လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် ယွန်းယွန်းတုံ့ပြန်

ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အ၀ ရခဲ့သူလေးပါ။ ကလေးဘ၀တည်းက ပရိသတ်တွေက  အရမ်းချစ်ခဲ့ရတဲ့ သူလေးမို့ သူမ အရွယ်ရောက်လာချိန်မှာလည်း ယွန်းယွန်းရဲ့ အချစ်ရေးအခြေအနေကို အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။ မကြာသေးမီက သူမရဲ့ အချစ်ရေးသတင်းနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ မိန်းကလေး ပရိသတ်ရဲ့ အားပေးဝန်းရံမှုကို ရထားတဲ့ အုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့ တွဲနေကြတယ်ဆိုတဲ့ သတင်းပါ။

သူတို့နှစ်ယောက်ဟာ  ပြီးခဲ့နှစ်က သီချင်းဗီဒီယို အတူတူ ရိုက်ကူးခဲ့ကြသူတွေပါ။ MV ရိုက်ပြီးနောက်ပိုင်းကစပြီး တွဲနေကြတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ အုပ်စိုးခန့်က သူ့ရဲ့ IG မှာ လူ(၃)ယောက်တည်းကိုပဲ Follow ထားပါတယ်။ အုပ်စိုးခန့်ရဲ့ တစ်ဦးတည်းသော သူစိမ်း Follower မိန်းကလေးက ယွန်းယွန်းတစ်ယောက်တ ည်း ဖြစ်နေတယ်ဆိုတဲ့ အချက်ကလည်း ဒီလိုသတင်းတွေ ထွက်ပေါ်လာစေတဲ့ အချက်တွေထဲက တစ်ခုပါ။

READ
ပရိသတ်တစ်ယောက်ရဲ့ ဝေဖန်မှုကိုအသိအမှတ်ပြုခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

သူတို့နှစ်ယောက်က IG မှာ နှစ်ယောက်တွဲပုံ တင်ခဲ့ပါတယ်။ ယွန်းယွန်းကတော့ “Something different with 👽sk coming soon” လို့ ရေးထား နှစ်ယောက်တွဲပုံတင်ခဲ့ပါတယ်။ အုပ်စိုးခန့်ကတော့ ..” 🎥❤️…..” ဆိုပြီး အသည်းပုံ  Emoji နဲ့အတူ တင်ထားတာပါ။ အားလုံးက တကယ့်အခြေအနေမှန်ကို သိချင်နေကြ၊ စိတ်ဝင်စားနေကြပါတယ်။ ယွန်းယွန်း တင်ထားတဲ့ Fb Post တစ်ခုရဲ့အောက်မှာတော့ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သူမဘက်ကနေ ပြန်ဖြေရှင်းစေချင်နေကြတဲ့ သူတွေကို ယွန်းယွန်းက အခုလို ပြောခဲ့ပါတယ်။

ပြန်ဖြေရှင်းစေချင်တဲ့သူတွေက ညီမကို ချစ်လို့ ညီမအတွက်ပြောတာမှန်းသိပါတယ် 💛
ဒါပေမယ့် ကိုယ်တိုင်ပြန်ရှင်းတာထက် အချိန်ကစကားပြောတာပဲ ပိုကောင်းမယ်ထင်လို့ပါနော် 🙏🏻………………..” ဆိုပြီး ယွန်းယွန်းက ပြောထားပါတယ်။

Source: ယွန်းယွန်း၊ အုပ်စိုးခန့်

SHARE