ကန်ရာသီဖွားတွေနဲ့ ချစ်သူမဖြစ်ခင် သိထားသင့်တာလေးများ

နှစ်စဉ်  သြဂုတ်လ (23)ရက်ကနေ စက်တင်ဘာလ (22)အတွင်း မွေးဖွားသူတွေကို ကန်ရာသီဖွားတွေ(Virgo)လို့ ခေါ်ပါတယ်။ ကန်ရာသီဖွားတွေဟာ ရာသီခွင်သဘောသဘာဝအရ စိတ်ဓာတ်တက်ကြွသူတွေ ဖြစ်ပြီး၊ ကူညီတတ်သူတွေ၊ စူးစမ်းစိတ်ရှိသူတွေလည်း ဖြစ်ပါတယ်။ Shwemom ရဲ့ပရိသတ်ကြီးထဲမှာ ကန်ရာသီဖွားတွေနဲ့ ချစ်သူဖြစ်ဖို့ လက်တစ်ကမ်းအကွာကို ရောက်တဲ့ သူတွေရှိရင်လည်း သူတို့ရဲ့ သဘောသဘာဝကို သိထားဖို့ တင်ပြလိုက်ပါတယ်။

(၁) ဆက်ဆက်ထိမခံတွေ ဖြစ်တယ်

ကန်ရာသီဖွားတွေဟာ သူတို့ကို စိတ်ဆိုးအောင်၊ စိတ်ပျက်အောင်လုပ်လာရင် ဆက်ဆက်ထိမခံ တုန့်ပြန်တတ်သူတွေ ဖြစ်ပါတယ်။ အလုပ်ခွင် လုပ်ငန်းခွင် စာသင်ခန်းတွေထဲမှာ သူတို့တစ်တွေဟာ အများရဲ့မျက်မုန်းကြိုးခြင်းကို ခံရတတ်ပြီး၊ အတွင်းစိတ်ကို သိဖို့ အတော်ခက်သူတွေ ဖြစ်ပါတယ်။

(၂) ရှေ့ကနေ မားမားမက်မက် ရပ်တည်တယ်

ကန်ရာသီဖွားတွေဟာ သူတို့ချစ်မြတ်နိုးတဲ့သူတွေအတွက် ရင်ဆိုင်ဖြေရှင်းစရာ ကိစ္စရပ်တွေရှိလာတဲ့အခါ၊ ဘေးအန္တရာယ်တွေ ကြုံလာတဲ့အခါမျိုးတွေမှာ မားမားမက်မက် ရပ်တည်သူတွေ ဖြစ်ပါတယ်။ အရာရာကို အားကိုးရသူတွေပေါ့။

READ
Pisces(မိန်)ရာသီဖွားတွေကို ချစ်မိရင် သိထားသင့်တဲ့ အချက်များ

(၃) အမိန့်ခိုင်းစေရတာကို ကြိုက်နှစ်သက်တယ်

သူတို့ဟာ အမိန့်ပေး ခိုင်းစေရတာကို နှစ်သက်သဘောကျကြပါတယ်။ ဒါက ဘာရယ်တော့ မဟုတ်ပါဘူး။ သူတို့ရဲ့ သဘောသဘောဝကိုက တစ်စုံတစ်ယောက်အပေါ်မှာ သြဇာပေးရတာတို့ကို နှစ်သက်သဘောကျလို့ စိတ်ထဲကမပါလည်း ပြုမူနေမိတာမျိုး ဖြစ်ပါတယ်။

(၄) လူကဲခတ်တော်ကြတယ်

ကန်ရာသီဖွားတွေဟာ လူကဲခတ်ရာမှာ အလွန်တော်ကြပါတယ်။ သူတို့ကို ဟန်ဆောင်ဖုံးကွယ်ဖို့ သိပ်မလွယ်ပါဘူး။ အခြေအနေကို ကြည့်လိုက်တာနဲ့ သူ ဘာဖြစ်နေတယ်၊ ဘာတွေလုပ်ထားတယ်၊ ဘာတွေ ဖုံးကွယ်ထားတယ်ဆိုတာကို အပ်ကျမက်ကျ သိနိုင်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူတစ်ယောက်ကို သေချာရွေးချယ်လေ့ရှိလို့ သင့်အနေနဲ့ စိတ်ရှည်သည်းခံဖို့ လိုပါတယ်။

(၅) အလုပ်ကြိုးစားတယ်

ကန်ရာသီဖွားတွေမှာ အကောင်းဆုံးစိတ်ဓာတ်ကတော့ သူနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ကူညီစရာရှိရင် စိတ်ပါလက်ပါ ကူညီပေးခြင်းဖြစ်ပါတယ်။ အလုပ်ခွင်မှာလည်း မခိုကပ်ဘဲ ကိုယ့်အလုပ်ပြီးတာနဲ့ အခြားသူတွေရဲ့အလုပ်ကို ၀ိုင်းဝန်းကူညီလုပ်ဆောင်တတ်သူတွေ ဖြစ်ပါတယ်။

READ
Sagittarius (ဓနု)ရာသီဖွားတွေကို ချစ်မိရင် သိထားသင့်တဲ့ အချက်များ

နတ်စည်တော် (Shwemom)

sm

SHARE