ဒီလို ရည်းစားကောင်မလေးမျိုးရထားရင် သင်ဟာ ကံအကောင်းဆုံးယောက်ျားလေးပါ။

ဘဝလက်တွဲဖော်ရွေးတယ်ဆိုတာ အရေးကြီးပါတယ်။ ကိုယ့်ကိုနားလည်ပြီး တကယ်ချစ်တဲ့ ကောင်မလေးမျိုးရထားရင် တကယ်ကို ဂုဏ်ယူသင့်ပါတယ်။ ကိုယ်ရွေးချယ်တာမကောင်းရင်တော့ တစ်သက်လုံး  အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီလို အောက်က အချက်လေးတွေနဲ့ ညီတဲ့ကောင်မလေးမျိုး ပိုင်ဆိုင်ထားရင်တော့ ဘယ်တော့မှ လက်မလွှတ်ပါနဲ့။

(၁) သူမနဲ့သင် အကြိုက်တူတယ်။

အကြိုက်မတူတဲ့ အတွဲတွေလည်း အများကြီးရှိပါတယ်။ သူတို့ထဲမှာလည်း အဆင်ပြေနေတာတွေ အများကြီးပါပဲ။ ဒါပေမယ့် အကြိုက်ချင်းတူရင်တော့ တော်တော်လေး ပျော်ဖို့ကောင်းပါတယ်။ အကြိုက်ချင်းတူနေတဲ့အတွက် အတူတကွ လုပ်ဆောင်လို့ရတာတွေ အများကြီးပါပဲ။ အစားအစားမှာပါ အကြိုက်တူရင် ပိုတောင် ကောင်းပါသေးတယ်။ အကြိုက်မတူရင် တစ်ခါတစ်လေ ကိုယ်မစားချင်ပေမယ့် လိုက်စားပေးရင် ပေးရတတ်ပါတယ်။ အကြိုက်တူနေရင်တော့ ၂ယောက်သား အတူတူ အဝသာဆွဲပေတော့ပဲ။

(၂) အလုပ်နဲ့ပတ်သက်ပြီး ဝင်မရှုပ်ဘူး။

ယောက်ျားတစ်ယောက်ကို အလုပ်နဲ့ပတ်သက်ပြီး ဝင်မရှုပ်တာ တော်တော်လေး ကောင်းပါတယ်။ မိမိကို သူယုံကြည်ပြီး လေးစားကြောင်းလည်း ပြရာကြပါတယ်။ မရှုပ်ဘူးဆိုပေမယ့် သင်အကြံဥာဏ်တောင်းရင်တော့သူက ပေးမှာဖြစ်ပါတယ်။ လိုတာထက်ပိုပြီး ဝင်မရှုပ်တာကို ဆိုလိုတာပါ။

(၃) သင့်ရဲ့ရုပ်ရည်၊ ပိုင်ဆိုင်မှုကို ချစ်တာမဟုတ်ပဲ သင့်ကိုချစ်တာ။

ကိုယ့်ရဲ့ပိုင်ဆိုင်မှု၊ ကိုယ့်ရဲ့ ရုပ်ရည်တွေကို သဘောကျလို့ ချစ်တာမဟုတ်ပဲ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ချစ်တတ်တဲ့ မိန်းကလေးမျိုးရထားရင် သင်တကယ် ကံကောင်းလို့ပါ။ သူဟာ သင်နဲ့ အေးအတူပူအမျှ တစ်သက်လုံး အတူနေသွားမယ့် မိန်းကလေး မျိုးပါ။ သင်အောင်မြင်နေတဲ့အချိန် ပီတိတွေ မျှဝေခံစားသလို သင်ကျရှုံးတဲ့အချိန် သောကတွေလည်း မျှဝေ ခံယူ မယ့် မိန်းကလေးမျိုးပါ။

READ
သင့်ကိုယ်သင် “ဘုရင်မ”တစ်ယောက်လို ခံစားလာရအောင် ချစ်တဲ့ချစ်သူဆိုတာ……

(၄) သင့်ကိုယ်ပြောင်းလဲယူမှာ မဟုတ်ဘူး။

သင့်အတွက် အန္တရာယ်ရှိတဲ့ ကိစ္စမျိုးကလွဲလို့ ဟိုဟာ မလုပ်ရဘူး။ ဒီဟာ မလုပ်ရဘူး အလွန်အကျွံတားနေမှာ မဟုတ်ပါဘူး။ မိန်းကလေးတို့သဘာဝစိုးရိမ်လို့ တားတဲ့အရာတော့ ရှိချင်ရှိမှာပါ။ ဒါပေမယ့် သင့်ရဲ့ အကျင့်စရိုက်တွေကို ပြောင်းလဲ ယူတာမျိုး လုပ်မှာ မဟုတ်ပါဘူး။ ကန့်သတ်ချက်တွေနဲ့ သင့်ကို အကျဉ်းချမှာမဟုတ်ပါဘူး။

(၅) အားလပ်ချိန်တွေကို အပိုင်မစီးဘူး။

သင့်ရဲ့ အားလပ်ချိန် အားလုံးကို ဆိုးသလို ပုံစံမျိုးနဲ့ အနိုင်ကျင့်ပြီး ယူတတ်တဲ့ မိန်းကလေးတွေရှိပါတယ်။ ယောက်ျားလေး တော်တော်မျာများက ကိုယ်ပိုင်အားလပ်ချိန်လေး နည်းနည်းတောင် မရတဲ့ အခါ ဒေါသထွက်လာတတ်ပါတယ်။ အကယ်ရွေ့ သင့်အားလပ်ချိန်ကို သိပြီး သင့်ကို Space ပေးတတ်တဲ့ မိန်းကလေးမျိုး ရထားရင်တော့ သင်တော်တော် ကံကောင်းပါတယ်။ အဲ့ဒီလို မိန်းကလေးမျိုးက ရှားလို့ပါ။

READ
မွေးချင်းထဲမှာ အစ်မ/ညီမ ရှိသူတွေဟာ ပိုမိုကောင်းမွန်တဲ့လူတွေ ဖြစ်နိုင်ကြောင်းသိရ

(၆) သူမရဲ့ရင်ခွင်ဟာ သောကတွေ ကင်းဝေးတဲ့နေရာ။

သင့်ရဲ့အပူတွေကို ဝေမျှတတ်သူ၊ သင်စိတ်ညစ်နေချိန်မှာ ပြုံးပျော်အောင် လုပ်သူ၊ သင်ရဲ့ စိတ်ညစ်စရာတွေကို နားထောင်ပေးသူ၊ဒီလိုမျိုး မိန်းကလေးမျိုးရထားရင်တော့ သင်ဟာ ထီပေါက်တဲ့ လူတစ်ယောက်လိုပါပဲ။ သူမက သင့်ရဲ့စိတ်ညစ်စရာတွေကို မျှဝေခံစားပါလိမ့်မယ်။ သင်တစ်ယောက်တည်း ဘယ်တော့မှ အထီးကျန် အားငယ်ရမှာ မဟုတ်ပါဘူး။

(၇)  နားပူနားဆာမလုပ်ဘူး။

သင့်ရဲ့ ဘဏ္ဍာရေး အခြေအနေကို နားလည်သူလေးပါ။ သင်တတ်နိုင်လား မသိ၊ မတတ်နိုင်လား မသိ သူလိုချင်တာပဲ ပူဆာမယ့် မိန်းကလေးမျိုး မဟုတ်ပါဘူး။ သင့်ရဲ့ အရိပ်အကဲ၊ သင့်အခြေအနေကို သိပြီး သင့်တော်မှ ပိုက်ဆံကုန်မယ့် အရာတွေကို ပူဆာတတ်သူလေးပါ။ ဒီလိုမျိုးလေးဆိုရင်တော့ သင်တော်တော်ကံကောင်းလို့ပါ။

SHARE