ကော်ဖီသောက်ရင်း ခွေးကလေးတွေနဲ့ ဆော့ကစားလို့ရမယ့် သြဇီကော်ဖီဆိုင်လေး

Credit: Collies and Co./Instagram

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကော်ဖီဆိုင်တော်တော်များများက အခုဆိုရင် customer တွေကို ပိုပြီးဆွဲဆောင်နိုင်ဖို့ ဆိုင်ထဲမှာ ချစ်စဖွယ်တိရစ္ဆာန်လေးတွေကိုပါ တွဲဖက်မွေးမြူလာကြပါပြီ။ ခွေးချစ်သူ ကြောင်ချစ်သူ customer တွေအတွက် ကော်ဖီလည်းသောက်လို့ရ ၊ တိရစ္ဆာန်လေးတွေကိုလည်း ကိုင်လို့ရနဲ့ ဆိုင်ရှင်အတွက်ရော၊ customer တွေအတွက်ပါ အကျိုးရှိစေတဲ့ အစီအစဉ်လေး ဖြစ်ပါတယ်။

Credit: Collies and Co./Instagram

သြစတေးလျ ကွင်းစ်လန်းပြည်နယ်မှာလည်း ခွေးပေါက်လေးတွေနဲ့ဆော့ကစားရင်း ကော်ဖီသောက်လို့ရတဲ့ ဆို်င်လေးရှိတာကို ladbible မှာ တွေ့လိုက်ရပါတယ်။ ဆိုင်နာမည်က Collies and Co. ဖြစ်ပါတယ်။ ဘရစ်စ်ဘန်းမြို့ပြင်နားလောက်မှာပါ။ မနှစ်တုန်းကမှ ဖွင့်ဖြစ်ခဲ့တဲ့ ဒီဆိုင်လေးဟာဆိုရင် ကော်ဖီရော အစားအသောက်ပါ တွဲဖက်ရောင်းချပြီး ဆိုင်ထဲမှာတော့ Border Collie အမျိုးအစား ခွေးပေါက်လေးတွေ ရှိပါတယ်။

Credit: Collies and Co./Instagram

ဆိုင်မှာတော့ နေ့စဉ် ဒီခွေးပေါက်လေး (၃) ကောင်ကို ကိုင်တွယ်ပွေ့ဖက်ခွင့်ရမယ့် ဆက်ရှင်တွေရှိပါတယ်။ (၁) ဆက်ရှင်ကို အချိန် (၁) နာရီ ကြာမြင့်ပါတယ်။ မနက် (၇) နာရီ (၁၀) နာရီ နဲ့ နေ့လည် (၁) နာရီအချိန်တွေမှာ မည်သူမဆိုခွေးလေးတွေကို ကော်ဖီဆိုင်ထဲမှာ အခမဲ့ပွေ့ဖက်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆိုင်က လူဦးရေတော့ ကန့်သတ်ထားပါတယ်။ သတ်မှတ်ထားတဲ့ လူအရေအတွက်ပြည့်တာနဲ့ လက်မခံတော့ပါဘူး။

READ
သမီးရဲ့မင်္ဂလာပွဲအတွက် လန်ဒန်ကို တစ်ယောက်တည်းခရီးထွက်လာတဲ့ မီဂန်ရဲ့ဖခင်
Credit: Collies and Co./Instagram

ဒီအစီအစဉ်ကို ဆိုင်ပိုင်ရှင်က Zaryliam Border Collies and Animal Rescue Queensland နဲ့ အတူပူးပေါင်းပြီး လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ “ကျွန်တော်တို့က ခွေးပေါက်လေးတွေနဲ့ ပွေ့ဖက်ပြီးဆော့ကစားဖို့ ဆက်ရှင်တွေမှာ အချိန်တစ်နာရီပဲ ပေးပါတယ်။ ဆက်ရှင်ထဲမှာတော့ အရည်အချင်းပြည့်မှီတဲ့ တိရစ္ဆာန်သူနာပြုနှစ်ဦးလည်း ပါပါတယ်။ ခွေးလေးတွေက လူတွေရဲ့ ဆော့ရတာ ပင်ပန်းနွမ်းနယ်နေပြီလား၊ စိတ်ဖိစီးမှုတွေရနေပြီလားဆိုတာ စောင်ကြည့်ဖို့ပါ။ လာတဲ့သူတွေအနေနဲ့ ကျွန်တော်တို့ကို သိလိုရာမေးနိုင်ပါတယ်။ ခွေးလေးတွေနဲ့ ဓာတ်ပုံရိုက်နိုင်ပါတယ်။ ဆော့နိုင်ပါတယ်…” လို့လည်း ဆိုင်ရှင်က ဆိုပါတယ်။

Credit: Collies and Co./Instagram

ဆိုင်ရှင်ကိုယ်တိုင်က Border Collies ခွေးလေးတွေကို မွေးမြူရတာ ၀ါသနာပါသူပါ။ ဒါကြောင့် ခွေးလည်း မွေးချင်၊ နေ့လည်နေ့ခင်းပိုင်းတွေမှာ လူအားလုံးက ကော်ဖီဆိုင်မှာ အလုပ်လုပ်နေတဲ့အတွက် ခွေးပေါက်လေးတွေဟာ ပျင်းနေရမှာပါ။ ဒါကြောင့် ခွေးလေးတွေလည်း လူတွေအများကြီးနဲ့ တွေ့နိုင်အောင် ဆိုင်ရှင်တွေအလုပ်လုပ်နေတုန်း သူတို့နဲ့ ဆော့ပေးမယ့်လူရှိအောင် ၊ ခွေးချစ်သူ customer တွေအတွက်လည်း အဆင်ပြေအောင် အခုလိုမျိုး စီစဉ်ဖြစ်တာလို့လည်း ဆိုင်ရှင်က ပြောပြခဲ့ပါတယ်။

READ
အစည်းအဝေးထဲ ရုတ်တရက် မျက်နှာကြက်ပေါ်ကနေ ပြုတ်ကျလာတဲ့ ဧရာမမြွေကြီး

https://www.instagram.com/p/B6W3G4OAf14/?utm_source=ig_web_copy_link

လင်းလင်း (ShweMom)

SHARE