အိမ်ထဲမှာပဲ နေ,နေရတဲ့ ဒီလိုအချိန်မျိုးမှာ စိတ်ရောကိုယ်ပါ ကျန်းမာအောင် ဒီလိုမျိုးနေကြည့်ပါ

pIXABAY-Alexas_Fotos

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့အချိန်မှာ လူတိုင်းနီးပါး အိမ်မှာပဲ နေနေရတာ များပါတယ်။ ဒီလိုမျိုးအိမ်ထဲက အိမ်အပြင်မထွက်ပဲ နေနေရတာကိုတော့ ဘယ်သူမှ အသားကျမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင်နေခဲ့တဲ့တောက်လျှောက်မှာ လူတိုင်းလိုလိုဟာ ဟိုဟိုဒီဒီသွားလာလှုပ်ရှားနေရလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ဒီအချိန်အထိ COVID 19 ရောဂါအတွက် ဖြေဆေးမရှိသေးသလို ဘယ်လိုအချိန်မှ ဒီကပ်ရောဂါကြီး ပြီးဆုံးမယ်ဆိုတာ မသိနိုင်သေးလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်ထဲမှာပဲ နေနေရတဲ့ ဒီလိုအချိန်မျိုးမှာ လူတွေ ဘယ်လိုပုံစံနဲ့ နေထိုင်သင့်သလဲဆိုတာကို ပြောပြချင်ပါတယ်။

အိမ်မှာရှိတဲ့ လူတွေနဲ့ တည့်အောင်နေပါ

Pixabay-Merio

ဒါကတော့ အရေးကြီးဆုံးပါပဲ။ အိမ်မှာ မိသားစုနဲ့ နေနေတဲ့ လူတိုင်း အိမ်က ကိုယ့်ရဲ့ မိသားစုနဲ့ တည့်အောင်နေကြပါ။ အရင်ကလို အိမ်မှာတစ်ခုခုဖြစ်တာနဲ့ လက်ဖက်ရည်ဆိုင်သွားတာတို့၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတာမျိုးတွေ လုပ်လို့မရပါဘူး။ အထူးသဖြင့် လူငယ်တွေပါ။ လူငယ်ဆိုတာကတော့ မိဘတွေနဲ့ တစ်နည်းမဟုတ်တစ်နည်းနဲ့ စကားများလေ့ ရှိပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန်မျိုးမှာ ဘာတွေပဲဖြစ်ဖြစ် အိမ်ကလူတွေနဲ့ အလိုက်အထိုက် အဆင်ပြေအောင် နေကြပါ။ အိမ်ကလွဲပြီး ဒီလိုအချိန်မျိုးမှာ သွားစရာမရှိပါဘူး။

READ
စိတ်ဓာတ် အဆင့်အတန်း နိမ့်ကျတဲ့သူတွေရဲ့ လက္ခဏာ (၅) မျိုး

ကိုယ်နဲ့အချိန်ဖြုန်းပေးနိုင်မယ့် သူငယ်ချင်းတွေကို ရှာဖွေပါ

Pixabay-StockSnap

သူငယ်ချင်းဆိုတာကတော့ လူတိုင်းအတွက် မရှိမဖြစ်ပါပဲ။ အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ ကိုယ်နဲ့ စိတ်တူကိုယ်တူ စကားပြောပြီး အချိန်ကုန်ပေးမယ့် ကိုယ့်ရဲ့ သူငယ်ချင်းအစစ်ကို ရှာဖွေလိုက်ပါ။ တစ်ချိန်တုန်းက ဆိုးတူကောင်းဖက်ရှိခဲ့ပေမယ့် ကိစ္စတစ်ခုခုကြောင့် စကားမပြောတော့တဲ့ သူငယ်ချင်းတွေလဲ ရှိပါလိမ့်မယ်။ အဲဒီသူတွေကိုလည်း စကားသွားပြောပါ။ သူတို့လည်း ဒီလိုအချိန်မှာ ကိုယ့်ကို လိုအပ်သလို ကိုယ်လဲ သူတို့ကို လိုအပ်ပါတယ်။ဒီလိုအချိန်မျိုးမှာ သူငယ်ချင်းများများရှိတာ အကောင်းဆုံးပါပဲ။

လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

Pixabay-StockSnap

ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက လူတိုင်းအတွက် လွယ်တယ်လို့ ထင်ရပေမယ့် တကယ့်လက်တွေ့မှာ ပျင်းပြီး ဘာမှမလုပ်ပဲ နေလေ့ရှိပါတယ်။ အိမ်ထဲမှာပဲ နေနေရတဲ့ ဒီလိုအချိန်မျိုးမှာ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့က အရေးကြီးပါတယ်။ ကိုယ်ခံအားကောင်းအောင် ညဖက်ကိုလည်း စောစောအိပ်ပါ။ မနက်နိုးလာတာနဲ့ အိမ်ထဲမှာ Jumping ခုန်တာပဲဖြစ်ဖြစ်၊ ကြိုးခုန်တာပဲဖြစ်ဖြစ်၊ ဒိုက်ထိုးတာပဲဖြစ်ဖြစ် ချွေးများများထွက်သွားအောင် နာရီဝက်လောက်လုပ်သင့်ပါတယ်။ ဒါမှလည်း တစ်နေကုန်လူက ပေါပါးပြီး နေလို့ထိုင်လို့ ကောင်းနေမှာပဲ ဖြစ်ပါတယ်။

READ
သားသမီးကို ကိုယ်ထိလက်ရောက်ဆုံးမခြင်းဟာ အကျိုးထူးမရှိကြောင်း သိရှိရ

စိတ်ညစ်စရာတွေ မတွေးပါနဲ့

Pixabay-Victoria_Borodinova

အိမ်ထဲမှာပဲ အမြဲနေနေရတဲ့ လူတစ်ယောက်ဟာ အနည်းနဲ့အများ စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန်မျိုးမှာ ကိုယ့်အတွက်စိတ်ညစ်စရာတွေ၊ ခေါင်းရှုပ်စေမယ့်အရာတွေကို တွေးပြီး မနေပါနဲ့။ ဂိမ်းဆော့တာတို့၊ ဇာတ်ကားကြည့်တာတို့၊ စာအုပ်ဖတ်တာတို့၊ Learning တစ်ခုခုလုပ်တာတို့ အစရှိသဖြင့် ကိုယ်ပျော်စေမယ့်အရာတွေ၊ ကိုယ့်အတွက်အကျိုးရှိစေမယ့်အရာတွေပဲ ရွေးလုပ်ပါ။

Pyi Hein Kyaw

SHARE