Horror ရုပ်ရှင်ကား (၁၃)ကားကို တစ်ယောက်တည်း ထိုင်ကြည့်ရုံနဲ့ ပိုက်ဆံရမယ့် အခွင့်အရေး

Imdb/IT:Chapter-2

ရုပ်ရှင်တွေကြည့်ရင်း ပိုက်ဆံတွေရမယ်လို့ပြောရင် မယုံမရှိလိုက်ပါနဲ့ Horror စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ ဇာတ်ကား ၁၃ ကားကို Halloween ညမှာ တစ်ယောက်တည်းကြည့်မယ်ဆိုရင် USdish company က ဆုအဖြစ်အမေရိကန်ဒေါ်လာ ၁,၃၀၀ ပေးသွားမှာပါ။

Stephen King ကတော့ Horror Movie Fan တွေမသိတဲ့သူ ရှားပါတယ်  သူရေးခဲ့တဲ့ Horror ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းခဲ့ရာမှာတော့  IT , The Shinning , The Mist , Carrie စသဖြင့် လူသိများ ထင်ရှားတဲ့ ရုပ်ရှင်တွေ အများကြီးပါ။

 

Stephen King ရေးခဲ့တဲ့ ဝတ္ထုတွေက ရုပ်ရှင်ပြန်ရိုက်ထားတာ ၄၀ ကျော်ကျော်ရှိပေမယ့် ဒီထဲက အကောင်းဆုံးလို့ ထင်တဲ့(၁၃)ကားကို USdish Company ကရွေးချယ်ပြီး ပြိုင်ပွဲဝင်တွေကိုကြည့်စေမှာပါ။ လျှောက်လွှာတင်ချင်ရင်တော့ ဒီစာကြောင်းလေးကို နိုပ်လိုက်ရုံပါပဲ။

ဒီအခွင့်အရေးကို လွယ်လွယ်ရမယ်တော့မထင်ပါနဲ့ အစီအစဉ်မှာပါဝင်ချင်ရင် အရင်ဆုံး Application form ဖြည့်ဖို့လိုမှာဖြစ်ပြီးသင်က ဒီအစီအစဉ်နဲ့ဘယ်လိုကိုကညီကြောင်း စာလုံးပေါင်း ၂၀၀ ရေးပြီး လျောက်ထားရမှာဖြစ်ပါတယ်။ နောက်ပြီး ကြောက်လန့်ခဲ့ရတဲ့ အကြိမ်ပေါင်း၊ နှလုံးခုန်နှုန်း၊ တစ်နေ့တာရဲ့ အိပ်ချိန် စတာတွေကိုလည်း မှတ်တမ်းတင်ထားပြီးပေးပို့ရမှာပါ။

အပေါ်ကအချက်တွေအားလုံး ကိုက်ညီတဲ့သူက Horror ရုပ်ရှင် ၁၃ ကားကြည့်ခွင့်၊ နှလုံးခုန်နှုန်းတိုင်းတဲ့ကိရိယာ၊ ပေါက်ပေါက်ဆုပ်၊ သကြားလုံးတွေနဲ့ ခြုံစရာစောင် ရမှာပါ။ ကြောက်စရာရုပ်ရှင် ၁၃ ကားလုံးပြီးသွားခဲ့ရင် ဒေါ်လာ ၁,၃၀၀ ရရှိမှာဖြစ်ပြီး အိမ်ကို ကြော့ကြော့လေးပြန်သွားရုံပါပဲ။ 

stephenking.com

ဒီအစီအစဉ်အတွက် form ပိတ်မယ့် ရက်ကတော့ အောက်တိုဘာ ၁၅ ရက်နေ့ဖြစ်ပြီး သရဲကားမှ ကြိုက်ပါတယ်ဆိုတဲ့ သူတွေ မြန်မြန်လေး သွားရောက် လျောက်ထားသင့်ပါကြောင်း။

Lwin Min

SHARE