သင့်ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်မလုံလောက်တော့တဲ့အခါ …

ပရိုတင်းဓာတ်က ခန္ဓာကိုယ်လှုပ်ရှားနိုင်ဖို့အတွက် လိုအပ်ပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်ထဲမှာရှိသမျှဆဲလ်တွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ပရိုတင်းဟာ ခန္ဓာကိုယ်ရဲ့အရိုးတွေ ၊ ကြွက်သားတွေ၊ အရိုးနုတွေနဲ့ အသားအရေအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ် မလုံလောက်တော့ဘူးဆိုရင်တော့ …

(၁) ကြွက်သားတွေအားနည်းလာမယ်

သင့်ခန္ဓာကိုယ့်မှာ ပရိုတင်းဓာတ်တွေလိုလာပြီဆိုရင် ကြွက်သားတွေ၊ ဒူးဆစ်တွေအားနည်းလာမယ်။ ဒီလိုဓာတ်ချို့ယွင်းလာရင် ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေက သိသိသာသာအားနည်းလာမယ်။ အသက်အရွယ်ကြီးလာတာနဲ့ ကြွက်သားတွေအားနည်းပြီး အရိုးအဆစ်တွေနာလာမယ်။ ပရိုတင်းဓာတ်ပါတာတွေကိုစားတာနည်းလို့ ပရိုတင်းဓာတ်မလုံလောက်တာပါ။

(၂) ဆံသားတွေ မကောင်းတော့ဘူး

ပရိုတင်းဓာတ်က ဆံသားအတွက်ကောင်းစေပါတယ်။ ဆဲလ်တွေအတွက် ပရိုတင်းဓာတ်လိုအပ်တယ်။ အဲ့ဒါကြောင့် ပရိုတင်းပါတဲ့အစာအစားတွေကို  များများစားပေးပါ။ သင့်ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်လိုနေပြီဆိုရင် ဆံသားတွေခြောက်လာတတ်တယ်။ ဆံသားအတွက်လည်း ပရိုတင်းပါတာတွေကို စားပေးရမှာပါ။

(၃) လက်သည်း၊ ခြေသည်းတွေမှာ အစင်းကြောင်းတွေထင်နေမယ်

လက်သည်းခြေသည်းတွေ ပွန်းပဲ့ပြီး အစင်းကြောင်းတွေထင်နေတယ်ဆိုရင် ပရိုတင်းဓာတ် မလုံလောက်လို့ပါ။ သင့်ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်လိုနေတယ်ဆိုရင် ဆဲလ်တွေက ပုံမှန်အလုပ်မလုပ်တော့လို့ လက်သည်း၊ ခြေသည်းတွေမှာ အစင်းကြောင်းထင်နေတတ်တယ်။ အဲ့လို လက်သည်း၊ ခြေသည်းတွေမှာ အစင်းကြောင်းထင်နေပြီဆိုရင် ပရိုတင်းပါတာတွေကို များများစားပေးပါ။

READ
Schizophrenia ရောဂါကိုသက်သာစေနိုင်တဲ့အစွမ်းသတ္တိတွေနဲ့ ပန်းဂေါ်ဖီစိမ်း

(၄) အိပ်မပျော်တော့ဘူး

ဦးနှောက်က ညဘက်အိပ်ပော်ျနိုင်စေတဲ့ဟော်မုန်းအားလုံးကို ထိန်းပေးတယ်။ သင့်ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်ချို့ယွင်းနေပြီဆိုရင် ဦးနှောက်ကလည်း ထိန်းချုပ်နိုင်စွမ်းတွေ လျော့နည်းသွားတတ်တယ်။ အဲဒါကြောင့် အိပ်မပျော်တော့တာပါ။ ပရိုတင်းဓာတ်မလုံလောက်ဘူးဆိုရင် ညဘက်တွေ အိပ်ရမှာခက်လာတယ်။ ဒီလိုအိပ်မပျော်တော့ဘူးဆိုရင် ပရိုတင်းဓာတ်ပါတာတွေကို များများစားပေးပါ။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE