တတိယနှစ်ကျောင်းသူကြီး ဖြစ်သွားပြီဆိုတဲ့ ယွန်းယွန်း

ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်ဘ၀တည်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရခဲ့သူလေးပါ။ အခုဆို ရင်တော့ ကလေးသရုပ်ဆောင်ဆိုတဲ့ Image ပျောက်ပြီး ပရိသတ်တွေက ယွန်းယွန်းလေးကို မင်းသမီးငယ်လေး အဖြစ် လက်ခံအားပေးလာကြတာကို တွေ့ရပါတယ်။ ယွန်းယွန်းကတော့ တစ်ဖက်မှာလည်း ကျောင်းပညာကို လေ့လာရင်း တစ်ဖက်မှာလည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူပါ။

ယွန်းယွန်းကတော့ လက်ရှိမှာ ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာမေဂျာကို လေ့လာသင်ယူနေပါတယ်။ အခုဆိုရင်တော့ စိတ်ပညာ တတိယနှစ်ကျောင်းသူကြီး ဖြစ်နေပါပြီ။ တတိယနှစ်ကျောင်းသူကြီးဖြစ်သွားပြီဆိုတဲ့ အကြောင်းကိုတော့ ဒီဇင်ဘာ (၂)ရက်နေ့က သူမရဲ့ fb မှာ ပုံလေးတွေနဲ့ အတူ ပြောပြခဲ့ပါတယ်။

“Third Year ရောက်သွားပါပြီရှင်.. 🌷🍃👧🏻…” ဆိုပြီး ရန်ကုန်တက္ကသိုလ်ထဲမှာ ရိုက်ထားတဲ့ ပုံလေးတွေ ကို ဝေမျှ ခဲ့ပါတယ်။ လှပတဲ့ မြန်မာဝတ်စုံလေးနဲ့အတူ သူမရဲ့ လှပလွန်းတဲ့ ဆံပင်ရှည်ကြီးကို ဖြန့်ပြီး ရိုက်ထားတာပါ။ ယွန်းယွန်း ကတော့ ပြီးခဲ့တဲ့ ရက်တွေတုန်းက သူမနဲ့ အဆိုတော် အုပ်စိုးခန့်တို့ တွဲနေကြပြီဆိုတဲ့ အချစ်ရေးကောလာဟလ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

မိန်းကလေးပရိသတ်တွေ ၀ိုင်းဝိုင်းလည်နေတဲ့ အုပ်စိုးခန့်က သူ့ရဲ့ IG မှာ အမျိုးသမီး (၃) ယောက်တည်းကိုသာ Follow လုပ်ထားပါတယ်။ အမေ၊အမနဲ့  ယွန်းယွန်းကို သာ Follow လုပ်ထားတဲ့ အချက်ကလည်း ပရိသတ်တွေကြားမှာ အတော်လေးအပြောများခဲ့ပါတယ်။

Source ယွန်းယွန်း

SHARE