ညီအစ်မလား ၊ သားအမိလား တစ်ေခါက်တည်း ကြည့်ရုံနဲ့ ခွဲခြားရခက်စေတဲ့ ဓာတ်ပုံများ

annanystrom (Instagram)/maya_ilana (Instagram)

အမျိုးသမီးတွေဟာ ကလေးရလာတဲ့ အခါမှာ ကိုယ့်ကိုကိုယ် ထိန်းသိမ်းပြုပြင်တာန ည်းသွားပါတယ်။ ဆံပင်တွေဖြူလာတာ၊ ပါးရည်တွေ တွန့်လာတာ၊ တဖြည်းဖြည်း ၀လာတာတွေကို သတိပြုမိသူ ရှိရင်တောင် ကိုယ့်ကိုကိုယ် ထိန်းထိန်းသိမ်းသိမ်းနေတာ မရှိတော့သလောက်ပါပဲ။ ဒါပေမယ့် တစ်ချို့မိခင်တွေကတော့ ဘယ်အသက်အရွယ်ပဲ ရောက်နေပါစေ တစ်ကိုယ်ရည် လှပအောင် အနေအထိုင် ပြုပြင်ကြတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ အောက်မှာတော့ သမီးတွေနဲ့ အပြိုင်အဆိုင်လှနေပြီး သမီးတွေကတောင် စံပြအဖြစ် အတုယူရမယ့် သားအမိတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

Anna Nyström and her mother

annanystrom (Instagram)

Anna ဟာဆွီဒင်နိုင်ငံက နာမည်ကျော် ဘလော့ဂါတစ်ဦးဖြစ်ပါတယ်။ အသက်(၂၆)နှစ်ရှိပြီး ကိုယ်ကာယနည်းပြဆရာမတစ်ဦးအနေနဲ့ အလုပ်လုပ်နေပါတယ်။ သူမရဲ့အမေက အသက်(၄၀)တန်းမှာဖြစ်ပြီး နှစ်ယောက်ကြည့်ရတာ တကယ့်ကိုညီအမတွေလိုပါပဲ။

READ
ကမ္ဘာ့အမွှာအများဆုံးရွာ

Amber Le Bon and her mother Yasmin

amberlebonofficial (Instagram)

Amber ဟာအင်္ဂလန်က နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်ပြီး မွေးချင်းမိန်းကလေး(၃)ယောက်ထဲမှာအကြီးဆုံးဖြစ်ပါတယ်။ Amber က အသက်(၂၉)နှစ်ဖြစ်ပြီး သူမမိခင်ကတော့ အသက်(၅၄)နှစ်ဖြစ်ပါတယ်။

Anna Dinoto and her mother Maya Ilana

maya_ilana (Instagram)

ဒီဓာတ်ပုံထဲမှာဆိုရင် Anna ဟာအသက်(၁၄)နှစ်ဖြစ်ပါတယ်။ အသက်(၃၀)ကျော်အရွယ်မိခင်ဖြစ်သူက မိခင်နဲ့မတူပဲ အန်နာရဲ့အမလို့သာထင်ရပါတယ်။

Sonya and Vera Brezhneva

ververa (Instagram)

Sonya ဟာထင်ရှားတဲ့ ရုရှားအဆိုတော်နဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ Vera Brezhneva ရဲ့သမီးတစ်ယောက်ဖြစ်ပါတယ်။ Sonya ဟာမကြာသေးခင်ကမှ အသက်(၁၇)နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး မိခင်ဖြစ်သူကတော့ အသက်(၃၆)နှစ်ပဲရှိပါသေးတယ်။ ဒါပေမယ့် ဓာတ်ပုံထဲမှာတော့ နှစ်ယောက်စလုံးကိုအသက်(၂၅)နှစ်မကျော်သေးတဲ့ အချစ်ဆုံးသူငယ်ချင်းတွေလို့သာထင်ရပါတယ်။

Ava Phillippe and her mother Reese Witherspoon

reesewitherspoon (Instagram)

ဟောလီးဝုဒ်စတားတစ်ဦးဖြစ်တဲ့ အသက်(၄၂)နှစ်အရွယ် Reese Witherspoon ဟာ သူမရဲ့ပထမအိမ်ထောင် Ryan Phillippe နဲ့ Ava အမည်ရှိတဲ့သမီးလေးတစ်ယောက်မွေးခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ မိခင်နဲ့ရုပ်ချင်းဆင်တဲ့ Ava ဟာ ဖက်ရှင် ဒါမှမဟုတ် ရုပ်ရှင်လိုင်းကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် ရွေးချယ်မယ်လို့ ယူဆရပါတယ်။

READ
ဝက်ဝံရုပ်တွေအောက်မှာဖွက်ပြီး လူမှောင်ခိုသွင်းဖို့ကြိုးစားခဲ့တဲ့အမျိုးသမီး

Shaniece Hairston and her mother Evelyn Lozada

shanieceh (Instagram)

အသက်(၂၄)နှစ်အရွယ် Shaniece ဟာဘလော့ဂါနဲ့မော်ဒယ်တစ်ဦးဖြစ်ပြီး Reality show တစ်ခုမှာလည်းပါဝင်သရုပ်ဆောင်နေသူဖြစ်ပါတယ်။ Shaniece ဟာသူမရဲ့မိခင်ဖြစ်တဲ့အသက်(၄၂)အရွယ် Evelyn ရဲ့ခြေရာလိုက်နေသူတစ်ဦးလဲဖြစ်ပြီး Evelyn ဟာ အမေရိကန်တီဗီစတား၊ မော်ဒယ်နဲ့ စာရေးဆရာမတစ်ဦးဖြစ်ပါတယ်။

လင်းလင်း (ShweMom)

 

SHARE