သင်တို့ မသိသေးတဲ့ Spa Bath ရဲ့ အသုံးဝင်ပုံများ

Spa Bath ဆိုတာကတော့ ရေချိုးကန်ထဲမှာ ရေနွေးနွေးလေးနဲ့ စိမ်ပေးတာမျိုး ၊ နှင်းဆီပွင့်ဖက်တွေနဲ့ စိမ်ပေးတာမျိုးကိုဆိုလိုတာပါ။ မြန်မာနိုင်ငံမှာတော့ Spa Bath နဲ့ ရေနွေးစိမ်လေ့မရှိသေးလို့ Spa Bath တွေရဲ့အကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) အိပ်ပျော်စေတယ်

Spa Bath ဆိုတာ ရေနွေးနွေးနဲ့ခန္ဓာကိုယ့်ကို စိမ်ပေးရတာဖြစ်ပါတယ်။ ရေနွေးက လူကို အပန်းပြေစေပြီး အိပ်ပျော်အောင် ကူညီပေးနိုင်ပါတယ်။ ရေနွေးနွေးထဲကို ညောင်းညာနေတဲ့ ခန္ဓာကိုယ်စိမ်ပေးလိုက်ရင် ခန္ဓာကိုယ်အပူချိန်မြင့်သွားပြီး ကြွက်သားတွေကို ဖြေလျှော့စေပါတယ်။ ဒီနည်းက သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားစေနိုင်တယ်။

(၂) အကိုက်အခဲတွေကို ပျောက်စေတယ်

အပေါ်မှာ ရှင်းပြခဲ့သလို ရေနွေးက အညောင်းအညာတွေကို ပြေသွားစေပြီး အပန်းပြေစေပါတယ်။ တစ်နေ့လုံး အလုပ်က ပင်ပန်း ၊ ညောင်းညာလာတာပဲဖြစ်ဖြစ် ၊ လေ့ကျင့်ခန်းလုပ်ရင်း နာလာတာပဲဖြစ်ဖြစ် ရေနွေးလေးနဲ့ စိမ်ပေးလိုက်ရင် ပျောက်သွားမှာပါ။

READ
ပင်စိမ်းပင်ရဲ့ အစွမ်းသတ္တိ(၇)မျိုး

(၃) ၀ိတ်ကျစေတယ်

အ၀လွန်နေတဲ့ လူတစ်ယောက် Spa Bath ကိုပုံမှန်လာရင်း သွေးချိုတွေကျသွားခဲ့တာကိုတောင် လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ Spa Bath ကို တစ်ခါစိမ် မိနစ်(၃၀)နဲ့ တစ်ပတ်ကို (၆)ရက်လောက် လုပ်ပေးပါက တစ်လ (၄) ကျသွားစေနိုင်ပါတယ်။ ၀ိတ်အရမ်းကျသွားတာမျိုးတော့ မဟုတ်ပေမယ့် နည်းနည်းတော့ အကူအညီဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုတွေ လျော့စေတယ်


ရေနွေးစိမ်ပေးတာက သင့်စိတ်ဖိစီးမှုတွေကို လျှော့ကျစေပါတယ်။ စိတ်ဖိစီးမှုတွေ နည်းသွားတာက သင့်အတွက် စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကောင်းစေပါတယ်။ ဒါ့အပြင် စိတ်ပေါ့ပါးသွားစေနိုင်ပါတယ်။

(၅) ကျန်းမာရေးကောင်းစေတယ်

ရေနွေးစိမ်ပေးတာက နှလုံးကို ကောင်းစေနိုင်ပြီး နှလုံးက ကောင်းစွာ အလုပ်လုပ်နိုင်တယ်ဆိုတာကလည်း ကျန်းမာရေးကို အထူးကောင်းစေမယ့် အချက်ပဲဖြစ်ပါတယ်။

Hannwe Soe

SHARE