လိင်ဆက်ဆံပြီးရင် မလိုလားအပ်တဲ့ ရောဂါတွေ မဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက်(၅)ချက်

Freepik/Stocksy

လူအများစုဟာ လိင်ဆက်ဆံပြီးနောက်မှာ အိပ်ရာထဲမှာ ခွေနေပြီး ငြိမ်နေလေ့ရှိကြပါတယ်။ ကြွက်သားတွေကို အသုံးပြုထားတာဖြစ်တဲ့အတွကလည်း ကိုယ်ခန္ဓာဟာ ပင်ပန်းလာပြီး တခဏအတွင်းမှာပဲ အိပ်စက်ခြင်းဆီ ရောက်ကုန်တတ်ကြပါတယ်။ လိင်ဆက်ဆံပြီးနောက်မှာ ဆေးကြောသန့်စင်ခြင်းပြုသင့်တာကတော့ အမှန်ပါ။ ဆေးကြောသန့်စင်ခြင်းမရှိဘဲနဲ့ ဒီအတိုင်း နေထိုင်မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ရောဂါတွေလည်း ဖြစ်လာတတ်တာပါ။ ဒါကြောင့် လိင်ဆက်ဆံပြီးနောက်မှာ မိမိ ကျန်းမာရေး၊ မိမိ အဖော်ရဲ့ ကျန်းမာရေးအတွက်ဘာတွေ လုပ်သင့်သလဲဆိုတာကို ဖော်ပြလိုက်ပါရစေ။

– ဆီးသွားခြင်း

လိင်ဆက်ဆံပြီးချိန်မှာ ဆီးသွားတာဟာ ဆီးလမ်းကြောင်းပိုးကူးစက်ခြင်းကနေ ကာကွယ်ပေးတဲ့ အရာတစ်ခုပါ။ တစ်ခါတစ်ရံမှာတော့ လိင်ဆက်ဆံနေစဉ်နေတုန်းမှာ လိင်အင်္ဂါနဲ့ ဆီးလမ်းကြောင်းတစ်လျှောက် ဘတ်တီရီးယားပိုးမွှားတွေဟာ ကူးစက်တတ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံပြီးချိန်မှာ ဆီးသွားခြင်း အလေ့အကျင့်ဟာ ပိုးမွှားကူးစက်ခြင်းကို ကာကွယ်ပေးမှာပါ။

Freepik/LoneGamer

– ကွန်ဒုံးတွေကို သေချာပြန်စစ်ဆေးပါ

READ
လူတွေ သတိမထားပဲ လုပ်မိတဲ့ ၀ိတ်တက်မြန်စေမယ့် အလေ့အကျင့်များ

လိင်ဆက်ဆံပြီးနောက်မှာ ဝတ်ဆင်ထားတဲ့ ကွန်ဒုံးတွေကို အသေအချာ ပြန်စစ်ဆေးသင့်တာပါ။ အကာအကွယ်နဲ့ လိင်ဆက်ဆံခြင်းဟာ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းသဘောကို ဆောင်တာမို့လို့ ပြီးဆုံးသွားချိန်မှာလည်း ဝတ်ဆင်ထားခဲ့တဲ့ ကွန်ဒုံးကို အသေအချာပြန်စစ်ဆေးသင့်ပါတယ်။

ကွန်ဒုံးစုတ်ပြဲသွားတာ၊ ပေါက်ပြဲသွားတာတွေ ရှိ-မရှိကို အသေအချာစစ်ဆေးသင့်ပါတယ်။ နောက် အသုံးပြုပြီးချိန်မှာ  ကွန်ဒုံးရဲ့ မူလအရောင်ပြောင်းလဲသွားတာမျိုး၊ ကွန်ဒုံးတွေမှာ သွေးစွန်းနေတာကို တွေ့လိုက်ရတာမျိုး ရှိတယ်ဆိုရင်တော့  ကျွန်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။

– ရေသောက်ခြင်း

လိင်ဆက်ဆံပြီးနောက် ဆီးသွားခြင်းဟာလည်း ကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်သလို ရေသောက်ပေးခြင်းကလည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာပါ။ လိင်ဆက်ဆံပြီးနောက် ရေသောက်ခြင်းဟာ ဘတ်တီရီးယားပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

Freepik/Mondite

– လက်ဆေးပါ

လိင်ဆက်ဆံနေစဉ်မှာ မိမိရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကိုင်တွယ်သည်ဖြစ်စေ၊ မိမိအဖော်ရဲ့ အင်္ဂါအစိတ်အပိုင်းများကို ကိုင်တွယ်သည်ဖြစ်စေ လိင်ဆက်ဆံပြီးနောက်မှာတော့ လက်ကို အသေအချာဆေးကြောပေးခြင်းက မလိုလားအပ်တဲ့ ဘတ်တီရီးယားပိုးကူးစက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

– Sex Toy တွေကို သန့်ရှင်းရေးလုပ်ပါ

READ
ဆေးခြောက် နေ့စဉ်သုံးစွဲသူတွေဟာ ဝှေးစေ့ကင်ဆာဖြစ်နိုင်ချေ ပိုများကြောင်း ရှာဖွေတွေ့ရှိ

sex toys တွေကို ပုံမှန်သန့်ရှင်းရေးမပြုရင်တော့ sex toysတွေမှာ ဘတ်တီရီးယားပိုးမွှားများ ကပ်နေတတ်ပြီး ပိုးကောင်တွေကို ထုတ်လွှင့်ပေးရာ ပစ္စည်းတစ်ခုလည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့် sex toys တွေနဲ့ အသုံးပြုထားတယ်၊ အသုံးပြုတော့မယ်ဆိုရင်တော့ သန့်ရှင်းအောင် ပြုလုပ်ထားပြီးမှသာ အသုံးပြုသင့်တာပါတယ်။

 

Ye Yint Kyaw

SHARE