မြန်မာအိုင်ဒေါပြိုင်ပွဲနဲ့ ပတ်သတ်ပြီး ပြောဆိုရေးသားလိုက်တဲ့ ယုန်လေး

ပရိသတ်တွေကြားမှာ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးကတော့ ပရိသတ် စိတ်ဝင်စားမှုတွေ မြင့်တက်ပြီးရင်း မြင့်တက်နေတာဖြစ်ပါတယ်။ Final ပြိုင်ပွဲဝင်နှစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုနဲ့ ဖြိုးမြတ်အောင်တို့နှစ်ဦးမှာ ဘယ်သူက winner နေရာကို ရမလဲဆိုတာကို ပရိသတ်တွေက အရမ်းကို စိတ်ဝင်စားနေကြတာဖြစ်ပြီး ပြိုင်ပွဲဝင် နှစ်ဦးစလုံးကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရတာလည်း ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး အဆိုတော်/မင်းသားတစ်ယောက်ဖြစ်တဲ့ ယုန်လေးကတော့ သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပြောဆိုရေးသားလာတာဖြစ်ပါတယ်။ ယုန်လေးကတော့ ချမ်းမြေ့မောင်ချိုနဲ့ ဖြိုးမြတ်အောင်တို့နှစ်ဦးနှစ်ဖက်လုံးဘက်ကနေ ရပ်တည်ပြီး ရေးသားပြောဆိုထားတာဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ လတ်တေလာမှာ ဆေးရုံတက်နေရတာဖြစ်လို့ ပရိသတ်တွေကတော့ တော်တော်လေး စိုးရိမ်နေကြပါတယ်။ မြန်မာအိုင်ဒေါရဲ့ ဖိုင်နယ် ပြိုင်ပွဲကြီးကိုတော့ ၁၁ရက်နေ့(မနက်ဖြန်) မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Source: Yone Lay

SHARE