ခရီးသွားနေတဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်တဲ့ ယွန်းမီမီကျော်

ယွန်းမီမီကျော်ကတော့ မော်ဒယ်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေကြားမှာ လူသိများပြီး အားပေးချစ်ခင်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။ ယွန်းမီမီကျော်က လတ်တလောမှာလည်း နိုင်ငံရပ်ခြားကို အပန်းဖြေခရီးတွေထွက်နေတာဖြစ်ပါတယ်။ ယွန်းမီမီကျော်ကတော့ သူမရဲ့ ပရိသတ်တွေအတွက် ခရီးသွားပုံရိပ်တွေကို ဖေ့စ်ဘုတ်ပေါ်မှာ မျှဝေပေးထားတာဖြစ်ပါတယ်။

လွတ်လွတ်လပ်လပ်နဲ့ အပန်းဖြေနေတဲ့ ယွန်းမီမီကျော်ကတော့ သူမရဲ့ ပုံရိပ်တွေကို “ခရီးသွားနေရရင် ပျော်နေသူ ” လို့ ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ပြစ်ချက်ကင်းတဲ့ အလှနဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ ယွန်းမီမီကျော်ရဲ့ ပုံရိပ်တွေကို အရမ်းသဘောကျနေကြပါတယ်။

ယွန်းမီမီကျော်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဓါတ်ပုံအသစ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Yoon mimi kyaw

SHARE