Figure အရုပ်လေးတွေထွက်လာပြီဖြစ်တဲ့ Ghana နိုင်ငံက အသုဘအကသမားများ

အခုလက်ရှိ ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ လူသေအခေါင်းကို သယ်ပြီး ကနေကြတဲ့ ဂါနာနိုင်ငံက အမျိုးသား(၆)ယောက်အဖွဲ့ကို လူတိုင်းလိုလို တွေ့ဖူးကြမှာပါ။ တစ်ချို့ကတော့ ဒီအမျိုးသားတွေဟာ လူသေတဲ့အသုဘလိုနေရာမှာ ပျော်ရွှင်စွာကခုန်နေတာကို အထူးအဆန်းဖြစ်ကြသလို တစ်ချို့ကြတော့လည်း ထုံးတမ်းအစဉ်အလာအရ ကနေကြတယ်လို့ ထင်နေကြပါတယ်။ တစ်ကယ်တမ်းကတော့ သူတို့ကတာဟာ အသုဘရှင်ဌားလို့ ကတာသက်သက်ဖြစ်ကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Facebook/JMG 1/64 Miniatures

အခုတော့ သူတို့ပုံစံ ပြုလုပ်ထားတဲ့ Figure အရုပ်လေးတွေ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ဒီ Figure အရုပ်လေးတွေကိုတော့ ဟောင်ကောင်အခြေစိုက် Figure အရုပ်ထုတ်လုပ်တဲ့ ကုမ္ပဏီ JMG 1/64 Miniatures က ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့အရုပ်လေးတွေဟာ ပုံစံနှစ်မျိုးနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ တစ်ရုပ်က ၄၉ ဒေါ်လာကျသင့်မှာဖြစ်ပြီး နောက်တစ်ရုပ်ကတော့ ဒေါ်လာ ၄၀ ပဲ ဖြစ်ပါတယ်။ ဒီဈေးတွေကတော့ Shipping အဖိုးအခမပါပဲ အရုပ်ချည်းပဲ သီးသန့်ဈေးပဲ ဖြစ်ပါတယ်။

READ
သားအရင်းကိုလိင်ကိစ္စအတွက် နားပူနားဆာတဲ့မိခင်ကို သားဖြစ်သူက ဓားနဲ့ထိုးသတ်
Facebook/JMG 1/64 Miniatures

ပထမအရုပ်ပုံစံကတော့ လူ ၆ ယောက်က အခေါင်းထမ်းထားပြီး အရှေ့ကတစ်ယောက်က လမ်းလျှောက်နေတဲ့ ပုံပဲဖြစ်ပါတယ်။ ဒုတိယပုံစံကတော့ လူလေးယောက်က မှောက်ခုံအနေအထားနဲ့ အခေါင်းကို ထမ်းထားပြီး ရှေ့ကတစ်ယောက်က လမ်းလျှောက်နေတဲ့ပုံပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပုံလေးတွေကတော့ တော်တော်ချစ်ဖို့ ကောင်းတာဖြစ်တဲ့အတွက်ကြောင့် နှစ်ရုပ်လုံးဝယ်ထားမယ်ဆိုရင်လဲ မမှားပါဘူး။

 

ဒီလိုအခေါင်းထမ်းပြီး ကတာကတော့ Ghana နိုင်ငံမှာ ရိုးရာဓလေ့တစ်ခုတော့ မဟုတ်ပါဘူး။ “ လူသေလို့ အသုဘမှာ အခေါင်းထမ်းဖို့ လာငှားပြီဆိုတာနဲ့ ကျွန်တော် မေးတာတစ်ခုပါပဲ။ ဒီအတိုင်းထမ်းရုံသက်သက်ပဲလား ဒါမှမဟုတ် ကခုန်တာလေးတွေကော ထည့်ချင်သေးလားဆိုတာပါပဲ။ ရိုးရိုးထမ်းတာနဲ့ ကခုန်ပြီး ထမ်းတာက ကွာတယ်ဆိုတာကတော့ ကျွန်တော်တို့ကို ငှားဖူးတဲ့သူတိုင်း သိကြပါတယ်” လို့ အဆိုပါအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ Benjamin Aidoo က ပြောကြားခဲ့ပါတယ်။

READ
အိမ်မှာ အနားယူရင်း အမိုက်စား တင်းနစ်ရိုက်ကွက်တွေကို ပြသခဲ့တဲ့ Roger Federer

Pyi Hein Kyaw

SHARE