အိုင်ယာလန်ရဲ့ သာယာလှပတဲ့ကျွန်းမှာ အခမဲ့နေထိုင်ပြီးကော်ဖီဆိုင်ဖွင့်နိုင်မယ့် အခွင့်အရေး

Twitter/TheGreatBasketsIsland

တကယ်လို့များ သင်ဟာ လျှပ်စစ်ပစ္စည်းတွေရဲ့အဝေးမှာ နေထိုင်ချင်တယ်ဆိုရင်တော့ အိုင်ယာလန်ကျွန်းဟာ သင့်အတွက်အကောင်းဆုံးနေရာဖြစ်မှာအသေအချာပါပဲ။

အိုင်ယာလန်ကမ်းရိုးတန်းပေါ်မှာရှိတဲ့ Great Blasket ကျွန်းဟာ လူနှစ်ဦးအတွက် ဧပြီလကနေအောက်တိုဘာလအထိ (၆)လကြာ ရွှေ့ပြောင်းအလုပ်လုပ်ကြည့်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ခရီးသွားအေဂျင်စီက အလုပ်ခေါ်တဲ့စာရင်းတစ်ခုကိုတွစ်တာမှာတင်ခဲ့ပါတယ်။

စုံတွဲတစ်တွဲ ဒါမှမဟုတ် သူငယ်ချင်း (၂)ဦး လာရောက်လျှောက်ထားရင် အဆင်ပြေတယ်ဆိုပြီးရေးထားပါတယ်။ (၂၀၂၀)ခုနှစ် ဧပြီလ(၁)ရက်နေ့ကနေ အောက်တိုဘာလအထိ အလုပ်,လုပ်ရမှာဖြစ်ပြီး နေရာထိုင်ခင်းနဲ့အစားအစာကိုပါ ထောက်ပံ့ပေးမယ်လို့ ရေးသားထားပါတယ်။

 

အလုပ်အတွက် လစာဘယ်လောက်ရမယ်ဆိုတာကိုတော့ ရေးသားထားခြင်းမရှိပါဘူး။

READ
ခိုးမှုမကျူးလွန်ခင် အေးအေးဆေးဆေး ချက်ပြုတ်စားသောက်သွားတဲ့ သူခိုးကို ရဲတပ်ဖွဲ့ဖမ်းဆီး

Great Blasket ကျွန်းဟာ ကျွန်းတွေထဲက အကြီးဆုံးကျွမ်းတစ်ခုဖြစ်ပြီး Blaskets ကျွန်းလို့လည်းခေါ်ဆိုကြကာ အိုင်ယာလန်ကျွန်းရဲ့အနောက်ဘက်ကမ်းရိုးတန်းမှာတည်ရှိပါတယ်။

အဆိုပါကျွန်းဟာ တောရိုင်းတိရစ္ဆာန်တွေကြောင့်လူသိများတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ဒါပေမယ့်  ကြမ်းတမ်းတဲ့ မြေအနေအထားရှိပေမယ့် နေထိုင်တဲ့လူဦးရေထူထပ်ပြီး လူအယောက်(၁၆၀)လောက် အဆိုပါကျွန်းမှာ နေထိုင်တယ်လို့  Smithsonian မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။

Shutterstock/Lukasz Pajor

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး အိမ်တွေကိုပြန်လည်တည်ဆောက်ထားတာကြောင့် လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေအနေနဲ့ အရမ်းကို အဆင်ပြေစေမှာအမှန်ပဲလို့ Great Blasket ကျွန်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဝက်ဘ်ဆိုက်ထဲမှာဖော်ပြထားတာကတော့ အဆိုပါကျွန်းပေါ်မှာ သောက်သုံးရေဟာ ကန့်သတ်ထားတဲ့ကုန်ပစ္စည်းဖြစ် တာကြောင့် တစ်ကယ်လို့ကျွန်းကိုလာလည်မယ်ဆိုရင် ကိုယ်ပိုင်သောက်သုံးရေဗူးတွေကိုယူဆောင်လာကြဖို့တောင်း ဆိုထားတာကိုတွေ့ရပါတယ်။

အဲတာတွေအပြင် အဆိုပါကျွန်းမှာ လျှပ်စစ်မရှိ၊ WiFi မရှိ၊ ရေချိုးဖို့အတွက် ရေပူလည်းမရှိပါဘူးလို့လည်း Irish broad -caster RTE သတင်းဌာနကဖော်ပြခဲ့ပါတယ်။

Shutterstock/O Neill – Lens Alive

ဒီလိုမျိုးအခြေအနေတွေရှိပေမယ့်လည်း အရမ်းကိုထူးခြားပြီးလှပတဲ့ကျွန်းတစ်ကျွန်းဖြစ်တယ်လို့ အလုပ်ကြော်ငြာ ခေါ်ယူတဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Alice Hayes ကပြောပါတယ်။

READ
အကြာကြီးခံစားနေရတဲ့ ရောဂါအရှင်းမပျောက်သေးပေမယ့် ကျန်းမာလာပုံပေါက်တဲ့ ဒိုင်နမို

တစ်ကယ်လို့များ သင်လည်းအဲ့လိုထူးခြားလှပတဲ့ကျွန်းမှာ အလုပ်လုပ်ချင်တယ်ဆိုရင်တော့ [email protected] -island.net ကို မေးလ်ပို့ပြီး အလုပ်လျှောက်နိုင်ပါတယ်နော်။

Thae Su

SHARE