တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ပရိသတ်အချစ်တော် မင်းသမီးလေး ယွန်းယွန်း

ကလေး သရုပ်ဆောင် ဘဝကတည်းက သူမရဲ့ အနုပညာစွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုတွေကို ရရှိထားတဲ့ အကယ်ဒမီ မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ယွန်းယွန်းကတော့ ချစ်စရာကောင်းတဲ့ တက္ကသိုလ်ကျောင်းသူလေးတောင်ဖြစ်နေပါပြီ။ သူမကတော့ ကျောင်းစာတွေလည်း မလစ်ဟင်းသလို အနုပညာအလုပ်တွေကို ကြိုးစားနေတဲ့ သူလေးတစ်ယောက်လည်းဖြစ်ပါတယ်။

ယွန်းယွန်းကတော့ ဒီကနေ့မှာ သူမရဲ့ ပွဲတက် ပုံရိပ်တွေကို ဖေ့စ်ဘုတ်ပေါ်ကနေ တစ်ဆင့် မျှဝေပေးထားပါသေးတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးနဲ့ အရမ်းကို လှသွေးကြွယ်နေတဲ့ ယွန်းယွန်းရဲ့ ပုံရိပ်တွေကိုတော့ ပရိသတ်တွေက အရမ်းကို သဘောကျနေကြပါတယ်။

ယွန်းယွန်းကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Yoon Yoon

SHARE