ကြော်ငြာအတူရိုက်ကူးခဲ့တဲ့ အုပ်စိုးခန့် နဲ့ ယွန်းယွန်း

Image:Fb/OakSoe Khant & Yoon Yoon

အဆိုတော် အုပ်စိုးခန်နဲ့ ကလေး သရုပ်ဆောင်ဘ၀တည်းက ပရိသတ်အားပေးမှု ရခဲ့တဲ့ မင်းသမီးချော လေး  ယွန်းယွန်း တို့ကတော့ ကြော်ငြာ တစ်ခုကို အတူရိုက်ခဲ့ကြပါတယ်။D&C Myanmar အတွက် ရိုက်ပေးတဲ့ ကြော်ငြာ လေးပါ။နှစ်ယောက်လုံးက အသက်ကလည်း မတိမ်းမယိမ်းနဲ့  ရုပ်ရည်ရော ဖက်ရှင်ပိုင်းမှာ ပါ တစ်ယောက် နဲ့ တစ်ယောက် အရမ်းကို လိုက်ဖက်ညီ နေတာကို တွေ့ရမှာပါ။ကြော်ငြာ ရိုက်ကွင်း ပုံရိပ်လေးတွေကိုတော့ နှစ်ယောက်လုံးရဲ့ Fb မှာ ဝေမျှ ထားပါတယ်။

Image:Fb/OakSoe Khant & Yoon Yoon
Image:Fb/OakSoe Khant & Yoon Yoon

ပုံလေးတွေကို တော့ ၀တ်စုံ (၃)စုံနဲ့ ရိုက်ထားတာပါ။လူငယ်ဆန်တဲ့ ပန်း ရောင် ၀တ်စုံလေးတွေ နဲ့ ရိုက်ကူးခဲ့ပါတယ်။ယွန်းယွန်းရော အုပ်စိုးခန့်ကပါ ပန်းရောင် ဖက်ရှင်လေးတွေနဲ့ ရိုက်ခဲ့တာပါ။နောက်ထပ် တစ်စုံမှာတော့ ဖြူစင် ခြင်းရဲ့ သင်္ကေတ လို့ ပြောလို့ရတဲ့ အဖြူရောင်ဝတ်စုံလေးတွေ နဲ့ ရိုက်ကူးခဲ့တာပါ။နောက်ထပ် ပုံမှာတော့ ယွန်းယွန်းက အညိုရောင် ဂါဝန်တို လေးနဲ့ အုပ်စိုးခန့် ကတော့ အနက်ရောင်အကျီင်္ လက်ရှည်၊ဘောင်းဘီ မီးခိုးရောင် တို့ကို ၀တ်ဆင်ပြီး ရိုက်ကူးခဲ့တာပါ။

READ
ယောက်ျားပီသပြီး ပိုခန့်ညားလာတဲ့ Park Bo Gum
Image:Fb/OakSoe Khant & Yoon Yoon
Image:Fb/OakSoe Khant & Yoon Yoon

ယွန်းယွန်းနဲ့ အုပ်စိုးခန့်တို့ကတော့ တန်ခူးမေ ဆိုတဲ့ MV ကို အတူရိုက်ကူးခဲ့ဖူးပါတယ်။အဲ့ဒီ MV  ကတော့ သူတို့နှစ်ယောက် အတွက် တော့  ပထမဆုံး အကြိမ် တွေ့ ပြီး အတူ တွဲ လုပ်တဲ့ အနုပညာအလုပ်ပါ။ MV ရိုက်ပြီး နောက်ပိုင်းမှာောတ့ နှစ်ယောက် သား တွဲနေကြပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Image:Fb/OakSoe Khant & Yoon Yoon
Image:Fb/OakSoe Khant & Yoon Yoon

Source:fb/OakSoe Khant & Yoon Yoon

SHARE