေရတဲ့ အိစိကွေး
Image:Fb/Jessie Vard
Image:Fb/Jessie Vard

သူမကတော့အဲ့ဒီ လောင်းကစားဆိုဒ်ဟာ တရားဝင်ပြုလုပ်နေတဲ့ လောင်းကစားဆိုဒ်လို့ ထင်ပြီး အလုပ်လက်ခံခဲ့မိတာလို့ ဆိုပါတယ်။အခုဆို သူမဟာ ဥပဒေအရ ထောင်ဒဏ်(၁)နှစ် နဲ့ ဒဏ် ငွေ ဘတ် ( 1,000) ရင်ဆိုင်ရမယ့် အခြေအ နေ မျိုးနဲ့  ကြုံ ခဲ့ရဖူးပါတယ်။အဲ့ဒီ အချိန်တုန်းက သူမကိုယ်တိုင် လည်း လောင်းကစားတိုက်ဖျက်ရေး ဥ ပ ဒေ ကို ကျူးလွန် မိတယ်လို့ ၀န်ခံခဲ့ပါတယ်။

 

View this post on Instagram

 

จ๊าบสุดในซอยครับผม ❤️

A post shared by ติดต่องาน @vdg9612f (@jessievard) on

Source:Fb/Yone Lay

SHARE