အသားအရေခြောက်သူတွေအတွက် နေ့စဉ်လုပ်ပေးသင့်တဲ့ အသားအရေထိန်းသိမ်းနည်းများ

အသားးအရေ ခြောက်သူတွေအတွက် အသားအရေ ထိန်းသိမ်းဖို့ဆိုတာ အဆီပြန်တဲ့အသားရေလိုပဲ ထိန်းသိမ်းဖို့ခက်ပါတယ်။ အသားအရေခြောက်တာနဲ့အတူ ယားယံလာတတ်တယ် ၊ အဖတ်တွေဖြစ်လာတတ်တယ် ၊ sensitive skin လိုမျိုးဖြစ်လာတတ်တယ်။ ဒါကြောင့် ဒီပြသနာတွေကို ဖြေရှင်းပစ်ဖို့လိုပါတယ်။ အခုဖော်ပြပေးမှာကတော့ နေ့စဉ်လုပ်ပေးသင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းပဲ ဖြစ်ပါတယ်။

(၁) မနက်ပိုင်း

အဆင့် (၁) ။ ပထမဆုံးလုပ်ပေးရမှာက ရေအေးလေးနဲ့ မျက်နှာကိုပတ်ပေးပါ ၊ ဒီလိုလုပ်ပေးတာက လန်းဆန်းသွားစေနိုင်လို့ပါ။
အဆင့် (၂) ။ ပြီးရင် moisturizing ပါတဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးပါ။ အတတ်နိုင်ဆုံး ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ ပစ္စည်းတွေကိုသာ ရွေးချယ်ပေးပါ။
အဆင့် (၃) ။ ဒါပြီးရင်တော့ အစိုဓာတ်ပါတဲ့ toner သုံးပေးပါ။ Rose Water ကတော့ အကောင်းဆုံးနဲ့ သုံးသင့်တဲံ သဘာဝပစ္စည်းမျိုးပဲဖြစ်ပါတယ်။
အဆင် (၄) ။ နောက်တစ်ဆင့်ကတော့ အစိုဓာတ်နဲ့ထိန်းသိမ်းရပါမယ်။ သင့်အသားအရေပေါ်ကို အစိုဓာတ်ပါတဲံ့ moisturizer တစ်မျိုးကို လိမ်းပေးပါ။
အဆင့် (၅) ။ suncreen လိမ်းဖို့အဆင့်ရောက်ပါပြီ။ အပြင်သွားမယ် ဆိုရင်တော့ SPF 30 နဲ့အထက်ရှိတဲ့ suncreen မျိုးကိုသုံးပေးပါ။
အဆင့် (၆) ။ မိတ်ကပ်ရွေးတဲ့အခါမှာ အစိုဓာတ်ပါတဲ့ bb cream ၊ concealers တို့ကို သုံးပေးပါ။

(၂) နေ့လည်ပိုင်း

အဆင့် (၁) ။ မနက်ပိုင်း ပြီးရင် နေ့လည်ပိုင်းအတွက် ခြောက်နေတဲ့ အသားအရေနေရာကို moisturizer နည်းနည်းပွတ်လိမ်းပေးပါ။
အဆင့် (၂) ။ နှုတ်ခမ်းကိုပါ ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။ ဒါကြောင့် နေ့ပိုင်းမှာ နှုတ်ခမ်းသားစိုပြေနေစေဖို့ lips balm ကိုဆောင်ပေးပါ။
အဆင့် (၃) ။ အသားအရေ မခြောက်အောင် ထိန်းသိမ်းဖို့ဆိုရင် ရေများများသောက်ဖို့ လိုပါတယ်။ ရေများများ မသောက်ဘူးဆိုရင် ရေဓာတ်ပါတဲ့ အသီးတွေ ၊ အစားအစာတွေကို စားပေးပါ။
အဆင် (၄) ။ ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။ သင့်အသားအရေ ပြောင်တင်းပြီး စိုပြေချင်ရင် ဆီကြော်တွေကို ရှောင်ပေးပြီး ပြုတ်ထားတဲ့ အစားအစာတွေကို စားပေးပါ။

(၃) ညပိုင်း

အဆင့် (၁) ။ ညအိပ်ရာဝင်ခါနီး skincare လုပ်ပေးဖို့က အရေးကြီးဆုံးပါပဲ။ ညပိုင်းကို skincare လုပ်ပေးမှ မနက်ကျရင် အသားအရေလေးက စိုပြေ ၊ တင်းရင်းလာမှာပါ။ ညအတွက် ထုတ်ထားတဲ့ အစိုဓာတ်ပါတဲ့ ပစ္စည်းမျိုးကို ရွေးသုံးပေးပါ။
အဆင့် (၂) ။ အိမ်ကို ပြန်ရောက်တာနဲ့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ် ၊ မိတ်ကပ်ဖျက်ဖို့အတွက်လည်း cleansing oil ကိုသုံးပေးပါ။
အဆင့် (၃) ။ မနက်က လုပ်သလိုမျိုး မျက်နှာသစ်ပေးပါ။ မျက်နှာသစ်ပြီးရင်တော့ night cream တစ်မျိုးမျိုးကိုလိမ်းပေးပါ။
အဆင် (၄) ။ အိပ်ရေးဝအောင် အိပ်ပါ။ အသားအရေလှခြင်း၊ မလှခြင်းက အိပ်ရေး၀၀ အိပ်ခြင်း ၊ မအိပ်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

Hannwe Soe

SHARE