အမျိုးသမီးတွေအတွက် အသက်(၃၅)နှစ် နောက်ပိုင်းမှ ကလေးယူခြင်းရဲ့ အကျိုးအပြစ်များ

အမျိုးသမီးတွေက အသက်(၃၅) နှစ်ကျော်ရင် ကလေးမမွေးသင့်တော့ဘူးလို့ လူတွေ ပြောတာကို ကြားဖူးမှာပါ။ ဒါဟာ တကယ်တော့ မမှန်ကန်ပါဘူးတဲ့။ ဘယ်အသက်အရွယ် အပိုင်းအခြားပဲဖြစ်ဖြစ် ကလေးမွေးတယ်ဆိုတာနဲ့ စိန်ခေါ်မှုအမျိုးမျိုးဆိုတာ ရှိနေဆဲပါပဲ။ (၃၅) နှစ်ကျော်မှ ကလေးမွေးတဲ့အခါ ကောင်းတဲ့ အချက်တွေလည်း ရှိသလို မကောင်းတဲ့အချက်တွေလည်း ရှိနိုင်ပါတယ်။

pexels

အသက်(၃၅) နောက်ပိုင်းမှ ကလေးယူခြင်းရဲ့ ဆိုးကျိုးများ

ကိုယ်ဝန်ရဖို့ ခက်ခဲခြင်း

အမျိုးသမီးတွေဟာ မမျိုးဥတွေကို အသက်အရွယ်အလိုက် အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်နိုင်ပါတယ်။ အသက်ရလာလေလေ မမျိုးဥအရေအတွက်နဲ့ သူ့အရည်အသွေးဟာ လျော့နည်းလာလေလေပါ။ ဒါကြောင့် လွယ်လွယ်ကူကူနဲ့  သန္ဓေအောင်ဖို့ ခဲယဉ်းလာပါတယ်။ ဒီလိုဆိုလို့ ကိုယ်ဝန်မရနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ဖို့ အချိန်ပိုပေးရတာကို ဆိုလိုတာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်လွယ်ခြင်း

အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာ သွေးချိုတက်ပြီး ကလေးစောမွေးတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးဟာ သာမန်ထက် ပိုကြီးထွားနိုင်ပြီး မွေးတဲ့အချိန်မှာ မိခင်အတွက်လည်း အန္တရာယ်များပါတယ်။ ဒါကြောင့် (၃၅) နှစ်ကျော်မှ ကလေးမွေးမယ့် မိခင်လောင်းတွေအဖို့ ကိုယ်လက်လှုပ်ရှားရှိဖို့လိုပြီး သကြားဓာတ်ပမာဏကို ဆင်ဆင်ခြင်ခြင်နဲ့ စားသုံးသင့်ပါတယ်။

READ
Bသွေးလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပင်ကိုယ်စရိုက်များ
pexels

သွေးတိုးခြင်း

အထူးသဖြင့်  သွေးဖိအားတိုးခြင်းဟာ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ပိုပြီး ဖြစ်လွယ်တာကို တွေ့ရပါတယ်။

အမွှာမွေးနှုန်းများခြင်း

ဒီအချက်ကိုတော့ ကြိုက်တဲ့သူတွေလည်း ကြိုက်ကြမှာပါ။ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် တချိန်တည်းမှာ မမျိုးဥတစ်ဥထက် ပိုပြီး သန္ဓေအောင်နိုင်ပါတယ်။

ကိုယ်ဝန်ပျက်လွယ်ခြင်း

ကိုယ်ဝန်ပျက်လွယ်တာနဲ့ ကလေးစောမွေးတာတွေဟာ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးဖြစ်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။

pexels

အသက်(၃၅) နောက်ပိုင်းမှ ကလေးယူခြင်းရဲ့ ကောင်းကျိုးများ

အခြေကျနေပြီဖြစ်ခြင်း

အသက်(၃၅) နှစ်ရောက်ပြီဖြစ်လို့ ဘ၀ရဲ့ အကောင်းဆုံးဆိုတဲ့အရာတွေကို လုပ်ဖူးပြီးပါပြီ၊ ခရီးတွေလည်း သွားဖူးပြီးပါပြီ။ ဒါကြောင့် ကလေးအတွက် အချိန်ပေးရတာ ပေးပျော်နေပြီဖြစ်ပါတယ်။ အလုပ်မှာလည်း အထိုင်ကျနေပြီ၊ ထိုက်သင့်တဲ့ ၀င်ငွေလည်း ရှိနေပြီဖြစ်တဲ့အတွက် ကလေးယူဖို့ သင့်တော်တဲ့ အချိန်ဖြစ်နေပါပြီ။

အသက်ရှည်ရှည်နေရခြင်း

ဘော်စတွန် တက္ကသိုလ် ဆေးဌာနကတော့ အသက်(၃၃) နှစ်နောက်ပိုင်း ကလေးမွေးတဲ့ အမျိုးသမီးတွေဟာ ပိုပြီး အသက်ရှည်ရှည်နေရလေ့ရှိတယ်လို့ သုတေသနပြုချက်ထဲ ပြောထားပါတယ်။

READ
မိတ်ဆွေသူငယ်ချင်း နည်းပါးသည့်အကြောင်းရင်းများ

မိခင်ကောင်းဖြစ်နိုင်ခြေပိုများခြင်း

ဒီအသက်အရွယ် အပိုင်းအခြားရောက်တဲ့အခါ အမျိုးသမီးတစ်ယောက်အနေနဲ့ လုံလောက်တဲ့ ဗဟုသုတနဲ့ အသိအမြင်တွေ ကြွယ်ဝနေပြီဖြစ်တာကြောင့် ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာစေဖို့ အများကြီးသွန်သင်ပြသနိုင်မှာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: kitchenfunwithmy3sons

SHARE