ခရီးသွားတွေကြား ရေပန်းစားနေတဲ့ မျက်ရည်စက်ပုံစံ ယာယီတဲများ

Image:twitter/@BrandiKHOU

ခရီးသွားတဲ့ အခါ မှာ ဟိုတယ်တွေမှာ တည်းတာထက် သဘာဝ အလှအ ပ တွေ ကို ခံစားပြီး မတူညီတဲ့ ပုံစံ မျိုးနဲ့ အနားယူ တည်းခိုချင်သူတွေ အတွက် ထူးခြားတဲ့ တဲ လေးတွေ ရှိပါတယ်။အဲ့ဒါ တွေ ကိုတော့ ဘယ်လ်ဂျီယံ နိုင်ငံ Borgloon မြို့မှာတည်ရှိတာပါ။သစ်ပင်တွေ မှာ ချိတ် ဆွဲ ထားတဲ့ ဒီလို ယာယီ တဲ လေးတွေရဲ့ အ ကြောင်းကိုတော့ Boredpanda မှာ ဖော် ပြထားတာပါ။

မျက်ရည် စက်ပုံစံ တဲ ဒီဇိုင်းတွေ က တော့ (၁၉၉၀)လောက်တုန်းက ဒတ်ခ်ျ ဒီဇိုင်နာ Dré Wapenaar က စတင် ဖန် တီးခဲ့တာပါ။ပတ်ဝန်းကျင် တက်ကြွ လှုပ်ရှားသူတွေ ကို အားပေး ထောက်ခံ တဲ့ အနေနဲ့  မျက်ရည်ပုံတဲ တွေကို ဖန် တီးခဲ့တာပါ။လက်ရှိ တဲ တွေ ကိုတော့ Borgloon မြို့က တော အုပ် တစ်ခု ထဲက သစ်ပင်တွေ မှာ ချိတ် ဆွဲ ထား တာပါ။တဲတွေ ထဲမှာတော့ အိပ်ရာ၊ခုံရှည် တန်းလျား၊ပြူ တင်း ပေါက်၊လှေခါး တို့ ပါပါတယ်။တဲထဲကို ၀င်ဖို့ ထွက်ဖို့ အတွက် က တော့ လှေကားကို အသုံးပြု ရမှာပါ။တဲ တွေက တော့ ဘယ်လောက်ထိ ခရီးသွားတွေ အကြိုက်တွေ့ လဲ ဆိုရင် နွေရာသီတိုင်း ဘိုကင် တွေ ပြည့်တဲ့ အထိ လူကြိုက်များတာပါ။

တဲတွေကို ပိုများများရှိရင်တော့ ဇူလိုင် နဲ့ သြဂုတ်လ တွေမှာပါ တည်းနိုင်အောင် စီစဉ် ပေးပါတယ်။အစိုးရ ရဲ့ လမ်းညွှန် ချက် တွေ နဲ့ အညီ နိုင်ငံ အတွင်း ခရီးသွားချင်သူတွေ အတွက် တော့ အဆင် ပြေ မယ်လို့ ယုံကြည် ကြောင်း Borglo on ခရီးသွားလုပ်ငန်းရဲ့ အကြီးအကဲ တစ်ဦးက ပြော ပါတယ်။

တစ်ည တည်းခို စရိတ် က တော့ တဲ တစ်ခုကို အ မေရိကန် ဒေါ်လာ (၈၂) ဒေါ်လာ ကျ သင့် မှာပါ။“တဲ တွေ လုပ်ရတာ အရေးဈေးကြီးပါတယ်။အထဲ ကို ဒီဇိုင်း မတူတာတွေ လုပ်ရတယ်။ကျ တော်က product designer ကောင်း မဟုတ်၊Artist  ကောင်းတော့ မဟုတ် ပါဘူး.. ” လို့  ဒီဇိုင်နာ Wapenaar က ပြောခဲ့ပါတယ်။ တဲ တွေ ကိုတော့ စက်တင်ဘာ (၃၀)အထိ ငှားရမ်းတည်းခို လို့ရနိုင် ပါတယ်။

READ
အလည်အပတ်သွားသင့်တဲ့ ကမ္ဘာ့အလှဆုံး ထိပ်တန်းနိုင်ငံ(၁၀) နိုင်ငံ

 

#SHWEMOM

SHARE