နိုင်အာဂါရာရေတံခွန်ကို ဖြတ်ပြီးစီးနင်းနိုင်တော့မယ့် သည်းထိတ်ရင်ဖို ကောင်းကင်ကြိုးတန်း

ဟန်းနီးမွန်းခရီးရှည်နဲ့ အားလပ်ရက် အပျော်ခရီးစဉ် စီစဉ်နေသူတွေအတွက် နိုင်အာဂါရာရေတံခွန်ဟာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတွေကို ပေးနိုင်ပါလိမ့်မယ်။ ရေတံခွန်ကို အလည်လာသူတွေဟာ ကောင်းကင်ကြိုးနဲ့ ရေတံခွန်တွေကိုဖြတ်ပြီး ပတ်ဝန်းကျင်တစ်ခွင်လုံးကို အပေါ်စီးကနေ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

wildplayniagarafalls

The MistRider Zipline လို့အမည်ပေးထားတဲ့ ရေတံခွန်ကောင်းကင်ကြိုးကို (၂၀၁၆)ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့တာပါ။ ဒါပေမယ့် ကောင်းကင်ကြိုးဟာ အသဲငယ်တဲ့သူတွေ အတွက်တော့ မဟုတ်ပါဘူး။ မြေပြင်ပေ(၂၂၀) အထက်ကနေ ခရီးအကွာအဝေး(၂,၂၀၀) လောက်ကို တစ်နာရီမိုင်(၄၀)နှုန်းနဲ့ ကြိုးတန်းစီးရမှာဖြစ်ပါတယ်။ ခရီးစဉ်အစကနေအဆုံးအထိ အားလုံးပေါင်းစက္ကန့်(၃၀)ပဲကြာပါလိမ့်မယ်။

wildplayniagarafalls

အဆိုပါ ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကောင်းကင်ကြိုးတန်းဟာ အောက်တိုဘာလောက်မှာ စီးနင်းနိုင်မှာဖြစ်ပြီး တစ်ခါစီးဒေါ်လာ(၅၀)လို့သိရပါတယ်။ ကလေးတွေအနေနဲ့ အနည်းဆုံးအသက်(၇)နှစ်ရှိရမှာဖြစ်ပြီး အသက်(၁၃)နှစ်အောက်ကလေးတွေကိုတော့ အုပ်ထိန်းသူနဲ့မှ စီးနင်းလိုက်ပါခွင့်ပြုမှာဖြစ်ပါတယ်။

wildplayniagarafalls

ပုံမှာတွေ့ရတဲ့ ဓာတ်ပုံတွေကတော့ အင်စတာဂရမ်ပေါ်မှာ တင်ထားတဲ့ နိုင်အာဂါရာရေတံခွန် ကောင်းကင်ကြိုးတန်းရဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ တချို့ကလည်း ရေတံခွန်နားမှာ အခုလိုကောင်းကင်ကြိုးတန်း ပြုလုပ်တာဟာ သဘာဝတရားကို စော်ကားတာလို့လည်း ပြောနေကြပါတယ်။ ဒါပေမယ့် WildPlay Element Parks ကတာဝန်ရှိသူတစ်ဦးကတော့ ကောင်းကင်ကြိုးတန်းဟာ စူးစမ်းလေ့လာလိုစိတ်ရှိတဲ့ လူငယ်လူရွယ်တွေအတွက် ရည်ရွယ်ရင်းဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

READ
မိန်းကလေးတွေပြောတတ်ကြတဲ့ အန္တရာယ်အကြီးဆုံးနဲ့ကြောက်စရာအကောင်းဆုံးစကားများ
wildplayniagarafalls

အမေရိကန်ကို အလည်အပတ်ရောက်ရှိလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ များလာတာနဲ့အမျှ ကောင်းကင်ကြိုးတွေဟာ နိုင်ငံအ၀ှမ်းမှာ ခေတ်စားလျက်ရှိပါတယ်။ အမေရိကန်ရဲ့ လူအသွားအလာများရာ အထင်ကရနေရာတွေအပြင် Grand Canyon မှာပါ ကောင်းကင်ကြိုးတွေ တပ်ဆင်ထားကြောင်းလည်းသိရပါတယ်။

လင်းလင်း (ShweMom)

Ref: simplemost

SHARE