Kim So Hyun အ​ပေါ်ထားတဲ့ခံစားချက်ကို ဖွင့်ဟလာတဲ့ Yoo Seung Ho

Yoo Seng Ho နဲ့ Kim So Hyun ဟာ MBC ကထုတ်​လွှင့်​တဲ့ Korea Drama Series တစ်​ခုဖြစ်​တဲ့ Ruler:Master of the Mask မှာအတွဲညီညီသရုပ်​​ဆောင်​ပြီး​နောက်​ပိုင်း ပရိတ်​သတ်​​တွေက သူတို့နှစ်​​ယောက်​ကိုလိုက်​ဖက်​​ကြောင်း၊ သ​ဘောတူ​ကြောင်းဆိုခဲ့ကြပါတယ်​။ Seng Ho က​တော့ So Hyun ဟာသူ့ထက်​ ၆ နှစ်​​လောက်​ငယ်​​ပေမယ့်​ သူ့ထက်​ကြီးသလိုမျိုးခံစားရပါတယ်​။သူမဟာ အသက်​၁၇ နှစ်​သာရှိ​သေး​ပေမယ့်​ သူမရဲ့ရင့်​ကျက်​တဲ့ပြုအမူ​တွေ​ကြောင့်​ သူမကို တ​လေးတစားအမြဲဆက်​ဆံမိ​ပါတယ်​ လို့​ဆိုပါတယ်​။ဒီလိုဆိုလာတဲ့ Seng Ho ကို So Hyun က “ကျမကိုယ်​ကိုအသက်​ကြီးတဲ့ပုံဖြစ်​​နေမယ်​လို့မထင်​ထားခဲ့ဘူး။Seung Ho နဲ့သရုပ်​​ဆောင်​တဲ့အခါမှာလည်း သက်​တူရွယ်​တူလြိ့ပဲခံစားမိပါတယ်​” လို့ရယ်​လျက်​ပြန်​​ပြောခဲ့ပါတယ်​။
သူတို့နှစ်​​ယောက်​ဟာ ၂၀၁၂ မှာရိုက်​ကူးခဲ့တဲ့ Missing You ကိုရီးယား drama တည်းက အတွဲညီခဲ့ကြတာပါ။ Seung ho က​တော့ သူတိုနှစ်​​ယောက်​ဟာ အရင်​ Missing You ရိုက်​ပြီး​နောက်​ပိုင်းသိပ်​မ​တွေ့ဖြစ်​ခဲ့ကြပါဘူး။အတူတူဇာတ်​လမ်း​တွေအမျညးကြီးမရိုက်​ဖူး​ပေမယ့်​ ​လေးသရုပ်​​ဆောင်​ဘဝတည်းကသူမနဲ့အတူတူစတင်​လုပ်​ခဲ့ဖူးတာ​ကြောင့်​ သူမနဲ့တွဲရိုက်​ရတဲ့အခါ သက်​​တောင့်​သက်​သာမဖြစ်​တဲ့ခံစားချက်​မျိုး မရှိပါဘူးလို့​ပြောခဲ့ပါတယ်​။
Grinny (shwemom)
Source: The Fact
SHARE