ဝိတ်ချရာတွင် အထောက်အကူဖြစ်စေမည့် နည်းလမ်းကောင်းများ

ဝနေလို့ဝိတ်ချချင်သူတွေအတွက် ၀ိတ်ချရာမှာ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကို ပြောပြချင်ပါတယ်။

(၁)ဗိုက်အပြည့်ဖြည့်ပြီးမှ ဈေးဝယ်ထွက်ပါ

ဗိုက်ထဲမှာဘာမှမစားထားပဲ ဈေးဝယ်ထွက်မယ်ဆိုရင်တော့ မြင့်မြင်သမျှကို အကုန်လိုက်စားမိပြီး ရှင်းရမယ့် Bill ကနည်းမှာ မဟုတ်ပါဘူး။ပီဇာ၊ဘာဂါ၊ကိတ်၊ဘီစကစ်နဲ့တခြား ကယ်လိုရီအရမ်းများတဲ့ အစားအစာတွေကို လည်း ရှောင်ဖို့ သတိရတော့ မှာမဟုတ်ပါဘူး။ဒါကြောင့် ဈေးဝယ်ထွက်မယ်ဆိုရင် အစာစားပြီးမှ ဈေးဝယ်ထွက်တာ အကောင်းဆုံးပါ။

timthumb.php

(၂)TV ကြော်ငြာတွေ လာနေချိန်မှာ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ

TV ဒရမ်မာဇာတ်လမ်းကောင်းတွေကို ကြည့်ရင်း ကြော်ငြာလာတဲ့အချိန်မျိုးတွေမှာဆို ဒီတိုင်းထိုင်မနေပဲ လမ်းလျှောက် တာ၊ကတာ၊ပြေးတာ အစရှိတဲ့ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို လုပ်ဆောင်ပါ။

(၃)မနက်စာ များများစားပါ

ဝိတ်ချချင်သူတွေဟာ မနက်စာကိုများများစားသင့်ပါတယ်။လူတော်တော်များများဟာ မနက်စာမစား တတ်ကြပါ ဘူး။တကယ်တော့ ဒီလိုမဖြစ်သင့်ပါဘူး မနက်စောစောမှာလိုအပ်တဲ့ အစာအာဟာရကို စားသုံးတာ ဟာ မဖြစ်မနေလုပ်ပေး သင့်တဲ့ အရာတစ်ခုပါ။

READ
ကိုယ်လုံးတီးအိပ်သင့်တဲ့ အကြောင်းရင်း (၈)ခု
Sad woman on diet with vegetables. Isolated on white background.
Sad woman on diet with vegetables. Isolated on white background.

(၄)လှေကား အသုံးပြုပါ

ဓါတ်လှေကားကို သုံးမယ့်အစား ရိုးရိုးလှေကားကို အသုံးပြုပေးပါ။တကယ်လို့ သင်နေတဲ့အခန်း (သို့)ရုံးဟာ တတိယ အထပ်မှာရှိမယ်ဆိုရင် ဓါတ်လှေကားကို သုံးမယ့်အစား ရိုးရိုးလှေကားကိုအသုံးပြုပေးပါ။

 

(၅)အရက်ဖြတ်ပါ

တကယ်လို့သင်ဟာဝိတ်ချဖို့ ကြိုးစားနေတဲ့သူဆိုရင်တော့ အရက်ဖြတ်ဖို့ အကြံပေးချင်ပါတယ်။အရက်သောက်ခြင်းဟာ သင်ဖြစ်ချင်တဲ့ ၀ိတ်ကျချင်တယ် ဆိုတဲ့ရည်မှန်းချက်မှာ အတားအဆီးတစ်ခုဖြစ်နေစေပါလိမ့်မယ်။ဒါကြောင့်လုံးဝမဖြတ်နိုင်ဘူး ဆိုရင်တော့ နည်းနည်းချင်းစီတော့ ဖြတ်ပေးဖို့ အကြံပြုပါရစေ။

(၆)အသီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ

အသီးနဲ့ဟင်းသီးဟင်းရွက်ကို များများစားပေးခြင်းဟာ ၀ိတ်ကျဖို့အတွက် အများကြီးအထောက်အကူဖြစ်စေနိုင်ပါတယ်။ အသီးနဲ့အရွက်တွေကိုမကြိုက်ဘူးဆိုရင်တော့ ရွေးချယ်စရာအသီးနဲ့ဟင်းသီးဟင်းရွက်အမျိုးအစားပေါင်း အများကြီးရှိတဲ့အ တွက် အားလုံးကိုမြည်းစမ်းကြည့်ရင်း မိမိကြိုက်နှစ်သက်တာတစ်ခုခုကို ရွေးချယ်စားသောက်ပေးပါလို့ တိုက်တွန်း ချင်ပါတယ်။

4f531d39bf7c0a2e307c79036aaeec43

(၇)ပန်းကန်သေးသေးလေးတွေကို အသုံးပြုပါ

ကိုယ်ကြိုက်တဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို လုံးဝချက်ချင်း မစားပဲမနေနိုင်ဘူးဆိုရင်တော့ပန်းကန်အသေးလေးေ တွကိုအသုံးပြုပေးပါ။ ပန်းကန်ကြီးကြီးတွေထဲမှာ ထည့်စားမယ့်အစား ပန်းကန်သေးသေးလေးတွေထဲမှာ ထည့်ပြီးစားတာဟာ အများကြီးမစားဖြစ်ပဲ နည်းနည်းပဲစားဖြစ်စေနိုင်ပါတယ်။

SHARE