လဲလျောင်းပြီးပါ အလုပ်,လုပ်နိုင်မယ့် နောက်ဆုံးပေါ် အလုပ်စားပွဲခုံ အသစ်

[email protected]

လုပ်ငန်းခွင်ဟာ လူတွေတစ်နေ့လုံးကို သိမ်းပိုက်ထားတဲ့နေရာတစ်ခုဆိုလည်း မမှားပါဘူး။ တစ်နေ့မှာ ၂၄နာရီရှိတယ်ပဲပြောပြော မနက်နိုးတာနဲ့ အလုပ်သွားပြီး ညနေရုံးဆင်းတော့လည်း ကားလမ်းပိတ်တာနဲ့ ပိမ်ကို ညမှ ပြန်ရောက်ကြတာ လူတိုင်းနီးနီးပါပဲ။ အလုပ်မှာလည်း တစ်နေကုန် ကွန်ပျူတာအရှေ့မှာ ထိုင်ပြီး အလုပ်လုပ်တာ ဘယ်လောက်ပင်ပန်းလဲဆိုတာ အလုပ်လုပ်တဲ့သူတိုင်း သိကြမှာပါ။ ဒါဆိုထိုင်ပြီး အလုပ်လုပ်ရတာ ပင်ပန်းတယ်ဆိုရင် အိပ်ပြီး အလုပ်လုပ်ကြည့်ဖို့ကော စဉ်းစားဖူးလား။

ALTWORK.com

အိပ်ပြီး အလုပ်လုပ်ဖို့ကို မဖြစ်နိုင်ဘူးလို့ လူတိုင်းနီးပါးထင်နေကြလိမ့်မယ်။ အရင်ကမဖြစ်နိုင်ခဲ့ပေမယ့် အခု ဖြစ်နိုင်သွားပါပြီ။ ကုမ္ပဏီတစ်ခုကနေ အိပ်ပြီးအလုပ်လုပ်နိုင်မယ့် အလုပ်စားပွဲတစ်ခုကို တီထွင်လိုက်ပါပြီ။ အမှန်တော့ အိပ်ပြီးအလုပ်လုပ်နိုင်တဲ့ အလုပ်စားပွဲဆိုတာထက် အရာအားလုံးနဲ့ ချိတ်ဆက်ထားပြီးသားထိုင်ခုံလို့ နာမည်ပေးလိုက်ရင် ပိုမှန်ပါမယ်။
The Altwork Station က ထုတ်လုပ်လိုက်တဲ့ ဒီပစ္စည်းဟာ သင့်ရဲ့ခန္ဓာကိုယ်ကို ကီးဘုတ်၊မောက်စ်၊ မော်နီတာ ၊စားပွဲခုံ အစရှိတာတွေနဲ့ အလွယ်တကူချိတ်ဆက်အလုပလုက်နိုင်အောင် ပြုလုပ်ပေးထားမှာ ဖြစ်ပြီး သင့်ကို အရမ်းသက်တောင့်သက်သာ ဖြစ်စေမှာပါ”လို့ ကုမ္ပဏီရဲ့ websiteမှာ ဖော်ပြထားပါတယ်။

READ
ရေထည့်ပြီး မိုင်ရာချီမောင်းနှင်နိုင်တဲ့ ရေစွမ်းအင်သုံးကားတီထွင်လိုက်တဲ့ တရုတ်ကုမ္ပဏီ

အဆိုပါထိုင်ခုံရဲ့ဈေးကိုတော့ လက်ရှိမှာ ဒေါ်လာ၇,၆၀၀လို့သတ်မှတ်ထားပါတယ်။ ဒါ့အပြင်ထိုင်ခုံရဲ့အားသာချက်က ပစ္စည်းဘယ်လောက်တင်ထားထား ရွေ့လျားသွားတဲ့ နေရာပေါ်မူတည်ပြီး ပစ္စည်းအလေးချိန်ကို စက်က အလိုအလျောက်ထိန်းညှိပေးသွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် ထိုင်ခုံကို ၁၃၅ဒီဂရီအထိပါလှည့်နိုင်ကြောင်း သိရှိရပါတယ်။

ALTWORK.com

Pyi Hein Kyaw

SHARE