အနုပညာရှင်တစ်ယောက်အနေနဲ့ ခံပြင်းလွန်းတဲ့ ကိစ္စတစ်ခုကြုံခဲ့ရတဲ့ ယုန်လေး

ရုပ်ရှင်သရုပ်ဆောင်၊အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ယုန်လေးကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းဆောင်ရွက်နေပြီး အနုပညာလောကမှာ လူမှုရေးအကျိုးတွေကို သယ်ပိုးတဲ့သူတစ်ယောက်အဖြစ်လည်း လူတစ်ယောက်အဖြစ်လည်း လူသိများပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေသာမက အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ အချစ်တွေကို ရရှိထားသူတစ်ယောက်ဖြစ်တဲ့ ယုန်လေးကတော့ ဒီကနေ့မှာ အဆိုတော်တစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာကို ထိပါးတဲ့ ကိစ္စတစ်ခု ကြုံတွေ့ခဲ့ရတဲ့အကြောင်းကို ပရိသတ်တွေကို ရင်ဖွင့်လာတာဖြစ်ပါတယ်။

ယုန်လေးကတော့ “အနှိမ့်ခံရတဲ့ ဘဝ ကမလွတ်သေးပါလား .ဒေါသထွက်ဖို့ အချိန်မရှိခဲ့ပါဘူး . . .ပွဲတစ်ပွဲ လာဌားတယ် . သီချင်းဆိုဖို့ ဆိုတော့ ထူးထူးခြားခြား ပျော်သွားပါတယ် . ရူတင်လည်းနားနေတယ်ဆိုတော့” လို့ ရေးသားလာပြီး အခုလိုပဲ ရေးသားပြောဆိုလာတာဖြစ်ပါတယ်။

အနုပညာရှင်တစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလောက်တဲ့ ပြောဆိုဆက်ဆံမှုမျိုးကို ရခဲ့တဲ့ ယုန်လေးကတော့ “ဘာပဲဖြစ်ဖြစ် ကိုယ်ယုံကြည်ရာ ကိုယ့်အလုပ်ကိုရှေ့ဆက်နေမှာပဲ .ဒီလထဲ သီချင်းလေးတွေပြန်တင်ရင်လဲ
နားထောင်ပေးဖို့ တောင်းဆိုပါတယ် .”လို့လည်း သူ့ရဲ့ ပရိသတ်တွေကိုလည်း ပြောထားပါသေးတယ်။ ယုန်လေးရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်ပြီတော့ အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
ခင်ပွန်းဖြစ်သူကွယ်လွန်တဲ့ တစ်နှစ်ပြည့်မှာ လွမ်းမောဖွယ်Video တင်လိုက်တဲ့ Celine Dion

Source: Yoen lay

 

SHARE