ရေနွေးအိတ်တစ်ခု သင့်ဆီမှာရှိရုံနဲ့ အလွယ်တကူ ဖြေရှင်းနိုင်မယ့် ပြဿနာများ

Amazon.com

ရေနွေးအိတ်တစ်ခုက ကလေးတစ်ယောက်ကို မြန်မြန်အိပ်ပျော်နိုင်အောင် ကူညီပေးနိုင်သလို ကြွက်တက်ခြင်း ကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် လည်ပင်းနာကျင်မှုကိုလည်း ရေနွေးအိတ်လေး တစ်လုံးရှိရုံနဲ့ သက်သာ စေနိုင်ပါတယ်။ ရေနွေးအိတ်လေးကို အသုံးပြုခြင်းဟာ သင့်ခန္ဓာကိုယ်မှာ ဖြစ်ပွားနေတဲ့ အမျိုးမျိုးသော ဝေဒနာတွေကို သက်သာ ပျောက်ကင်းစေနိုင်တဲ့ အိမ်တွင်းနည်းလေးတစ်ခုလည်း ဖြစ်ပါတယ်။

အဲတာကြောင့် ရေနွေးအိတ်လေးတစ်ခု ရှိရုံနဲ့ အဆင်ပြေနိုင်မယ့် အိမ်တွင်းကျန်းမာရေးနည်းလေးတွေကို စာဖတ်သူတွေအတွက် ဝေမျှပေးလိုက်ပါတယ်နော်….

1 – ကလေးတွေကို အမြန်ဆုံးအိပ်ပျော်နိုင်အောင်ကူညီပေးတယ်။

ကလေးတွေဟာ အပူချိန်ပြောင်းလဲမှုကို ခံနိုင်ရည်မရှိကြပါဘူး။ သူတို့ဟာအနွေးဓာတ်ရှိတဲ့အခန်းမှာသာ အိပ်စက်ချင်ကြ ပါတယ်။အေးစက်နေတဲ့အိပ်ယာထဲမှာ မအိပ်ချင်ကြတဲ့အတွက် မိခင်ဖြစ်သူရဲ့လက်ထဲကနေရုန်းထွက်ပြီး ငိုယိုတတ် ကြပါတယ်။ အဲ့လိုအချိန်မှာဆိုရင်တော့ ရေနွေးအိတ်လေးက သင့်အတွက်အသုံးဝင်လာပြီး သင့်ကလေးကိုမြန်မြန် အိပ်ပျော်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။အဲတာကတော့ ရေနွေးအိတ်လေးကို ကလေးတွေရဲ့ခြေထောက်ဘေးလေးမှာ ထားထားလိုက်ပါ။မကြာခင်မှာပဲ အိပ်ယာလေးက နွေးထွေးလာမှာဖြစ်ပြီး ကလေးတွေလည်းအပူအပင်မရှိအိပ်ပျော် သွားတော့မှာဖြစ်ပါတယ်။

2 – အပင်တွေကို ရေလောင်းလို့လည်းရပါတယ်။

ရေနွေးအိတ်ထဲကေ ရအေးသွားမယ်ဆိုရင်လည်း သုံးလို့ရတဲ့နည်းရှိပါတယ်။ အဲ့တာကတော့ ရေနွေးအိတ်ထဲက အေးသွားတဲ့ရေတွေကို အပင်လေးတွေေ ရလောင်းလို့ရပါတယ်။ မြန်မြန်လောင်းချဖို့မလိုပါဘူး။ ပုံမှန်အတိုင်းလေး ရေလောင်းဖို့သာလိုပါတယ်။

3 – အူမကြီးကြွက်သား နာကျင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဝမ်းဗိုက်နာကျင်မှုဟာ အမျိုးမျိုးသောပြဿနာတွေကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။အဲ့ဒီထဲကမှ အူသိမ်အူမရောဂါ ကလည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အူသိမ်အူမရောဂါဆိုတာ ခန္ဓာကိုယ်ထဲကနေ မစင်ကိုစွန့်ဖို့ကြိုးစားစဉ်မှာ   အူမကြီးကြွက်သားရဲ့ပုံမှန်မဟုတ်တဲ့ အလုပ်,လုပ်မှုတွေကြောင့် ဖြစ်ပွားတဲ့ရောဂါပဲဖြစ်ပါတယ်။ ဒီရောဂါကြောင့် ၀မ်းဗိုက်မှာနာကျင်မှုတွေဖြစ်ပွားစေပါတယ်။ဒီလိုအချိန်မှာဆိုရင်တော့ အိပ်ယာပေါ်မှာလှဲနေပြီး နာကျင်နေတဲ့ ၀မ်းဗိုက်နေရာကို ရေနွေးအိတ်လေး ကပ်ပေးလိုက်မယ်ဆိုရင် နာကျင်မှုတွေကို သက်သာပျောက်ကင်းစေပါတယ်။

READ
ကမ္ဘာ့အကျယ်ပြန့်ဆုံး မြေကွက်ဝယ်ယူမှုဖြစ်ခဲ့တဲ့ အလက်စကာဒေသ အကြောင်းဗဟုသုတ
Shutterstock/Robert Przybysz

4 – ကိုယ်ဝန်ဆောင်စဉ် ကိုက်ခဲနေတာတွေကို သက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာ ကိုက်ခဲနာကျင်တာတွေက ကိုယ်ဝန်ဆောင်သည်တွေအတွက် များစွာစိတ်အနှောက် အယှက်ဖြစ်စေပါတယ်။အချို့ကတော့ ဒီဝေဒနာတွေကို သက်သာပျောက်ကင်းစေဖို့ သူတို့ရဲ့လုပ်ဆောင်နေတဲ့အရာ အားလုံးကိုရပ်တန့်ပြီးသက်သောင့်သက်သာနေကြပါတယ်။ ဒီနာကျင်မှုဟာ အခြားနာကျင်မှုတွေထက်ကို ပိုပါတယ်။ ဒါပေမယ့် ဒီလိုနာကျင်မှုတွေကို သက်သာစေဖို့အတွက်ဆိုရင်တော ရေနွေးအိတ်လေးတစ်လုံးသာ လိုအပ်ပါတယ်။ ဒီရေနွေးအိတ်လေးကို နာကျင်နေတဲ့ ၀မ်းဗိုက်နားလေးမှာ ကပ်ပေးမယ်ဆိုရင် များစွာအထောက်အကူ ပြုနိုင်ပါတယ်။ တစ်ကယ်လို့ ရေနွေးနွေးလေးနဲ့ ရေချိုးမယ်ဆိုရင်လည်း စိတ်ပင်ပန်းမှုတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

5 – လည်ပင်းနာကျင်မှုကို သက်သာပျောက်ကင်းစေပါတယ်။

ကွန်ပျူတာရှေ့ထိုင်ပြီး အချိန်အတော်ကြာ အလုပ်,လုပ်သူတွေ၊ စာအုပ်ဖတ်တဲ့သူတွေ၊ အနေအထားမမှန် အိပ်စက် သူတွေဟာ လည်ပင်းနာကျင်မှုတွေ ဖြစ်ပွားတတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် လူတွေဟာ အဲ့ဒီနာကျင်နေတဲ့နေရာတွေကို နှိပ်နယ်မှုတွေပြုလုပ်ကြပါတယ်။ ဒါ့ကြောင့် ဒီ့ထပ်ထိရောက်မယ့်နည်းကို ညွှန်ပြရမယ်ဆိုရင်တော့ ရေနွေးအိတ်လေး တစ်လုံးကို နာကျင်နေတဲ့ လည်ပင်းနေရာပေါ်မှာ အချိန်အတော်ကြာကပ်ပေးထားမယ်ဆိုရင် နာကျင်မှုတွေကို သက်သာပျောက်ကင်းစေပါတယ်။ဒါ့အပြင် ကြွက်သားကျန်းမာရေးအတွက်လည်း ကောင်းစေသလို သွေးလည်ပတ်မှုအားလည်း ကောင်းစေပါတယ်။

READ
အိမ်ထောင်ပြုနောက်ကျသူတွေရဲ့အိမ်ထောင်ရေးဟာ ပိုပြီးသာယာလေ့ရှိဟုဆို

6 – စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုကို လျှော့ချပေးပါတယ်။

စိတ်ဖိစီးမှုဟာ လူတော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ ဒါ့ကြောင့် တခါတရံမှာ အနားယူအပန်းဖြေ လိုက်တာကလည်း စိတ်ဖိစီးမှုကိုချေဖျက်နိုင်တဲ့ အထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ တစ်ကယ်လို့ အနားယူအပန်းဖြေတဲ့နည်းနဲ့ မဟုတ်ပဲ အခြားလွယ်ကူတဲ့ နည်းလမ်းတစ်ခုနဲ့ အပန်းဖြေကြည့်ပါလား။ အဲဒီနည်းကတော့ ရေနွေးအိတ်လေးကို ဖက်အိပ်ကြည့်လိုက်ပါ။ အဲ့လိုလုပ်မယ်ဆိုရင် သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုနဲ့စိုးရိမ်မှုတွေကိုလျော့ချ ပေးနိုင်တဲ့အပြင် သွေးပတ်လည်မှုအားကိုလည်း ကောင်းစေပါတယ်။

Shutterstock/Voyagerix

7 – နောက်ကျောနာကျင်မှုကို သက်သာစေပါတယ်။

နောက်ကျောနာကျင်မှုဝေဒနာကိုလည်းသက်သာစေဖို့  ရေနွေးအိတ်လေးနဲ့အသုံးပြုနိုင်သလို ရေအေးနဲ့အသုံးပြုနိုင်တဲ့ နည်းတွေရှိပါတယ်။ ရေနွေးအိတ်လေးကို နာကျင်နေတဲ့နောက်ကျော်ဘက်ကိုကပ်ပေးထားမယ်ဆိုရင် သက်သာစေနိုင်သလို ရေခဲအိတ် ဒါမှမဟုတ် ရေအေးထဲမှာစိတ်ထားတဲ့ ရေ၀တ်ကိုကပ်ပေးမယ်ဆိုရင်လည်း သက်သာစေနိုင်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ရေအေးကပ်မယ်ဆိုရင် အကြာကြီးမဖိထားဖို့ပါပဲ။ဒါမှမဟုတ်ရင် သင့်ရဲ့အသားအရေ ပေါ်မှာ အအေးဒဏ်ကိုဖြစ်စေနိုင်ပါတယ်။

8 – နွေးထွေးတဲ့ အိပ်ယာနဲ့အိပ်စက်နိုင်ပါတယ်။

အချို့ဆောင်းညတွေဟာ အရမ်းအေးလွန်းတာကြောင့် သင့်ရဲ့အိပ်ယာဟာ နွေးထွေးမှုမရှိပဲအေးစက်နေပါလိမ့်မယ်။ အပူပေးစက်ကိုဖွင့်လိုက်မယ်ဆိုရင်တော့ ဒီပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်ပေမယ့် ဈေးသက်သာပြီး ပိုလုံခြုံနွေးထွေးတဲ့ နည်းလမ်းတစ်ခုလည်းရှိပါတယ်။ အဲတာကတော့ ရေနွေးအိတ်လေးကို သင်မအိပ်ခင် (၁၀)မိနစ်၊ (၁၅)မိနစ်လောက်အလိုကတည်းက အိပ်ယာပေါ်ကို တင်ထားခဲ့မယ်ဆိုရင် သင်ဟာနွေးထွေးတဲ့အိပ်ယာထဲမှာ အပူအပင်မရှိလုံခြုံစိတ်ချစွာအိပ်စက်နိုင်တော့မှာပဲဖြစ်ပါတယ်။

Thae Su

SHARE