ဒါရိုက်တာဝိုင်း ရိုက်တဲ့ ရုပ်ရှင်ကားမှာ ကျရာဇာတ်ရုပ်က သရုပ်ဆောင်ချင်တယ်ဆိုတဲ့ ယုန်လေး

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် သရုပ်ဆောင်နေပြီး ဒါရိုက်တာအဖြစ်လည်း ပရိသတ်တွေအတွက် ရုပ်ရှင်ကားတွေကို ဖန်တီးနေတဲ့သူတစ်ယောက်ဖြစ်တဲ့ ယုန်လေးကတော့ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ အနုပညာအလုပ်တွေကို ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပြီး လတ်တလောမှာလည်း ရုပ်ရှင်ရိုက်ကူးဖို့အတွက် ကချင်ပြည်နယ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

ယုန်လေးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကထွက်ရှိထားတဲ့ “လှပ်၍လွင့်သော” ရုပ်ရှင်ကားကြီးရဲ့ ထွေလာ ဗီဒီယိုလေးကို ဖေစ်ဘုတ်ပေါ်မှာ share ထားတာဖြစ်ပါတယ်။ ယုန်လေးကတော့ ခင်ဝင့်ဝါရဲ့ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးထားပြီး “ကျွန်တော် ကိုယ်တိုင် ကိုဝိုင်း သင်ပေးတာကို တစ်ကားလောက်တော့ ကြရာနေရာကနေ သရုပ်ဆောင်ချင်မိပါတယ် . ဟိုးအရင်ထဲကပါ ” လို့ရေးထားတာဖြစ်ပါတယ်။

ပရိသတ်တွေရော ဒါရိုက်တာဝိုင်း ဖန်တီးတဲ့ ဇာတ်ကားမှာ သရုပ်ဆောင် ယုန်လေးကို တွေ့ချင်နေကြပြီလား။

source: yone lay

SHARE