Android တွေမှာ စတင်ကစားလို့ရနေပြီဖြစ်တဲ့ Pokémon ဂိမ်းအသစ်

ပိုကီမွန်မိုဘိုင်းဂိမ်းအသစ်တစ်မျိုးကတော့ ထပ်ထွက်လာခဲ့ပါပြီ။ Pokémon Rumble Rush လို့ ခေါ်တဲ့ ဂိမ်းဟာ မေလ ၁၅ ရက်နေ့တုန်းက Android တွေအတွက် စတင်ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားကတော့ အခြေခံအပိုင်းအတွက် အခမဲ့ဖြစ်ပြီး ပိုမြင့်တဲ့ ဗားရှင်းအတွက် အခပေးရတဲ့ freemium ဂိမ်းလည်း ဖြစ်ပါတယ်။

Level တစ်ခုချင်းစီတိုင်းမှာ ပိုကီမွန်လက်သီးနဲ့ ရန်သူတွေကို တိုက်ခိုက်ရမှာဖြစ်ပြီး နောက်ဆုံးမှာ အကြီးဆုံးရန်သူနဲ့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Pokémon Go လိုပဲ တိုက်ခိုက်ဖို့အတွက် မနိုင်မချင်း ဖုန်း screen ကို တရစပ် နှိပ်နေရမှာ ဖြစ်ပါတယ်။

လမ်းတစ်လျှောက်မှာ coin တွေ ပိုအားကောင်းတဲ့ Pokémon တွေကို စုဆောင်းနိုင်မှာ ဖြစ်ပြီး ပိုအားကြီးလာတဲ့ ရန်သူတွေကို ထပ်ထပ်တွေ့လာရမှာ ဖြစ်ပါတယ်။ နာမည်အတိုင်းပဲ ယခုဂိမ်းကတော့ ၂၀၀၉ ခုနှစ်က ထွက်ခဲ့တဲ့ Pokémon Rumble ရဲ့ ဗားရှင်းအသစ် ဖြစ်ပါတယ်။

ဂိမ်းရဲ့ တရားဝင်ပေ့ခ်ျက ကြေညာချက်အရတော့ ပိုကီမွန်တွေဟာ ၂ ပတ်တစ်ခါ update လုပ်နေမှာလည်း ဖြစ်တဲ့အတွက် ဂိမ်းကို မကြာခဏ ဝင်တဲ့အခါ အတွေ့အကြုံသစ်တွေကို ခံစားရမှာလည်း ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံမှာ ပထမဆုံး ထွက်တာ ဖြစ်ပြီး တခြားနိုင်ငံတွေမှာလည်း သိပ်စောင့်ရတော့မှာ မဟုတ်ပါဘူး။

READ
၎ နှစ်အတွင်း ကြောက်ခမန်းလိလိတိုးတက်လာတဲ့ AI စနစ်နဲ့ ဖန်တီးထားတဲ့ လူမျက်နှာပုံများ 

Ref: Mashable

SHARE