ဒီနိုင်ငံတွေမှာ ဒီလိုထူးထူးဆန်းဆန်းအရာတွေကို တရားဝင်လုပ်လို့ရပါတယ်

Elite Readers

စည်းကမ်းတားမြစ်ချက်တွေကို လူတော်တော်များများ အနေကြပ်လို့ မုန်းကြမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ဒီတားမြစ်ချက်တွေဟာလည်း လူတွေကို အန္တရာယ်ဖြစ်စေတာတွေ အကျိုးယုတ်တာမျိုးတွေ မဖြစ်အောင် ထားထားပေးရတာပဲ မဟုတ်လား။ အခုခေါင်းစဉ်အောက်မှာ ဖော်ပြပေးမယ့် အကြောင်းအရာတွေကတော့ မတူညီတဲ့နိုင်ငံတွေက ခွင့်ပြုပေးထားတဲ့ ခွင့်ပြုချက် အဆန်းတွေပဲဖြစ်ပါတယ်။ ခွင့်ပြုထားတဲ့နိုင်ငံမှာပဲမဟုတ်ဘဲ အခြားနိုင်ငံမှာသွားလုပ်မိရင် ထောင်နန်းဆန်ရနိုင်မယ့် ခွင့်ပြုချက်တွေပဲဖြစ်ပါတယ်။

ဥပမာ နယ်သာလန်နိုင်ငံမှာ ပန်းချီကားတွေ ခိုးနိုင်တာတို့၊ ဟောင်ကောင်မှာ ကိုယ့်ယောက်ျားကိုကိုယ် ပြန်သတ်လို့ရနိုင်တာတို့လိုမျိုးပေါ့။ ဒီလိုမျိုး အထူးအဆန်းဖြစ်နိုင်မယ့် ခွင့်ပြုချက်တွေရှိနေတဲ့ နိုင်ငံ (၁၀) နိုင်ငံကို ဖော်ပြပေးချင်ပါတယ်။ ဒါတွေကို ဖတ်ပြီးသိလိုက်တဲ့အခါ ရူးသွပ်သွားစေမယ်လို့ အာမခံပါတယ်နော်။

(၁) အမေရိကမှာ minigun (machine gun) တွေ တရားဝင် ကိုင်ဆောင်လို့ရပါတယ်။

Citybase Apartments
Citybase Apartments

အမေရိကန် အမျိုးသားလက်နက်အက်ဥပဒေ (၁၉၈၆) အရ ဒီဥပဒေမပြဌန်းခင်အချိန်အထိ ထုတ်လုပ်ခဲ့တဲ့ လက်နှက်တွေမှန်သမျှ သိမ်းထားခွင့်ရှိပါတယ်။ ဒါပေမယ့် အပြင်ကို ယူမထုတ်သွားဘဲ အိမ်မှာပဲ ထားရမှာပါ။ ဒီနှစ်မတိုင်ခင်အတွင်း ထုတ်လုပ်ထားခဲ့တဲ့ miniguns တွေဟာ (၁၁) ခုပဲ ရှိပါတယ်။ သူတို့ကို ပိုင်ချင်တယ်ဆိုရင်တော့ အထူး Class 2 Firearms လိုင်စင်နဲ့ အစိုးရကို သွင်းဖို့ ပိုက်ဆံတွေ တနင့်ကြီးလိုလို့ တော်သေးတာပေါ့။

(၂) အိန္ဒိယမှာ တိရိစ္ဆာန်တွေနဲ့ လက်ထပ်ခြင်းဟာ တရားဝင်ပါတယ်။

Citybase Apartments

အိန္ဒိယမှာတော့ လူနဲ့ ဘယ်တိရိစ္ဆာန်မျိုးမဆို တရားဝင်လက်ထပ်ယူလို့ရပါတယ်။ အထင်ရှားဆုံးလက်ထပ်ပွဲကတော့ ၂၀၀၇ ခုနှစ်တုန်းက ခွေးနဲ့လက်ထပ်ယူခဲ့တဲ့ အမျိုးသားပဲဖြစ်ပါတယ်။ ဒီအမျိုးသားဟာ ငယ်စဉ်က ခွေးနှစ်ကောင်ကို သတ်ဖူးတဲ့အတွက် စိတ်ရောဂါရကာ ဘဝတစ်လျှောက်လုံး ခြောက်လှန့်ခံနေခဲ့ရပါတယ်။ ဒါကြောင့် အကောင်းဆုံးစိတ်ဖြေဆေးကတော့ ခွေးကို လက်ထပ်ယူဖို့ပါပဲတဲ့။

READ
နာမည်ကြီးလွန်းတဲ့သရဲမMary အကြောင်း တစ်စေ့တစ်စောင်း

(၃) နယ်သာလန်မှာ ပန်းချီကားတွေခိုးတာဟာ တရားဝင်ပါတယ်။

Citybase Apartments

နယ်သာလန်မှာတော့ ပန်းချီကားချပ်တွေကို ခိုးပြီး တရားဝင်ပြန်ရောင်းလို့ရပါတယ်။ ဒီနေရာမှာ စည်းကမ်းချက်ကတော့ ခိုးပြီး နှစ် (၂၀) ကြာမှ ကိုယ်ပိုင်ဆိုင်ကြောင်း တရားဝင်မှာဖြစ်တဲ့အတွက် နှစ် (၂၀ ) မတိုင်ခင် ထုတ်ရောင်းရင်တော့ အဖမ်းခံရမှာပဲဖြစ်ပါတယ်။

(၄) ကားမှာ Flamethrower ကို တောင်အာဖရိကမှာ တရားဝင်တပ်ခွင့်ပေးထားပါတယ်။

Citybase Apartments

“Blaster” လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးဟာ တပ်ထားတဲ့နေရာကနေ ငါးမီတာအကွာအထိ မီးတောက်တွေ မှုတ်ထုတ်နိုင်ပါတယ်။ ဒါကိုတော့ တောင်အမေရိကမှာ ကားခိုးမှုတွေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် မော်တော်ကားတွေမှာ တရားဝင် တပ်ဆင်ခွင့်ပြုထားပါတယ်။

(၅) ဝတ်လစ်စလစ်နဲ့လမ်းလျှောက်တာကို ခွင့်ပြုထားတဲ့ စပိန်နိုင်ငံ။

Citybase Apartments

တချို့ကမ်းခြေတွေမှာ ဝတ်လစ်စလစ်နဲ့ နေပူဆာလှုံတာတွေနဲ့ သွားလာလှုပ်ရှားတာတွေကို ခွင့်ပြုတာတွေ သိကြမှာပါ။ စပိန်နိုင်ငံမှာတော့ ဒီအခွင့်အရေးဟာ အခြားလူမြင်ကွင်းတွေမှာလည်း ခွင့်ပြုထားပြီး “Inalienable Human Right” အနေနဲ့ပါ အကျုံးဝင်ပါတယ်။

(၆) ဒဏ္ဍာရီလာသတ္တဝါများအဖြစ် ကိုယ့်ကိုယ်ကို တရားဝင်သတ်မှတ်လို့ရနိုင်တဲ့ ရုရှား။

Citybase Apartments

ခင်ဗျားမျာ နဂါးဖြစ်ချင်တဲ့ စိတ်ကူးရှိဖူးပါသလား။ ဒါဆိုရင်တော့ ရုရှားကို သွားနိုင်ပါပြီ။ ရုရှားမှာ နဂါးသာမက တည်ရှိမှုမသေချာတဲ့ သတ္တဝါတွေဖြစ်တဲ့ နတ်သငယ်တို့ hobbit တို့ မှောဆရာ Martain တို့လိုမျိုးတွေကို ကိုယ့်ရဲ့လူမျိုးစုနေရာမှာ တရားဝင်ထည့်သွင်းဖို့အတွက် ခွင့်ပြုထားပါတယ်။

READ
လူအနည်းစုသာ သိထားသေးတဲ့ iPhone ရဲ့ အသုံးပြုပုံ (၃) ခု

(၇) ဟောင်ကောင်မှာ ကိုယ့်ယောက်ျားကိုကိုယ် တရားဝင် ပြန်သတ်လို့ရနိုင်ပါတယ်။

Citybase Apartments

ဟောင်ကောင်မှာတော့ တကယ်ကြီး ကိုယ့်ယောက်ျားကိုယ်ကို ပြန်သတ်တာဟာ တရားဝင်ပါတယ်။ ဒါပေမယ့် ယောက်ျားမှာတော့ ဖောက်ပြန်တာတွေ၊ တာဝန်အရမ်းမကျေတာတွေ စတဲ့ပြစ်ချက်တွေ ရှိနေဖို့တော့ လိုအပ်ပါတယ်။ နောက်တစ်ခုကတော့ သတ်တဲ့အခါ ဘာလက်နှက်မှအသုံးမပြုဘဲ လက်ဗလာနဲ့သတ်ရမှာဖြစ်ပြီး ကြိုတင်ကြံစည်ထားတာမျိုးလည်း မဖြစ်နေရပါဘူးဆိုတဲ့ စည်းကမ်းချက်လေးတွေတော့ ရှိနေတာပေါ့။

(၈) ကလေးတွေကို အိမ်မှာတစ်ယောက်တည်းထားခွင့် ရုရှားမှာ ရှိပါတယ်။

Citybase Apartments

တခြားနိုင်ငံတွေမှာဆို ဒီကိစ္စဟာ ပြင်းပြင်းထန်ထန် အရေးယူခံရနိုင်တဲ့ ကိစ္စပါ။ UK မှာဆိုရင် အိမ်မှာ တစ်ယောက်တည်းနေခွင့်ကို အသက်ကန့်သတ်ပြီးတောင် စည်းကမ်းချက်ထုတ်ပြန်ထားတာပါ။ ရုရှားမှာကတော့ ဘယ်အရွယ်ကလေးဖြစ်ဖြစ် တစ်ယောက်တည်းထားခဲ့လည်း အေးဆေးပါပဲ။

(၉) ကလေးတွေဆိုရင် လမ်းဘေးမှာအပေါ့သွားဖို့ ခွင့်ပြုပေးထားတဲ့ တရုတ်နိုင်ငံ။

Citybase Apartments

တရုတ်ပြည်က လူဦးရေအရမ်းကိုထူထပ်နေတဲ့အတွက် တစ်ခါမှမတွေးမိခဲ့တဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် အကယ်၍များ လမ်းမှာ အိမ်သာမတွေ့ခဲ့ပါက မိဘတွေက ကလေးတွေကို လမ်းဘေးမှာပဲ ရှူးရှူးတည်နိုင်ပါတယ်။

(၁၀) အင်္ဂလန်မှာ တင့်ကားမောင်းကြမယ်။

Citybase Apartments

မယုံမရှိပါနဲ့၊ အင်္ဂလန်မှာတကယ်ပဲ တင့်ကားမောင်းနိုင်ပါတယ်။ အင်္ဂလန်မှ မဟုတ်ပါဘူး။ အခုဆို နိုင်ငံတော်တော်များများမှာ အတွေ့အကြုံကို ခံစားစေရုံသက်သက်နဲ့ တင့်ကားတွေ ပေးမောင်းနေပါပြီ။

Source : Elite Readers

Penny

SHARE