ကယ်လီဖိုးနီးယားက Redwood တောအုပ်ထဲကို Railbike လေးနဲ့ လည်ပတ်နိုင်ပြီ

Image:IG/skunktrain

ကယ်လီဖိုးနီးယားက Redwood သစ်တော ထဲကို Railbike လေးနဲ့ လည်ပတ်နိုင်ပြီဆိုတဲ့ အ ကြောင်းကိုတော့ boredpanda မှာ ဖော်ပြထားတာပါ။(၁၈၈၀)ခုနှစ် လောက်တုန်းက သစ်ခုတ် သမား တွေ ဖြစ်တဲ့ C.R. Johnson, Calvin Stewart နဲ့ James Hun ter တို့ ပေါင်းပြီး သစ်ခုတ်လုပ်ငန်းတွေ ကို အ မေရိကန် ကယ်လီဖိုးနီး ယားပြည် နယ်၊ Mendocino ခရိုင်မှာပါ ချဲ့ ထွင် နိုင်ဖို့ ကြိုးစားခဲ့ ကြပါတယ်.(၁၈၈၅)မှာတော့ Fort Bragg ရထားလမ်းကို သစ်တွေ တင်ပို့ တဲ့ အခါ ပို အဆင် ပြေ စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖောက်ခဲ့ ကြပါတယ်။ဒါ က တော့ California Western Railroad ပေါ် ပေါက် လာ စေတဲ့ အ ခြေခံ အုတ် မြစ် တစ်ခု ဖြစ်လာခဲ့ပါတယ်။

The Skunk ဆိုပြီး လူသိများ ကာ (၁၉၂၅)ခုနှစ် မှာ မော် တော် ကားတွေ ပေါ်လာချိန်မှာတော့ တစ်ခါ တ လေမှာပဲ ရထားကို သုံးဖြစ်ကြပါ တော့တယ်။ California Western Railroad ကိုတော့ (၁၉၉၆)ခုနှစ်လောက်မှာ Mendo cino ကမ်းရိုးတန်း ရင်းနှီးမြှုပ်နှံ သူတွေ က ၀ယ်ယူခဲ့ပါတယ်။နှစ် ပေါင်း (၁၁၁)နှစ် မှာတော့ လွတ်လပ်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် လည်ပတ်လာနိုင်ခဲ့ပါတယ်။

 

View this post on Instagram

 

We’re riding right into spring here on the Skunk Train! Great photo from @zariza.me !

A post shared by Skunk Train (@skunktrain) on

ဟိုး နှစ်ပေါင်းများစွာ တည်းက တည်ရှိလာခဲ့တဲ့ ဒီလို မီးရထား လမ်း ကြီး ပေါ် မှာ ပျော် ပျော်ကြီး လိုက်ပါစီးနင်းရင်း တော အုပ်ထဲမှာ အပန်း ဖြေ ရတဲ့ အရသာကို ခံစားချင် တဲ့ သူ တွေ အတွက် တော့ တသင်း ကောင်းရှိပါတယ်။ ကယ်လီဖိုးနီးယားက Redwood သစ်တော ထဲကို Railbike လေးနဲ့ လည် ပတ်လို့ ရ နေပါပြီ။ဒီလို လည်ပတ်နိုင်တဲ့ အစီအစဉ် လေးကို လည်း စိတ်ဝင်စား သ ဘော ကျတဲ့ သူ တော်တော် များ ပါတယ်။

ဘာကြောင့် စိတ်ဝင်စားကြလဲ ဆိုရင်တော့ အလည်အပတ် ခရီးစဉ် ပုံရိပ်လေးတွေ ကို ကြည့်ရင် သိနိုင်ပါတယ်။railbi ke တစ်စီးကို လူနှစ်ယောက် လိုက်ပါ စီးနင်းလို့ ရပါတယ်။railbike လေးလဲ စီးရင်း သဘာဝ အလှ တရားတွေကို လည်း စိတ် လွတ် ကိုယ် လွတ် ခံစားလို့ ရ နိုင်ပါတယ်။တော အုပ်ထဲကို ၀င်ရင်းလည်း လှပတဲ့ သစ်သားတံ တား တွေ ၊လှပတဲ့ ရှု ခင်းတွေကို ဖြတ်ကျော် ရင်းနဲ့ လည် ပတ်နိုင်မှာပါ။

“The Redwood တော အုပ် က တော့ အိမ်မက် ဆန်ဆန် နေရာ  မျိုးပါ။Jurassic Park ဇာတ်ကားထဲက  လို မြင်ကွင်းတွေကို ခံစားလို့ရပါတယ်။is a dreamlike place, ,”  လို့  Robert Jason Pinoli ဆိုသူက ပြောပါ တယ်။ Pinoli က တော့ သစ် တော ကိုလည်း အခုလို ညွှန်းခဲ့ပါတယ်။ဒီသစ် တောက redwood( အနီရောင် သစ် ထွက်ရှိတဲ့ အပင်) တွေ သဘာဝ အ လျောက် ပေါက် ရောက်တာ ဖြစ် တဲ့ တစ်ခုတည်း သောေ တာအုပ် လို့ ဆိုပါတယ်။သစ်ပင် တွေ ပေ ရာနဲ့ ချီ ပြီး မြင့် မားပါတယ်။တောအုပ်ထဲ မှာဆိုရင်တော့ လိပ်၊သမင်၊ဗျိုင်း တွေ ကိုပါ တွေ့ နိုင်ပါတယ်။Bike တွေ  စီးနင်းတဲ့ ဈေးနှုန်း က တော့  အ မေရိကန် ဒေါ်လာ (၂၅၀) ပါ။

 

View this post on Instagram

 

One of the many pristine views from aboard the Skunk Train! Great shot from @davinsacto

A post shared by Skunk Train (@skunktrain) on

#SHWEMOM

SHARE