တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ လှသွေးကြွယ်လာတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိလာတဲ့သူတစ်ယောက်ဖြစ်တဲ့ ယွန်းယွန်းကတော့ တက္ကသိုလ်ကျောင်းသူကြီးတစ်ယောက်တောင်ဖြစ်နေပါပြီ။ ကျောင်းစာမှာလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် အနုပညာအလုပ်တွေလည်း မလစ်ဟင်းတဲ့သူတစ်ယောက်ဖြစ်တဲ့ ယွန်းယွန်းကတော့ လတ်တလောမှာ ရုပ်ရှင်ရိုက်ကူးမှုတွေမရှိပေမဲ့ ဖေစ်ဘုတ်ပေါ်မှာတော့ သူမရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ယွန်းယွန်းကတော့ “ဒီနေ့.. Viho ပွဲတက်ကပုံလေးတွေ.” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ တစ်နေ့တစ်ခြားပိုပြီးတော့ လှလာတဲ့ ယွန်းယွန်းကတော့ လိမ္မော်ရောင် ပွဲတက်ဝတ်စုံလေးနဲ့ အရမ်းကို ချစ်စရာကောင်းနေပါတယ်။

ယွန်းယွန်းကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ယွန်းယွန်းရဲ့ ဓါတ်ပုံ အသစ်တွေကို သဘောကျရဲ့လား ပရိသတ်ကြီးရေ။

source: yoon yoon

SHARE