ရှေးခေတ်လူသားတွေရဲ့ အံ့မခန်း ဗိသုကာလက်ရာတွေကို တွေ့နိုင်မယ့် ကမ္ဘာ့အံ့ဖွယ်(၇)ပါး

လူတို့လုပ်အားနဲ့တီထွင်ဖန်တီးထားသမျှခမ်းနားကြီးကျယ်လွန်းတဲ့အဆောက်အဦးတွေထဲမှာအောက်မှာတွေ့မြင်ရမယ့်ကမ္ဘာ့အံ့ဖွယ်(၇)ပါးဟာ အပါအ၀င်ဖြစ်ပါတယ်။

The Colosseum of Rome

ရောမလူမျိုးတွေတည်ဆောက်ခဲ့တဲ့ အမိုးပွင့်ပြဇာတ်ကွင်းပြင်ကြီးဟာ ကမ္ဘာ့အကြီးဆုံး ပြဇာတ်ရုံကြီးလို့ယူဆရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁,၉၀၀) ကျော်လောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး ထိုခေတ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ရက်စက်စွာ သွေးအေးအေးနဲ့ သတ်ဖြတ်မှုတွေကို ဆန့်ကျင်ပြီး ယခုထက်တိုင်အောင်ခန့်ထည်စွာနဲ့ တည်ရှိနေခဲ့တာဖြစ်ပါတယ်။ ရောမအမိုးပွင့် ပြဇာတ်ရုံကြီးရဲ့ သုံးပုံနှစ်ပုံဟာပျက်စီးသွားခဲ့ ပြီဖြစ်ပေမယ့် အေဒီ(၈၀)တုန်းက ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦးကြီးရဲ့ ခမ်းနားလှတဲ့ ကျောက်ထွင်းလက်ရာတွေကိုတွေ့နိုင်ပါသေးတယ်။

Christ the Redeemer

ယေရှုခရစ်တော်ရဲ့ရုပ်ထုဟာမီတာ(၃၀)အရှည်ရှိပြီး (၂၈)မီတာလောက်အကျယ်ရှိပါတယ်။ Tujuca သဘာဝသစ်တောဥယျာဉ်ထဲက မီတာ(၇၀၀)အမြင့်ရှိတဲ့ Corcovado တောာင်ရဲ့ထိပ်ဆုံးမှာရှိနေပြီး ခရစ်တော်ရဲ့ရီယိုဒီဂျနေးရိုးမြို့ကိုလွှမ်းခြုံကြည့်နေတဲ့ဟန်ကိုတွေ့ရမှာဖြစ်ပါတယ်။

The Great Wall of China

တရုတ်ပြည် မဟာတံတိုင်းကြီးဟာ ကီလိုမီတာ(၂)သောင်းကျော်ရှည်လျားပြီး နှစ်ပေါင်း(၂,၃၀၀) ကျော်သက်တမ်းရှိနေပြီဖြစ်ပါတယ်။ အဆောက်အဦးဟာ အင်မတန်လက်ရာမြောက်ပါတယ်။ လှေကားတွေကလည်းမတ်တဲ့အပြင် အပေါ်စီးကမြင်နေရတဲ့ ရင်သပ်ရှုမောဖွယ်ရာမြင်ကွင်းကြောင့် ကမ္ဘာအရပ်ရပ်က ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်လျက်ရှိနေပါတယ်။

READ
လူတွေစိတ်ဝင်စားကြတဲ့ Vampire တွေရဲ့ သမိုင်းကြောင်း

Taj Mahal

အဖြူရောင် မာဘယ်ကျောက်တွေနဲ့ချည်းပဲ တည်ဆောက်ထားတဲ့ အံ့မခန်းအဆောက်အဦးကို အင်ပါယာပြည့်ရှင်ရှားဂျာဟန်က ဇနီးသည်ဖြစ်တဲ့မမ်တက်ဇ်မဟာအတွက် အောက့်မေ့ဖွယ်အမှတ်တရအဖြစ်နဲ့ တည်ဆောက်ခဲ့ပါတယ်။ မမ်တက်ဇ်မဟာက မီးတွင်းထဲမှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။ (၁၆၃၁)မှာစတင်ဆောက်လုပ်ခဲ့ပြီး (၁၆၅၃)အရောက်မှာတော့ Taj Mahal အဆောက်အဦးကြီးဟာပြီးစီးခဲ့ပါတယ်။ Taj Mahal ကို အိန္ဒိယရဲ့အဖိုးတန်ရတနာတစ်ပါးလို့လည်းခေါ်ဆိုကြပါတယ်။

Chichen Itza

မာယာလူမျိုးတို့ရဲ့သမိုင်းမှာ အရေးကြီးတဲ့ အထင်ကရနေရာတစ်ခု ဖြစ်ပါတယ်။ ခရီးသွားတွေအနေနဲ့ မြို့ပျက်ထဲမှာ လျှောက်သွားကြည့်ရှုနိုင်ပြီး မာယာတို့ ဖန်တီးထားခဲ့တဲ့ အဆောက်အဦးတွေကို တွေ့မြင်နိုင်ပါတယ်။ အဓိကထင်ရှားတဲ့နေရာတွေကတော့ Kukulkan ပိရမစ်၊ ရဲတိုက် ၊ ဘောလ်ဂိမ်းတရားရုံးနဲ့ ကျားဘုရားကျောင်းတို့ပဲဖြစ်ပါတယ်။ မြို့ဟာ အေဒီ(၄၁၅) လောက်ကပေါ်ပေါက်ခဲ့တာဖြစ်ပြီး မာယာတွေရဲ့ကျောက်သားတွေကို ထွင်းထုထားတဲ့ အနုပညာလက်ရာတွေကိုမြင်ရမှာပဲဖြစ်ပါတယ်။

Machu Picchu

အခုသမိုင်းဝင်နေရာကတော့ လူတိုင်းမသေခင် သွားဖို့သင့်တဲ့နေရာလေးလို့ ညွှန်းထားကြပါတယ်။ (၁၅)ရာစုတုန်းက အင်ကာလူမျိုးတွေ တည်ဆောက်ခဲ့တဲ့ အဆိုပါရဲတိုက်ဟာ ပင်လယ်ရေမျက်နှာပြင်အထက်မီတာ(၂,၄၃၀)မှာရှိပါတယ်။ အင်ကာပြည့်ရှင် Pachacuti ကဆောက်လုပ်ခဲ့တာဖြစ်ပြီး (၁၉၁၁)ခုနှစ်ရောက်တဲ့အထိ ကမ္ဘာကမသိရှိခဲ့ကြပါဘူး။

READ
မူးယစ်ဘုရင် Pablo Escobar ရဲ့စိတ်ဝင်စားဖို့ဖွယ်ကောင်းတဲ့ အချက် (၈) ချက်

The Rose City of Petra

ဂျော်ဒန်နိုင်ငံမှာရှိတဲ့ရှေးဟောင်းမြို့လေးတစ်မြို့ဖြစ်တဲ့ Petra မှာအနီရောင်ကျောက်တုံးတွေကို အဆောက်အဦးပုံစံတွေအဖြစ်ထွင်းထုပုံဖော်ထားပြီး ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ အဆောက်အဦးတွေရဲ့မျက်နှာစာအရှေ့ပိုင်းနဲ့ ပြတင်းတံခါးပေါက်တွေဟာ သဘာဝအတိုင်းပြုလုပ်ထားသလို အသက်ဝင်လှပါတယ်။ လမ်းတစ်လျှောက်မှာတော့ သင်္ချိုင်းဂူတွေ၊ဘုရားကျောင်းတွေကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: theculturetrip

SHARE