နီပေါနိုင်ငံရဲ့ Tourism Goodwill Ambassador အဖြစ်ခန့် အပ်ခံလိုက်ရတဲ့ ယွန်းယွန်း

Image:Fb/Yoon Yoon

ယွန်းယွန်း ကတော့ ကလေးသရုပ်ဆောင်ဘ၀တည်းက အခုချိန်ထိ ပရိသတ် အားပေးမှု အခိုင်အမာ ရထားတဲ့  မင်းသမီးချောလေးပါ။ကဘေး ဘ၀တည်းက ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရထားပြီး သရုပ်ဆောင် ကောင်းတဲ့ အနုပညာရှင် တစ်ယောက် အဖြစ် သတ်မှတ် ခံ ခဲ့ရသူပါ။ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချော လေး ယွန်းယွန်း ကတော့ အခုဆိုရင် ဂုဏ်ယူစရာ မှတ်ကျောက်တစ်ခုကို တင်လိုက်နိုင်ခဲ့ပါတယ်။အဲ့ဒါကတော့ Tourism Good will Ambassador အဖြစ် ခန့် အပ်ခံလိုက်ရတဲ့ ကိစ္စပါ။

Image:Fb/Yoon Yoon
Image:Fb/Yoon Yoon

နီပေါ နိုင်ငံရဲ့  Visit Nepal Year 2020 အတွက် သူမကို Tourism Goodwill Ambassador  အဖြစ် ခန့် အပ်လိုက်တာပါ။ယွန်းယွန်း လေးကိုယ်တိုင်ကလည်း ခုလို ခန့်အပ်ခံလိုက်ရလို့ ဂုဏ်ယူနေသလို သူမရဲ့ Fan တွေ ကလည်း ယွန်းယွန်း အတွက် ၀မ်းသာဂုဏ်ယူနေကြပါတယ်။

READ
Running Man PD ပြောတဲ့ အဖွဲ့ဝင်တစ်ယောက်ချင်းစီက သူသဘောကျတဲ့ အချက်များ
Image:Fb/Yoon Yoon
Image:Fb/Yoon Yoon

“Nepal နိုင်ငံရဲ့ Visit Nepal Year 2020 အတွက်

Tourism Goodwill Ambassador အဖြစ်ခန့်အပ်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်ရှင့် 🎖👧🏻🇳🇵

#myhonor
#VNY_2020
#newproject
👗 Htay Htay Tin
📸 Ko Bhone

Image:Fb/Yoon Yoon
Image:Fb/Yoon Yoon

ဆိုပြီး သူမရဲ့ အကောင့်မှာ တင်ထားပါတယ်။ယွန်းယွန်း ကတော့ ရန်ကုန်တက္ကသိုလ် မှာ စိတ်ပညာ မေဂျာကို လေ့လာသင်ယူနေပါတယ်။လက်တလောမှာ တော့ ပညာရေးဘက်ကို ဦးစားပေးနေပြီး အားလပ်ချိန်မှာလည်း အနုပညာအလုပ်တွေကို ရံဖန်ရံခါ လုပ်ကိုင်နေပါတယ်။

Image:Fb/Yoon Yoon
Image:Fb/Yoon Yoon

Source:Yoon Yoon

SHARE