မိန်းကလေးတွေ သတိထားသင့်တဲ့ အများသုံးအိမ်သာတွေထဲက အင်္ကျီချိတ်ပုံစံကင်မရာ

တကယ်လို့အောက်မှာပြထားတဲ့ ကုတ်အင်္ကျီချိတ်တဲ့ချိတ်ကို အများသုံးအိမ်သာ သို့မဟုတ် အ၀တ်လဲခန်းတွေမှာတွေ့ခဲ့တယ်ဆိုရင် ချက်ချင်းထွက်ခွာလာပြီး သက်ဆိုင်ရာကိုအကြောင်းကြားသင့်တယ်လို့ Mirror သတင်းစာမျက်နှာမှာတွေ့ရှိထားပါတယ်။

Image:Amazon

အဆိုပါချိတ်ဟာ သာမန်အင်္ကျီချိတ်ပုံစံနဲ့ဆင်တူပြီး အများသုံးအမျိုးသမီးအိမ်သာထဲမှာ တွေ့ရလေ့ရှိတဲ့အန္တရာယ်ရှိတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။  ချိတ်တွေကို တံခါးအနောက်မှာချိတ်ထားလေ့ရှိပြီး လူတွေကအခန်းထဲရောက်လို့ချိတ်စရာမရှိတဲ့အခါမှာ အဲ့ဒီချိတ်အပေါ်မှာပဲပြီးစလွယ်ပစ္စည်းချိတ်လိုက်လေ့ရှိပါတယ်။ အင်္ကျီချိတ်လိုက်ပေမယ့် ထိုချိတ်လေးရဲ့အပေါ်က အပေါက်လေးကတော့ လွတ်နေပါသေးတယ်။ အဲ့ဒီအပေါက်လေးထဲမှာ ကင်မရာပါဝင်ပြီး အဲ့ဒီကနေ ဗီဒီယိုရိုက်နိုင်ပါတယ်။

 

Image:Amazon

အင်္ကျီချိတ်ထဲမှာကင်မရာသေးသေးလေးကိုထည့်သွင်းမြုပ်နှံထားပြီး ကမ်းခြေကအိမ်သာတွေအပါအ၀င်အမျိုးသမီးသုံးအိမ်သာတွေမှာပါတပ်ဆင်ထားတာမျိုး အရင်က ကြုံခဲ့ဖူးတယ်လို့ Mirror က ဆိုပါတယ်။ Spy ချိတ်လို့ခေါ်တဲ့၎င်းချိတ်တွေက အင်္ဂလန်မှာအလွယ်တကူဝယ်လို့ရနိုင်ပါတယ်။ သာမန်ကြည့်လိုက်ရင် အထွေအထူးမဟုတ်ပေမယ့် အထဲမှာကင်မရာပါပြီး ပလတ်စတစ်ရဲ့ထိပ်မှာ အပေါက်သေးသေးလေးပါပါတယ်။

Image:Amazon

ချိတ်ရဲ့ကင်မရာကနေ လှုပ်ရှားမှုအားလုံးကိုရိုက်ထားနိုင်ပြီး ကွန်ပြူတာထဲမှာ download လုပ်ပြီးပြန်ကြည့်နိုင်ပါတယ်။ Florida ရဲတပ်ဖွဲ့က ရဲမှုးကတော့ အများသုံးအိမ်သာ ၊ အ၀တ်လဲခန်းအသုံးပြုမယ့်သူတိုင်း သေချာစစ်ဆေးဖို့လိုကြောင်းသတိပေးခဲ့ပါတယ်။ ဒါ့အပြင် ၄င်းကင်မရာသေးသေးလေးတွေဟာ နေရာတော်တော်များများမှာရနိုင်ပြီး နေ့စဉ်သုံးပစ္စည်းတွေထဲမှာလည်း တွေ့နိုင်ကြောင်းသတိပေးခဲ့ပါတယ်။

READ
ဆင်းဒွစ် တစ်ခုက အစပြုခဲ့တဲ့ မီးရထားပေါ်က စိတ်လှုပ်ရှားစရာရန်ပွဲ ဗီဒီယို

ရဲစုံထောက်တွေကလည်း အဆိုပါကင်မရာတွေကိုလိုက်လံရှာဖွေနေတယ်လို့ဆိုပါတယ်။ ချိတ်ကင်မရာတွေဟာ ဈေးပေါတဲ့အပြင် ဈေးကွက်မှာအလွယ်တကူရ၀ယ်ယူနိုင်တာကြောင့် အများသုံးအိမ်သာ၊ အ၀တ်လဲခန်းအသုံးပြုတဲ့အခါ အထူးသဖြင့်အမျိုးသမီးတွေအနေနဲ့သတိထားဖို့ လိုအပ်ကြောင်းသိရပါတယ်။

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE